ဇာတ်သိမ်းပိုင်းအပိုင်း(၄၄)
ယနေ့ စွဲညှို့မြန်မာပြည်ပြန်လာမည်ဟု အဖွားဖြစ်သူအကြောင်းကြားထား၍ ခေတ်နဲ့ ကိုကိုကြီးလေဆိပ်ကိုရောက်နေကြသည် အဖွားကအိမ်မှာစောင့်ပါလို့ ပြောထားသော်ငြားလည်း ခေတ်ကတော့ အရမ်းတွေ့ချင်နေပြီဖြစ်တာကြောင့် လေဆိပ်အထိလာကြိုခြင်းပေ
ယခုဆို လေဆိပ်ရောက်နေတာ နာရီဝက်ပင်ရှိတော့မည် ခနကြာတော့ နေကာမျက်မှန်ကိုဝတ်ဆင်ထားပြီး ဖြောင့်ဆင်းသော ဆံစတို့ကို ဖားလျားချထားကာ crop top အနက်ရောင်အသားကပ်နှင့် black style pantတို့ကို တွဲဝတ်ဆင်ထားပြီး လက်တစ်ဖက်တွင်လည်း Gucci handbag ကို ချိတ်ထားကာ တဖက်က အအေးဘူးကိုကိုင်လျက် ထွက်လာပြီး အဖွားဖြစ်သူဘေးတွင် လိုက်ပါလာသည်
လမ်းလျှောက်လာသည်မှာ အင်မတန်မိမိုက်နေလွန်းပြီး စွဲညှို့ဆိုသည့်အတိုင်း ခေတ်ကိုညှို့ယူနေပြန်သည်
ညှို့ကို မြင်တာနှင့် ကတီပါ ဖိနပ်အမဲလေးစီးထားတဲ့ ခြေထောက်သေးသေးလေးတို့သည် ဆုပ်မိသွားပြီး တံတွေးမျိုချလိုက်ကာ ငေးမော်ကြည့်နေမိသည်စွဲညှို့ကတော့ ခေတ်တို့ကို မြင်သည့်ပုံမပေါ် ရှေ့ကိုဆက်သွားမည်ဟန်ပြုတော့ အဖွားမှ ဆွဲကာ ခေတ်တို့အနားခေါ်လာရသည်
"ခေတ်လေး ရောက်နေတာ ကြာပြီလား.."
"မကြာသေးပါဘူး ဖွားဖွား."
"အေးအေး ဒါဆိုလည်းသွားကြရအောင်ကွယ်.."
"ဟုတ်.."
ခေတ် ပြောလိုက်ပေမယ့် အကြည့်ကတော့ ညှို့ဆီမှာသာ ညှို့ဟာသူ့ကိုကြည့်ရုံပဲ ကြည့်ပြီး တဖက်ကို မျက်နှာလွှဲသွားသည်ကိုတွေ့လိုက်သည်
ခေတ်စိတ်မကောင်းအလွန်ဖြစ်ရပါသည် တကယ်ပဲ သူခေတ်ကိုမေ့သွားခဲ့ပြီလား..
ဝမ်းနည်းမှုကိုမျက်နှာထက်တွင်မမြင်ရခင် အာရြံလွှဲကာ ချက်ချင်း ကားဆီသို့ ခြေလှမ်းသုတ်သုတ်နှင့်ထွက်လာခဲ့သည်
ကားပေါ်တွင်တော့ ကိုကိုကြီးနှင့်ဖွားဖွားကသာ စကားအပြန်လှန်ပြောဆိုနေပြီး စွဲညှို့ကတော့ ဖုန်းကို ကြည့်မြဲသာ ကြည့်နေပေသည်
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...