မောင်ပျော်ရဲ့လား အပိုင်း(11)
...ဒေါက်..ဒေါက်...ဒေါက်...
...ဆော့ အဂျွန်း တံခါးဖွင့်ဥိး...
...ဟင် ဂျီမင်း အစောကြိးနိုးလာတာလား...
...ဟုတ်တယ် ငါပြန်တော့မလို့...
...ဟမ်...
...နိုးလိုက် ဟိုနှစ်ယောက်ပါ...
အဂျွန်းတစ်ယောက် ခေါင်းကုတ်ကာပြန်ဝင်သွားပြိးကျန်တဲ့နှစ်ယောက်ကိုနိုးလိုက်သည်
ဂျီမင်းလဲအခန်းပြန်လာပြိး အဝတ်တွေပြန်ကောက်ကာ အိတ်ထဲထည့်နေလိုက်သည်
ဒါကို နိုးလာတဲ့ယောင်းကတွေ့ပြိး...အကို ဘယ်သွားမို့လဲ...
...ပြန်တော့မလို့...
...ယောင်းကကော...
မျက်နှာငယ်လေးနဲ့ ကြည့်လာပြိးမေးလာတဲ့
ယောင်းကိုသနားပေမဲ့ စိတ်ထဲ သိပ့်မယုံချင်တော့...မင်းကနေခဲ့ဖို့လား...
...ယောင်းကိုစိတ်မဆိုးပါနဲ့ ယောင်းပြောခဲ့တဲ့စကားတွေ ယောင်းပြန်ရုပ်သိမ်းပါတယ် အရင်လို ပြန်နေရအောင်နော်...
...ဘယ်လိုစိတ်မျိုးနဲ့အရင်လိုပြန်နေရမှာလဲ...
...အကိုမကြိုက်ရင် ယောင်းနောက်မပြောတော့ပါဘူး...
...ဘယ်လိုပဲဖြစ်ဖြစ် မင်းပြောပြိးပြီလေ မင်းငါ့အပေါ် မရိုးသားတာ ငါသိနေပြီလေ ငါဘယ်လိုဆက်နေရမလဲ အစကတည်းက မင်းမတွေးမိဘူးလား...
ပြောနေတုန်း ထိုအချိန်တွင် ဂျောင်ကုရောက်ချလာသည် ဒီကိစ္စကို ဂျောင်ကုသိလို့မဖြစ် သူအထင်လွဲသွားမှာ ဂျီစိုးရိမ်နေမိသည်
...အကို ပြန်တော့မလို့ဆို...
...ဟုတ်တယ်ဂျောင်ကု အကိုမပျော်တော့လို့...
...အော...
...ဒါနဲ့ အဆင်သင့်ဖြစ်ပြီလား...
...ဟုတ် ကားပေါ်မှာ စောင့်နေကြပြီ...
...အေးအေး ခုလာခဲ့မယ်... ယောင်း ပြန်ကြမယ်...
...ဟုတ်...
ဂျီတို့ညီကိုချင်းဖြစ်တဲ့ကိစ ဘယ်သူ့မှမသိစေချင်ပါ ဒါကြောင့် ပုံမှန်လေးပဲ နေဖို့စဥ်းစားလိုက်သည်
ဒီလိုနဲ့ ဂျီတို့အိမ်ကိုပြန်လာခဲ့ကြသည်