မောင်ပျော်ရဲ့လား အပိုင်း(40)
တစ်ညလုံးအိပ်မပျော်လို့ ဂျော်နီဆီဖုန်း
ဆက်ပြိး ဆေးလိပ်တောင်ထပ်မှာရသည်
မဆိုးဘူး လူတွေကဘာကြောင့် ဆေးလိပ်သောက်ကြတာလဲ ဂျီမသိပေမဲ့ ဂျီကတော့မောင့်အကြောင်းတွေးမိပြိး တစ်လိပ်ပြိးတစ်လိပ်သောက်မိနေသည်
ထိုအချိန်တွင်ပြန်လာသောဂျော်နီ...မင်းဘယ်မှာသွားအိပ်တာလဲ...
...ကျနော်မအိပ်ရသေးဘူး သူငယ်ချင်းတွေနဲ့သောက်စားပြိးပြန်လာတာ...
...မနက်၅နာရီအထိလေ...
...ဟုတ်တယ် ကျနော်တို့ကလပ်ကနေပြန်ပြိး သူငယ်ချင်း အခန်းမှာ ထပ်သောက်ခဲ့ကြတာ...
...အော မင်းကအရက်ဂျိုးထင်တယ်...
...မဟုတ်ပါဘူးဗျာ ကျနော်အိပ်ငိုက်နေပီ
ဒီမှာပဲအိပ်တော့မယ်နော်......ဟာ မဟုတ်တာ ဒီမှာလာအိပ် ကိုပဲဆိုဖာပေါ်အိပ်လိုက်မယ်...
...အဂျီ.....အဂျီက သူဌေးသားလေး
ကောင်းကောင်းမွန်မွန်နဲ့နေလာရတဲ့လူ
ကျနော်က အဂျီကိုဒီထက်ကောင်းကောင်းမွန်မွန်ထားချင်တယ် ဒါပေမဲ့ကျနော်အနေထားနဲ့ဘယ်လိုမှ မဖြစ်နိုင်ဘူး...ဂျီလဲအရှေ့ကပြောနေတဲ့ဂျော်နီကိုကြည့်ကာ
မူးနေလို့လားမသိပါဘူး ပြောလာတဲ့စကားတွေနားထောင်ရတာ သိပ်ဘဝင်မကျ...ဒါဆိုလဲအဲ့မှာပဲ အိပ်တော့...
...ကျနော်ကို ကြောက်နေတာလား...
...ငါကဘာလို့ကြောက်ရမလဲ...
...ကျနော်မမူးပါဘူး အေးဆေးအိပ်ပါ
ကျနော်လဲအိပ်တော့မယ်...ပြောပိးသိပ်မကြာလိုက် ဆိုဖာပေါ်အိပ်ပျော်သွားလေသည်
...................
ဂျောင်ကုသည်နိုးလာတော့အရင်လိုဘေးမှာ
အကိုမရှိနေ
အခါတိုင်းလို အနမ်းပေးပြိးနိုးမဲ့အကိုမရှိတော့ရင်ထဲမှာဟာတာတာ
အကိုတကယ်ပဲနေနိုင်သွားပြီလား ဒီအတိုင်းဆိုမောင်တစ်ယောက်ထဲနေလို့မတတ်ဘူးအကို
ကြာရင် မောင့်ကိုယ်မောင် သတ်သေမိလိမ့်မယ် ဒါပေမဲ့ မောင်အဲ့မိန်းမနဲ့ဘာမှမဖြစ်ခဲ့တဲ့အကြောင်းလဲ အကို့ကိုသိစေချင်သေးတယ် အကိုရယ်