Ep-37

1.3K 93 0
                                    

အပိုင်း(၃၇)

    သွင်တစ်ခေတ်စာပြရတာ စိတ်ကျဉ်းကြပ်နေမိသည် ကိုကိုလေးရဲ့အလုပ်စားပွဲတွင် ထိုင်ကာ စာပြနေပြီး ပြတင်းပေါက်ကနေ တဖက်အိမ်ရဲ့ ပြတင်းပေါက်ဆီမှ အကြည့်စူးစူးတို့သည် တန်းခနဲ
ဒီပါ ကတော့ ဘာမှမသိရှာ  ပြုံးလျက်ရှိနေသည် ခေတ်ကတော့ ချွေးသီးချွေးပေါက်တေကျလျက် ရှေ့ကတစ်ရှူးဘူးထဲက တရွက်ပြီးတစ်ရွက်နှိုက်လျက် သုတ်လိုက် တဖက်ကို ငေးလိုက်နှင့်  ရင်ထဲလည်း တလှပ်လှပ်ဖြစ်နေရသည်

စာပြလို့ပြီးတာနှင့်တစ်ပြိုင်နက် ရူပါကားနဲ့ရောက်ရှိလာပြီး မောင်ဖြစ်သူကိုလာခေါ်သည်
"ကဲ ဒီပါရေ နင့်မလည်းနော် ကိုယ့်အိမ်ကိုယ့်ရာကျနေတာပဲ ဒီကို အချိန်တိုင်းကိုလာနေတာပဲ ဦးလေးတို့ကိုအားနာစရာဖြစ်အောင်.."
"မမ ကလည်း .."
"သမီးရူပါရယ် ကလေးကစာတေမလိုက်နိုင်လို့လာမေးတာပဲဟာ  ရပါတယ်"ဦးသွင်မင်းက ပြုံးလျက် ဆိုလိုက်သည် ခေတ်ကတော့နောက်ကနေပြုံးလျက်ထလာပြီး ချွေးသုတ်လျက်
"ကောင်လေး ပြန်တော့မို့လား....ကိုကြီးကို နှုတ်ဆက်သွားဦးလေ"မဟာသူ့ကိုယ်သူလက်ညှိုးညွှန်ပြကာပြောလိုက်သည်
"ခင်ဗျားကြီးကို ကျတော်စကားမပြောဘူး..လာမခေါ်နဲ့"
"ဟော ဘာလဲ ရေခဲမုန့်မကျွေးလို့လား"
".."ဒီပါ မျက်စောင်းထိုးကာ လက်လေးပိုက်လျက် မဟာကရယ်ကာ
"ဒီမှာကောင်လေး နောက်နေ့ကျမှ ကိုယ် မင်းကိုသီးသန့်ဝယ်ကျွေးပါ့မယ်ဟုတ်ပြီလား"
"အဲ့နေ့မှစကားလာပြော..မမပဲ ကောင်းတယ် မမက ကျတော့်ကိုဆို အလိုအရမ်းလိုက်တာ "ခေတ်ဘက်ကို လှည့်ကာ ပြောလိုက်တော့ခေတ်လည်းရယ်ပြလိုက်သည် တဖက်ကလည်း  ပြတင်းပေါက်ဘက် မျက်လုံး ထောင့်ထိုးကြည့်လိုက်တော့ သူ့ကိုကြည့်နေဆဲမို့ ထိုင်ရခက်ထရခက်ဖြစ်နေပြန်သည် တံတွေးလေးတချက်မျိုချလိုက်ပြီး ပြုံးသာပြရသည်

"မမ ဘာဖြစ်လို့လဲ နေမကောင်းဘူးလား"သူ့အနားလာကာ ပြောလိုက်တော့ လက်ကလေးနဲ့ကာ ကာ
"ရတယ် ရတယ် မလာနဲ့...အဆင်ပြေတယ်..."အသက်ရှုသံတေပါပြင်းလာပြီး
"သွား ..သွားနားလိုက်ဦးမယ်..."
"ဟုတ်ကဲ့ မမ "
"ကဲ သားဒီပါ မင်း မမကတော့ ပင်ပန်းလို့ထင်တယ် နားပြီ နောက်နေ့တေလည်း လာခဲ့ဦးကွာ အရင်ကဆိုအိမ်မှာ မင်းမမက ကလေးကွ ခုတော့ မင်းကကလေးဖြစ်သွားပြီပေါ့..ဟဟ"
"ဟုတ်ကဲ့ပါ ဦးလေး ကျတော်လာဦးမှာပါ ဦးလေးတို့မိသားစုနဲ့နေရတာ သိပ်ပျော်ဖို့ကောင်းတယ် "
"ကိုယ်ရှိလို့မလား.."
"ခေါင်းမပါလို့ သိလား..."မဟာကို မျက်လုံးပြူးကာ ပြန်ပြောလိုက်သည် ရူပါလည်း
"ကဲပါ ဒီပါရယ် ငါအချိန်မရဘူး မေမေနင့်ကိုခေါ်ခိုင်းလိုက်တာ ကြာနေပြီ  လာခဲ့ ဦးလေး ပြန်လိုက်ပါဦးမယ် ကိုလေး ပြန်ပြီနော်"
"အေးအေး သမီး"
"မောင့်...နောက်နေ့လာခဲ့နော် မျှော်နေမယ်သိလား.."မဟာရဲ့ရွှန်းနောက်နောက် စကားကြောင့် ဒီပါမျက်လုံးပြူးကာ ပါးစပ်ဟပြီး ပြန်ပြောတော့ဖို့ လက်ညှိုးထိုးကာဟန်အပြင် ရူပါသူ့နားရွက်ကိုအမိရဆွဲလိုက်တာကြောင့် တအအ နဲ့အော်ကာ ပါသွားရသည် ဒါတောင် မရမကပြောသွားလိုက်သေးသည်
"မဟာကြီး ခင်ဗျားနဲ့ကျတော် နောက်နေ့မှတွေ့မယ်"
"အိုခေ စောင့်နေပါ့မယ်"
မဟာကရယ်လျက် လက်ကလေးကိုနဖူးနားကပ်ကာ အလေးပြုဟန်ဖြင့် ပြောလိုက်သည်

မေတ္တာ 'လွန်' (Editing)Where stories live. Discover now