...မား သားကို ဟိုအရုပ်လေးဝယ်ပေးပါလား...
...သားသားကလိုချင်လို့လား...
...လိုချင်လို့ပေါ့မားရဲ့...
ကစားကွင်း ရဲ့ဆိုင်တစ်နေရာမှာ မိသားစု၃ယောက်စားသောက်နေကြရင်း သားသား လက်ညိုးထိုးတဲ့ဆိုင်ကိုကြည့်မိလိုက်သည်
...ခင် သားလေးကို သွားဝယ်ပေးလိုက်နော်
ကို ဒီမှာရှင်းပြိး လိုက်လာခဲ့မယ်......ဟုတ်ကဲ့ပါအကို သားသားလာ မားသွားဝယ်ပေးမယ်...
အရုပ်ဆိုင်တွင်တော့
...ဟဲ့ ဒီကလေးက ဘယ်သူ့ကလေးလဲ မိဘတေမပါဘူးလား ဒီမှာရပ်နေတာ ကြာနေပြီ...
ကျမတို့သားမိအရုပ်ဆိုင်လဲရောက်တော့ ဆိုင်ပိုင်ရှင်ပြောစကားကြောင့် ကျမကောသားပါ ထိုကလေးကိုကြည့်လိုက်သည်
ထိုကလေးသည် အရုပ်ကိုကြည့်လိုက် အပြင်ကလမ်းသွားလမ်းလာလူအများကို ကြည့်လိုက်နှင့် မျက်ရည် လေးတွေတောင်ဝဲနေသည်
...မား သူအရုပ်လိုချင်လို့လားမသိဘူး...
...ဟုတ်တယ် သား ပြိးတော့ မိဘတေနဲ့ကွဲလာလားမသိဘူး မားတို့သွားမေးကြရအောင်...
...သားလေး ဘယ်သူနဲ့လာတာလဲ သားသားမိဘတေကော...
...သိဝူး သားကို ထားဝါးပီ...ဟိးဟိးး ဗြဲ...
(ကလေးက ငိုနေတာပါနော်😁)ထိုအချိန်တွင် မိန်းမကြိးတစ်ယောက် ထိုကလေးလက်ကိုလာဆွဲကာ
...သားသား ဘာရပ်လုပ်နေတာလဲ ပြန်မယ်လေ...
...ဟုတ်ဝူး သိဝူး...
ကြည့်ရတာထိုမိန်းမကို ကလေးသိပုံမပေါ် ဒါကြောင့် အတင်းဇွတ်ငြင်းကာ ငိုနေပြန်သည်
...ဒီက အမက ကလေးရဲ့အမေလား...
...ဟုတ်ပါတယ် ခနပျောက်သွားလို့လိုက်ရှာနေတာ ခုမှပဲတွေ့တော့တယ်...
...ဟုတ်ဝူး သားသားမာမီ ဟုတ်ဝူး...
...ဘာဖြစ်နေကြတာလဲ ခင်...
...အကို ဒီက ကလေးက အမေတေနဲ့လူကွဲလာပုံပဲ...
...မဟုတ်ပါဘူး ညီမရဲ့ အမက သားသားရဲ့အမေပါ...