အပိုင်း(၄)စွဲညှို့ အိမ်ဂှေ့ခန်းတွင်ထိုင်နေပြီး တီဗီကြည့်နေသည်...
ထိုစဉ်.
ဒေါက် ဒေါက်
ဒေါက်..ဒေါက်
စွဲညှို့ မှီထိုင်နေရာမှထလာပြီး...တံခါးကိုအသာလေးဖွင့်ကာ အပြင်ကိုချောင်းလိုက်သည်.ထို့နောက်တံခါး တချပ်လုံးဖွင့်လိုက်ကာ"ညဘက်ကြီး ဘာကိစ္စလဲ..."ခေါင်းဦးနဲ့စောင်ကိုပိုက်ကာ ခေါင်းလေးငုံထားသော အုန်းမွှေးလုံးပေါက်စလေးကို ခပ်တည်တည်နဲ့ပဲ မေးလိုက်သည်
"ဟို ဟို...အထဲအရင်ပေးဝင်ပါလားဟင်.."
စွဲညှို့လည်း ဘေးကပ်ကာ ဝင်စေလိုက်သည်..အထဲအရောက်တွင် ဧည့်ခန်းထဲက ခုံထောင့်လေးမှာ ခေါင်းအုံးလေးချပြီး နေရာပြင်နေသော ပေါက်စလေးကြောင့် ကြောင်ေတာင်တောင်ဖြစ်သွားရသည်...
"အဲ့တာ ဘာလုပ်နေတာလဲ..."
"အဖော်လာအိပ်ပေးတာပါ...လိုအပ်တာရှိရင်နှိုးလိုက်ပါနော်."ပြောချင်ရာပြောပြီး ထိုင်ခုံပေါ်ကိုခွေခွေလေးတက်ကာ အိပ်ဖို့လုပ်နေပြန်သည်...
စွဲညှို့ဘာဆက်လုပ်ရမယ်တောင်မသိတော့..."အ့...ဟို အုန်းမွှေးလုံးပေါက်စ..."
"အမ်...ဘာကြီး..."မျက်လုံးမှိတ်ထားရာမှဖွင့်လာပြီးေမးလာသည်
"အုန်းမွှေးလုံးပေါက်စ..."
"ခေတ်ကိုခေါ်တာလား..."ကြောင်တောင်တောင်လေးနှင့်သူမကို သူမ လက်ညှိုးထိုပြလာသည်.
"ဟုတ်တယ်လေ...မင်းကိုခေါ်တာ...ဘာလို့လည်း နာမည်မကြိုက်လို့လား..."
"အင်း...ခေတ်မကြိုက်ဘူး..."
"ဘာလို့လဲ..."
"အုန်းမွှေးလုံးကပေါက်စလေးမကောင်းဘူး အကြီးကြီးမှခေတ်ကြိုက်တာ"
စကားသာပြန်ပြောနေပြီး လှဲနေရာမှမထပါ..စွဲညှို့လည်းသူပြောတာကိုသဘောကျပြီးပြုံးကာ..သူမဘေးကခုံတွင်ဝင်ထိုင်လိုက်သည်...
ထို့အခါ သူမလည်း ထထိုင်လာသည်..."ခေတ်တောင်းပန်ပါတယ်နော် ခေတ်ကြောင့် အခုလိုဖြစ်သွားရတယ်..."သူမလက်က ကျောက်ပတ်တီးကိုကြည့်ကာ မျက်နှာ ရှုံ့မဲ့မဲ့လေးနှင့်ပြောလာတာကြောင့်...
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...