Ep-3

2K 129 0
                                    

အပိုင်း(၃)

စွဲညှို့ ခြံထဲကသရက်ပင်တေအောက်တွင် လမ်းလျောက်ရင်း ဖုန်းပြောနေခဲ့သည်...
"အင်း ငါအဆင်ပြေပါတယ် နေလို့ထိုင်လို့လည်းကောင်းတယ်..."
"။။။။"
"အင်းပါ ပြန်လာရင် လာလည်ဦးလေ...ဟိုလူ့ကိုမသိစေနဲ့‌နော်..."
"။။"
"ငါသိတယ် ငါ့ကိုလိုက်ရှာနေမယ်ဆိုတာ.."
"။။။"
"အင်းပါ...အစစအရာရာအတွက်ကျေးဇူးပဲ..."
"။။။။"
"ငါနင့်ကိုပြောပြစရာရှိတယ် ...ဟမ်...ဘာတုန်းဟ...

Ph‌ေပြာရင်း သရက်ပင်ပေါ်မော့ကြည့်မိရာ သူ့ရှေ့က သရက်ပင်ခွကြားနားကနေ အကိုင်းတချို့ပေါ်သို့ကူးနေတဲ့သူကိုတွေ့လိုက်ရသည်

"ဘာမှမဟုတ်ဘူး ငါမျောက်တစ်ကောင်တွေ့တယ်ထင်တယ် နောက်မှပြန်ခေါ်လိုက်မယ်..."စွဲညှို့ ခပ်ရဲ့ရဲ့လေးပြုံးကာ ပြောရင်းဖုန်းချလိုက်ပြီး အပင်အောက်နားမ‌‌ေရာက်တရောက်ကနေ. အသံအနည်းငယ်အရှိန်မြှင့်ကာ ‌လှမ်းအော်လိုက်သည်

"ဟေ့ ဘယ်သူလဲ..."

"အမလေး...အားး.."

"အ.....အ."ထိုသူအောက်ပြုတ်ကျလာ‌တာကြောင့် ဘာလုပ်ရမှန်းမသိ  ‌အောက်ကနေဖမ်းဖို့ လက်ကိုပြင်လိုက်သည်...ကွက်တိကျစွာ လက်ပေါ်တင်ရောက်လာပြီး ပြုတ်ကျတဲ့အရှိန်ကြောင့် နောက်လန်လဲကာ ထိုသူကိုဖက်ထားရင်းနဲ့ပဲ ‌မြေပြင်ကိုချော်လဲတော့သည်...

သူမဖက်ထားတဲ့သူကိုကြည့်လိုက်တော့ မျက်လုံးလေးနှစ်ဖက်ကို လက်နဲ့အုပ်ထားကာ ကြောက်တဲ့ပုံ ပေါ်နေတဲ့ကောင်မလေးတစ်ယောက် သေးသေးလုံးလုံးလေးသူမရင်ခွင်ထဲတွင်တည်လျက်
သူမမျက်နှာကိုအုပ်ထားတဲ့လက်ကို ဖယ်လိုက်တော့
တွေ့ပါပြီ မနေ့ကအုန်းမွှေးလုံး ပေါက်စလေး..သူကဘလိုလုပ်ခြံထဲကသစ်ပင်ပေါ်ရောက်နေရတာလဲ..
"‌မျက်လုံးဖွင့်လို့ရပြီ..."

ထိုအခါမှ အသေမှိတ်ထားတဲ့မျက်လုံးလေးအသာပွင့်လာပြီး သူမကိုပြန်ကြည့်လာသည်...

"ဘာဖြစ်သွားသေးလဲ..."သူမစိုးရိမ်စိတ်နဲ့မေးလိုက်ပေမယ့်

"အဟင့်...အဟင့်.."

"ဟေ့ ဘာလို့ငိုတာလဲ...ဘာမှမဖြစ်‌ေတာ့ဘူးလေ"
ပြောကာမှဖြင့် နှုတ်ခမ်းများပါ မဲ့လာပြီး မျက်လုံးအိမ်ထဲက မျက်ရည်ဝိုင်းလေးတေနဲ့  ရွှန်းရွှန်းဝေအောင်ကြည့်လာသည်
စွဲညှို့ ဘာဆက်လုပ်ရမှန်းမသိအောင်ကို သနားသွားသည်...

မေတ္တာ 'လွန်' (Editing)Where stories live. Discover now