မောင်ပျော်ရဲ့လား အပိုင်း(37)
လူကိုဂရုမစိုက်လို ပြောဆိုပြိး အိပ်ယာပေါ်တက်အိပ်နေတဲ့အကို့ကိုကြည့်ပြိး ဒေါသထွက်လာသည် ဒီလိုအချိုးမျိုးမောင့်ကိုလုပ်လို့ရမယ်ထင်နေလို့လားအကို
...အကို ထ ရေသွားချိုး...
...မချိုးတော့ဘူး အိပ်တော့မယ်...
...စိတ်ကောက်နေတာလား မောင်ချော့မှာပေါ့ လာ ထ...
...မင်း လူစကားနားလည်လား...
...ဟမ်...
...မင်းကိုငါမချိုးဘူးလို့ပြောတာ မင်းလူလိုနားလည်ဘူးလား...
အကို့ဆီက ပြောထွက်လာတဲ့စကားကြောင့် ပိုပြိး အံသြကာဒေါသထွက်ရပြန်သည်
...မောင်ချော့နေတာကို ရောက်မတက်လာနဲ့နော်အကို...
...ဘာကိုချော့လဲ ဘာဖြစ်လို့ချော့လဲ ဘယ်သူကစိတ်ဆိုးနေလို့လဲ...
...တောင်းပန်ပါတယ်အကို ညနေကစကားအတွက်ကြောင့် ကန်တော့ပြိးတောင်းပန်ဆိုလဲ မောင်ကန်တော့ပါ့မယ် မောင့်ကိုခုလိုမျိုးတော့မဆက်ဆံပါနဲ့နော်...
...ခုလိုမျိုး ဆက်ဆံတာမကြိုက်ရင် ငါအိပ်ချင်လို့ မင်းအပေါက်ကို ခနလောက် ပိတ်ထားပေး...
ပြောပိးပြန်အိပ်နေတဲ့အကို့ကို ဘယ်ကနေ ပြန်ချော့ရမလဲ ကျနော်မသိတော့ အခုတော့ စကားလေးတစ်ခွန်းနဲ့ ဒီလောက်တောင် ကျနော်အပေါ် ပြောင်းလဲစရာလိုလို့လား
...အကို ထ...
...ဘာဖြစ်နေတာလဲ ဂျောင်ကု...
...ရေမချိုးရင် ဒီမှာမအိပ်နဲ့...
ဒီမှာမအိပ်နဲ့ တဲ့ ရတာပဲ ဘာမှပြန်မပြောပဲ ဆောင်နဲ့ခေါင်းအုံးယူကာ အောက်ထပ်မှာအိပ်ဖို့ ဆုံးဖြတ်လိုက်သည်
...ဘယ်သွားမို့လဲ...
...မင်းပဲ ဒီမှာမအိပ်နဲ့ဆို ...
...တကယ်ပဲမောင်နဲ့မအိပ်ဘူးပေါ့...
...ဟ ...ဘာလဲ မင်းပဲမအိပ်နဲ့လို့ပြောတာမဟုတ်လား ...
ဂျီလဲ ထထွက်လာဖို့လုပ်တော့ အနောက်ကနေလာဖက်ထားပြိး မောင်သည် ငိုနေပြီ