Ep-5

1.9K 123 1
                                    

အပိုင်း(၅)


လွတ်လပ်ရေးနေ့

ယနေ့ဆို စွဲညှို့အိမ်ပြောင်းလာတာ ၄ရက်မြောက်ရှိနေပြီ‌ဖြစ်သည်.. ....
သူမရဲ့ လက်အခြေနေကြောင့်  ပေါက်စတစ်ယောက် ဟိုဘက်အိမ် သည်ဘက်အိမ်ကူးလျက် ကူညီပေးနေရှာသည်...အိမ်မှာလာအိပ်တဲ့နေ့က အိမ်ပေါ်ကဆင်းမယ်ဆိုပြီး နောက်နေ့ကျတော့ ခေါင်းအုံးပိုက်ပြီးအိမ်ပြန်သွားတဲ့ကောင်မလေး  အိမ်မှာ တရက်ပဲ အိပ်သွားခဲ့သည်..
နောက်နေ့တေတော့နေ့ခင်းဘက်တေသူရောက်လာပေးသည်....ယနေ့ လွတ်လပ်ရေးနေ့ဖြစ်တာကြောင့် ပေါက်စကို အိမ်မလာဖို့ ပြောထားလိုက်သည်...သူ့ကြောင့်နဲ့ ပေ‌ျာ်စရာအချိန် လွတ်သွားမည်စိုးသည်..

ဒါတောင် မနက်ပိုင်း သွားကစားပြီး နေ့လယ်ထမင်းစားချိန်ပြန်လာရင်လာခဲ့မည်တဲ့လေ... 

ပေါက်စကတစ်နေ့တခြားပိုပိုချစ်ဖို့ကောင်းလာသည်..
...စွဲညှို့ရဲ့ရင်ထဲပေါက်စသည်နေရာဝင်ယူနေမှန်းမသိ ဝင်ယူနေခဲ့သည်...

စွဲညှို့ဒါတေကိုအများကြီးမစဉ်းစားမိသေး
မန္တလေးက ဖွားဖွားနဲ့ဖေဖေတို့ ဘလိုနေကြသည်မသိ...တွေးပူနေမိသည် ...ပူသည်ကအခြားမဟုတ် သူမအခုလိုရှောင်ထွက်လာတော့ ပြဿနာတေပိုရှုပ်သွားမလား...ပြန်သွားခဲ့ရင် ဘာတေဆက်ဖြစ်လာမလဲ  ဖွားဖွားအကြောင်းကိုစွဲညှို့သိသည်..... စွဲညှို့ဒါတေမစဉ်းစားချင်သေးပါ...လောလောဆယ် မပြန်ခင်၆လကို စွဲညှို့စိတ်လွတ်ကိုယ်လွတ်ပဲနေ‌ေတာ့မည်ဟုဆုံးဖြတ်ထားသည်... သူငယ်ချင်းမလေးလည်း ကိုယ့်ကြောင့် ဒုက္ခမဖြစ်ပါစေနဲ့ပဲ ဆုတောင်း‌ေနရသည်...
အိမ်ပြတင်းပေါက်ကိုငေးရင်း..တွေးနေမိသည်...ထိုစဉ် ခြံထဲကို ကဆုန်ပေါက်ကာ ခြံထဲဝင်လာတဲ့ ပေါက်စကိုလှမ်းတွေ့လိုက်ရသည်...
ပေါက်စကြည့်ရတာတော်တော်ပျော်နေပုံပင်....‌ပေါက်စကိုကြည့်ပြီးစွဲညှို့ပြုံးမိသည်...

လွတ်လပ်လိုက်တာ...ပျော်ရွှင်နေတာပဲ...
စိတ်ထဲကလည်း အားကျစိတ်များနဲ့..ပေါက်စကိုတောက်လျှောက်လိုက်ကြည့်နေမိသည်..
အတွေးတေနှင့်မို့ ပေါက်စအနားရောက်လာသည်ကိုလိုက်ကြည့်နေပြီး သတိလက်လွတ်‌ဖြစ်နေခဲ့သည်...
အနားရောက်ကာမှ သူ့အသံလေးကြားလိုက်မှ အသိစိတ်ကလေးပြန်ကပ်လာသည်
"ရော့..."လက်ကလေးဖြန့်ကာ လက်ထဲမှ အသည်းပုံသကြားလုံးလေးတေကိုပြလာသည်

မေတ္တာ 'လွန်' (Editing)Where stories live. Discover now