အပိုင်း(၁)
"ကိုကိုရေ မပြီးသေးဘူးလား ခေတ် ဗိုက်ဆာနေပြီ..."
"မစောင့်နိုင်ရင်ကိုယ်တိုင်လာချက်ချေ...."
"အဟင့် ကိုကိုကလည်း တခါတလေ လုပ်ခိုင်းတာကိုငြိုညင်နေလိုက်တာ..."
"လာပါပြီ မယ်မင်းကြီးမရယ်.....ရော့.. ရော့.ဒီမှာ.. လက်နောက်ဆုတ်ထား...ပူသေးတယ်.."
ရှေ့တွင်ချပေးလာပေါ် အငွေ့တထောင်းထောင်းနှင့် ဟင်းတခွက်အား နှစ်ထောင်းအားရစွာကြည့်ရင်း မွှေးပျံ့ပျံ့ဟင်းနံ့ကို အားရပါးရရှုရှိုက်ကာ သွားအစုံဖြီးရင်း
"ဝါးးး.. မွှေးနေရောပဲ....ကျေးဇူးအားကြီးတင်တယ် ဟီးဟီး..."
မင်းမဟာ ညီမဖြစ်သူကို မျက်မှောင်ကျုံ့ပြရင်း ဘေးခုံဆွဲကာဝင်ထိုင်လိုက်ရင်း
"လိုချင်တာရရင်ရုပ်က..."
"အဟီးဟီး"
ထိုစဉ်... အိမ်ထဲဝင်လာတဲ့ မင်းခန့်ညား လက်ထဲက ပစ္စည်းများကိုခပ်သွက်သွက်ချကာ ညီနဲ့ညီမကြားထဲ ဝင်တိုးရင်း
"ခေတ်လေး ကိုကို့ကို တလုပ်လောက်ခွံ့စမ်းပါ..."
ပြောရင်း ပါးစပ်ပါဟပေးလာသည်...သွင်တခေတ်လည်းဇွန်းလေးကိုင်ကာ ခွံ့ဖို့အလုပ် လက်ကို လှမ်းဆွဲတာခံလိုက်ရ၍ လေထဲတန့်သွားရသည်။
"မရဘူး ..ခေတ်လေး မကျွေးနဲ့..."
"ဟာ...မဟာ မင်းအကျင့်ပုတ်လိုက်တာကွာ.."
"ပုတ်ပုတ်ပဲ....ငါညီမလေးဖို့ပဲချက်ထားတာ..မင်းဖို့မပါဘူး..."
မင်းခန့်ညားနှင့် မင်းမဟာမှာ အသက်အားဖြင့် နှစ်အနည်းငယ်သာ ကွာတာကြောင့် တခါတရံ စိတ်မလိုလျှင်ရွယ်တူလိုသုံးနှုံးနေတတ်ခြင်းပေ ။
"ငါလည်း မင်းအကိုလေ...."
"ကျတော့်မှာ အကိုမရှိဘူး..."
မနေ့ညက ညီကိုနှစ်ယောက်သား ဘောပွဲလောင်းကြရာ အကိုဖြစ်သူအားရှုံးထား၍ မကြည်သဖြင့် ထိုသို့ပြောခြင်းပေ။"ဟာ အာ့လိုလား ရတယ်လေ အာ့ဆို ငါဝယ်လာတဲ့မုန့်တေက ညီမလေးအတွက်ကြီးပဲဖြစ်သွားတာပေါ့..."
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...