မောင်ပျော်ရဲ့လား အပိုင်း(23)
ကျောင်းပိတ်ရက်မို့ ဂျောင်ကု တစ်ယောက်အိပ်လိုက်တာ ၁၀ နာရီ ထိုးမှ နိုးလာသည်
ရေမိုးချိုး လိုက်ပြိး အကို့အခန်းကို တက်လာလိုက်သည်
ဒီအချိန်ဆို အကိုနိုးဥိးမှာမဟုတ်အခန်းရှေ့ရောက်တော့ အထဲမှာ စကားသံကြားလိုက်ရသည် ဘာလဲ ထယ်က ငါ့ထက်အစောရောက်နေပါလား ထယ်က
ခုနောက်ပိုင်း အကို့အခန်းပိုဝင်လာသည် ဒါကြောင့် အောင့်ထားရတွေလဲ အတော်များနေပြီ...အကို မထသေးဘူးလား...
...ထမယ်...
...ပါးစပ်ကပဲ ထနေတာ လူကမထပဲနဲ့ အချိန်လဲ
ကြည့်ဥိး......ဟာ နားညိးလိုက်တာကွာ...
...ထတော့နော် ယောင်းနိုးရင်မထပဲနေရဖူးလို့လား...
အခုမှ ဂျီညီလေး အစစ်ပြန်ရသလို အရင်ကဆိုရှောင်နေပြိး အခုဆိုပုံမှန်လေးပြန်ဖြစ်လာလို့ ဂျီဝမ်းသာရပါသည်
...မထသေးဘူးလား...
...မထဘူး...
...တွေ့ကြပီပေါ့...
ယောင်းသည်ပြောရင်းရဲ့ ဆောင်တွေနဲ့လုံးထွေးနေတဲ့ ဂျီအပေါ်တက်ဖိကာ
ခါးတွေ ကလိလိုက်ထိုးနေတော့သည်...မထဘူးဟုတ်...
ဂျောင်ကုလဲ ကြားရတဲ့အသံတွေကို
ဂျယ်လီနင်နေပြိး အခန်းထဲဝင်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်
ဒေါသထွက်လာသည် ကြည့်ပါဥိး အကို့ပေါ်တက်ခွထား တာ...ဘာဖြစ်နေကြတာလဲ အဲ့ဒါ...
...မောင်...
...ထယ် အဲ့ဒါ မင်းဘာလုပ်တာလဲ...
...ငါ့အကို ကို ငါခေါ်နိုးတာလေ...
...မင်းနိုးပုံက ဘိုက်ကြိးတတ်ရင် ကြိးတာကြာပေါ့...
...မောင် ဘယ်လိုပြောလိုက်တာလဲ...
...မင်း မိုက်ရိုင်းလိုက်တာ...
...ငါကအပြောပဲ မိုက်ရိုင်းတာ နေပုံထိုင်ပုံ မမိုက်ရိုင်းဘူး...
...ဘယ်လိုတောင်ပြောလိုက်တာလဲ မောင်...
...အကို့ကိုမပြောဘူး သူ့ကိုပြောတာ သူကအကို့ကိုပေါ်မရိုးသားဘူးဆိုတာမောင်သိနေတယ်လေ...