အပိုင်း(၁၇)
၂၀ ရက်နေ့...
ယနေ့ အက္ခရာအတွက် ပထမဆုံးရင်ခုန်ရတဲ့နေ့ပင်.
စွဲညှို့လည်း တစ်ဦးတည်းသောသူငယ်ချင်းအနားမှာ ရှိနေပြီး မင်္ဂလာကိစ္စ အဆင်ပြေပါစေ ဆုတောင်းပေးမိသည်မဟာရော မင်းခန့်ညားရော စွဲညှို့ကို မြင်တော့အနည်းငယ်အံ့ဩသွားကြပေမယ့် ခေတ်ကတော့ အံ့ဩဟန်မရှိ စွဲညှို့ထင်ပါသည်
ခေတ်က အက္ခရာနဲ့ဆုံဖူးတာကြောင့် ယခုစကားကမ်းလှမ်းရာတွင် စွဲညှို့ ရောက်အောင်လာလိမ့်မည်ဆိုတာကိုသူသိပါသည်
ထိုသည်ထက်ဆိုးသည်က စွဲညှို့ခေတ်ကို သေချာစွာလိုက်ကြည့်နေပါသော်လည်း ခေတ်ကသူ့ကိုတစ်ချက်ကလေးမှတောင်ကြည့်မလာ
စွဲညှို့ခေတ်နဲ့ဆက်သွယ်ဖို့နည်းအမျိုးမျိုးနဲ့ကြိုးစားပေမယ့် ခေတ်ကသူ့ကိုတချက်ကြည့်လိုက်တိုင်း စွဲညှို့ လိပ်ပြာမလုံသလို အကြည့်ပြန်လွှဲကာ မရင်ဆိုင်ရဲဖြစ်ရပြန်သည်..
စွဲညှို့မျက်လုံးအိမ်ထဲတွင်တော့ တောင်းပန်စိတ်အပြည့်နှင့်ဖြစ်နေပေမယ့် သွင်တစ်ခေတ်သည်သူ့ကိုတစက်ကလေးမှကြည့်မလာတာကြောင့် စိတ်မကောင်းဖြစ်မိသည်..အက္ခရာရဲ့ မင်္ဂလာကိစ္စဆွေးနွေးမှုကအနည်းငယ်ကတောက်တဆလေးရှိခဲ့ပေမယ့် နှစ်ဦးသဘောတူချစ်ကြိုက်ကြသည်အတွက်ကြောင့်အဆင်ပြေပြေပြီးသွားခဲ့သည်..
အက္ခရာနဲ့ မင်းခန့်ညားဆုံတွေ့ပုံက ရိုးရှင်းခဲ့ပေမယ့် လက်တွဲဖို့တော့ ခက်ခဲခဲ့သည်
မင်းခန့်ညားက အက္ခရာ အဖေပိုင် ခရီးသွားလုပ်ငန်းတေထဲကမှရန်ကုန်ရုံးချုပ်တွင် ရာထူးကြီးကြီးရထားသူဖြစ်ပြီးအရည်ချင်းရှိသူလည်းဖြစ် ရိုးသားပြီး တည်ကြည်ဖြောင့်မတ်သူဖြစ်တာကြောင့် အက္ခရာနဲ့ လက်ဆက်ဖို့အရေးစဉ်းစားပေးခဲ့တာလည်းဖြစ်သည်
သည်မင်္ဂလာပွဲတွင်တော့ တင်တောင်းငွေသည်အဓိကမဟုတ် သူတို့နှစ်ဦး၏ ချစ်ခြင်းခိုင်မြဲဖို့သာအဓိကဖြစ်ပေသည်
စကားပြောဆိုခြင်းအထမြောက်ခဲ့သလို စေ့စပ်ပွဲရက်ကိုပါ တပါတည်းသတ်မှတ်လိုက်ကြသည်
မင်းခန့်ညား နိုင်ငံခြားခရီးစဉ်တစ်ခုကြောင့် ပြည်ပထွက်ရမည်ဖြစ်တာရယ် အလုပ်ကိစ္စနှင့်စပ်လျဉ်း၍ ရက်ရှည်မည်ဖြစ်တာကြောင့် စေ့စပ်ပွဲရက်ကို အစောဆုံးစီစဥ်ခဲ့ကြသည်
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...