Ep-27

1.2K 87 0
                                    

အပိုင်း(၂၇)

Company ကိုနောက်ကျမှရောက်လာပြီး အစောပြန်တတ်လာတဲ့စွဲညှို့သတင်းတေသည် အဖွားဖြစ်သူထံရောက်သွားရသည်  ချွန်တွန်းလုပ်သူကတော့ဦးထွန်းလွင်ပင်  သူ့ကိုမချေမငံပြောဆိုတည်းကမကျေနပ်ဖြစ်နေခဲ့တာပင် စွဲညှို့ကိုလည်း သူအရှက်ရသလို အရှက်ရစေဖို့ သူ့ရဲ့အားနည်းချက်ကို လိုက်ရှာနေသည်ဆိုလည်းမှန်ပေလိမ့်မည်
ထိုသတင်းကြားတဲ့အခါ အဖွားဖြစ်သူက စွဲညှို့ကိုခေါ်ကာ ဆူတော့သည် ထုံးစံအတိုင်းဗျစ်တောက် ဗျစ်တောက်နှင့်ပေ စွဲညှို့လည်းတစ်ဖက်နားကဝင်ပြီး နောက်တဖက်က ပြန်ထွက်ကာ ပြန်လာခဲ့လိုက်သည်

သို့ပေမယ့် စွဲညှို့ ယခုလိုဆက်နေ၍မဖြစ်ပါ ဒီစည်းစိမ်တေသည်သူမကြာခင်စွန့်လွှတ်ခဲ့မည်ဖြစ်တာကြောင့်  သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့စတည်ခဲ့ဖူးသော လုပ်ငန်းလေးကို ပြန်လည်အသက်သွင်းနေပြီး အောင်မြင်အောင်လုပ်ဖို့ကြိုးစားနေရသည်
ခေတ်ကို ပတ်ဝန်းကျင်တွင်မျက်နှာမငယ်အောင်ထားဖို့အရေးကလည်းရှိသေးသည် 
ပတ်ဝန်းကျင်ဆိုတာမျိုးက ပြောချင်ဆိုချင်နေကြတာ  သူတို့နှစ်ယောက်ယူဖြစ်ခဲ့မယ်ဆိုရင် ပြောကြမည်မှာလည်း မလွဲဧကန်ပါပေ စွဲညှို့ဂရုမစိုက်ပေမယ့် ထိုစကားတေကိုသာ ခေတ်ပြန်ကြားခဲ့ရင် ဝမ်းနည်းနေမှာစိုးသည် ထိုပြောတဲ့ပါးစပ်တေကို ပိုက်ဆံနဲ့ပိတ်ပစ်နိုင်လောက်အောင် ချမ်းသာဖို့လိုသေးသည် ထို့ကြောင့်  စွဲညှို့ အလုပ်နှစ်ခုတစ်ပြိုင်ထဲ လုပ်ရပေလိမ့်မည်
အလုပ်တေရှုပ်နေပြီး သူကိုယ်တိုင်မလုပ်မဖြစ်ဝင်လုပ်ရမည်ဖြစ်တာကြောင့် ခေတ်ဆီကိုတောင်မရောက်ဖြစ်ပါ ခေတ်ကိုဖုန်းဆက်ပြောထားပေမယ့် ခေတ်‌တစ်ယောက် ဒီအချိန်လောက်ဆို နှုတ်ခမ်းလေးဆူကာဆူကာစိတ်ကောက်နေရောပေါ့
စွဲညှို့ဖိုင်တွဲလေးလှန်ရင်းနာရီကြည့်မိကာ သဘောတကျ ရယ်မိပြန်သည်
အတွင်းရေးမှူးမလေးကတော့နားမလည်နိုင်စွာပဲ သူ့ကို ကြည့်လိုက် အလုပ်လုပ်လိုက်နှင့်ပင်
သည်ကြားရက်တေမှာတော့ သူတို့နှစ်ဦး တွေ့ဖြစ်ကြပါသေးသည်
လွမ်းရက်ရှည်တိုင်းပို၍တိုး၍ချစ်နေရသည်ဆိုသလိုပဲ တွေ့လိုက်တာနဲ့မခွဲခွာနိုင်အောင်ပင်ဖြစ်ရသည် သူလည်းစာသင်ချိန်တေမှာအားစိုက်ထားပုံရသည် ရောက်ခါစနဲ့မတူ  ညဘက်တေတောင် ‌စာလေ့လာပုံရသည် ပိန်သွားလိုက်သည်မှာ စွဲညှို့စိတ်‌မကောင်းဖြစ်ရသည်  သူပစ်ထားမိသလိုများဖြစ်သွားလားဆိုပြီး တွေး‌ကာစိတ်ကောင်းဖြစ်ရသည်
ခေတ်ကတော့ပြောရှာပါသည် သူနေတဲ့ရက်တေအတွင်းအကောင်းဆုံးကြိုးစားခဲ့ချင်လို့ပါတဲ့..
တခြားချစ်သူတေလိုလည်း အပြင်တေလျှောက်လည်ဖို့မအားနိုင် နှစ်ယောက်လုံးမအားကြတာကြောင့် လျှောက်လည်တာနှင့်တစ်ဦးနဲ့တစ်ဦး စကားတေအများကြီးမပြောဖြစ်မှာ အကြာကြီးမထွေးပွေ့ရမှာစိုးသည်ကြောင့် ကားပေါ်တွင်နှစ်ဦးသားတွေ့ဆုံရသည်
ခေတ်ကလည်း တပတ်တာ ပင်ပန်းသမျှတေကို စွဲညှို့ရင်ခွင်ထဲဝင်ပြီး ပြန်လည်အားယူသလို စွဲညှို့ကလည်းချစ်ရသူရဲ့နဖူးလေးနမ်းကာထွေးပွေ့ထားလျက်အားယူသည် 
တစ်ဦးနဲ့တစ်ဦးအားဆေးအဖြစ်သတ်မှတ်ထားတာကြောင့် သူတို့အတွက်လွမ်းစရာဆိုတာတွေ့ဆုံတိုင်းရင်ခုန်သံအသစ်အသစ်တေထပ်ထပ်ပေးနေသလိုပင်
တွေ့တာနှင့် စကားပြောရင်း တနေကုန်ကုန်သွားတတ်သေးသည်
ထိုသို့နေလာသည်မှာ နှစ်လကျော်သွားခဲ့ပြီဖြစ်ပြီး သူတို့နှစ်ဦးရဲ့ anniversary Months dayကိုနှစ်ကြိမ်တိုင်ဆင်နွှဲခဲ့ပြီတောင်ဖြစ်သည်

မေတ္တာ 'လွန်' (Editing)Where stories live. Discover now