မောင်ပျော်ရဲ့လား အပိုင်း(34)
ဒီနေ့လဲ အကိုအစောကြိးပြန်လာမယ်လို့ထင်ပါသည် ဒါကြောင့် လူနာတွေ စစ်ပြိးတာနဲ့ အိမ်ကိုသာ ပြန်လာဖို့ စိတ်ကလောနေခဲ့သည်
📲📲📲📲
...ဟယ်လို အကိုရုံးဆင်းပြီလား ဘယ်အချိန်ပြန်လာမလဲ...
...ခုပဲပြန်နေပြီ...
...ဘယ်သူ့ကားနဲ့လဲ ကုမ္ပဏီက ကားနဲ့ပဲလား...
...မဟုတ်ဘူး ယောင်းနဲ့ပါ...
...အစ်ကိုဘယ်သွားမလို့လဲ...
... ဘယ်မှမသွားပါဘူးယောင်းကအိမ်လိုက်လည်မလို့တဲ့ အဲ့ဒါကြောင့်ယောင်းနဲ့ပဲအတူပြန်လာလိုက်ပြီ...
...ဒါဆိုမောင်လာမကြိုတော့ဘူးနော်...
... အင်း...မကြိုနဲ့တော့....
...အိုကေ အိုကေ ဒါဆိုအိမ်ရောက်ရင်တွေ့ကြမယ်နော် ...
...ဟုတ်ပြီ ဟုတ်ပြီ ...
ဖုန်းပြောပြိး ကားမောင်းထွက်လာတော့ ဆေးရုံ ဝမှာ ရပ်စောင့်နေတဲ့ဟန်နာ
ဟင် ဟိုမှာ ဟန်နာ ကားစောင့်နေပြန်တာလား
ငါလိုက်ပို့ပေးရင်ကောင်းမလား ရှိပါစေတော့လေ...ဟန်နာ ကျနော်လိုက်မပို့တော့ဘူးနော်...
...ဟုတ် ရပါတယ်...
ခါတိုင်းပို့ပေးနေကျမို့ မပို့ပေးရတော့အားနာမိသည် ဒါပေမဲ့ အက်ို့ကိုလဲဂရုစိုက်ရဥိးမယ်မဟုတ်လားယဒါကြောင့်ဟန်နာကိုနူတ်ဆက်ကာအိမ်ကိုပဲမောင်းလာလိုက်သည်
........................
ဒီနေ့တော့မောင်အစောကြိးပြန်လာပြီလေ
နောက်ဆိုဂျီလဲ ဘယ်လောက်အလုပ်များများ အချိန်မှန်တော့ပြန်လာဖို့ဆုံးဖြတ်လိုက်သည်...အကို ယောင်းတို့အေးဆေးမတွေ့ရတာတောင် အတော်ကြာနေပြီနော်...
...အင်း ယောင်းရော ကုမ္ပဏီမှာအဆင်ပြေရဲ့လား...
... ပြေပါတယ်ဒါပေမဲ့အစ်ကိုတို့ကုမ္ပဏီလောက်တော့ မတိုးတက်သေးဘူးလေ...
... နောက်တော့ အဆင်ပြေသွားမှာပါ
ကဲပါ ဒီမှာလာ ဘာသောက်ချင်တယ်ဘာစားချင်လဲပြော အစ်ကိုစီစဉ်ပေးမယ် ...