မောင်ပျော်ရဲ့လား အပိုင်း(8)
ဒီနေ့ ညနေ အိမ်က ကားလာမကြိုတော့ လမ်းလျှောက်ပြန်လာခဲ့ကြသည် အိမ်နဲ့ကျောင်းကသိပ်မဝေးလို့တော်သေးသည်
...ယောင်း ငါညောင်းနေပြီ...
...ရော့ ဂျောင်ကု အိတ်တွေ ယူသွားပေး...
လှမ်းပေးလာတဲ့ အိတ်တွေယူရင်း သူတို့နှစ်ယောက်ကို ကြည့်နေမိသည် တစ်ယောက်ကမရိုးသားဘူး တစ်ယောက်ကကော သိသိကြိးနဲ့ သာယာနေတာလားပြောမတတ်
ထယ်ပြောပြပုံအရဆိုရင်တော့ သူတို့ညီကိုအရင်းမဟုတ်ဘူးဆိုတာ သူတို့နှစ်ယောက်လုံးလဲသိနေကြတာပဲ ဒါဆို ခုလိုနေနေကြတာကကော ရိုးသားကြရဲ့လား
ခုချိန်ထိနှစ်ယောက်လုံး ရိးစားမထားပဲ
လာကြိုက်သမျှ အကုန်ငြင်းနေတာကကော
ဒါကြောင့်ပဲလား စဥ်းစားရင်း အကို့ကို သတိရသွားသည်
လွန်ခဲ့တဲ့ ၂လနီပါးလောက်ကပေါ့(နောက်ကြောင်းတစ်ပိုင်းပြန်ပေးမယ်
လည်နေတဲ့လူတွေ များနေတော့ )အဲ့နေ့ကပေါ့
...မာမီရေ.... အော ဥိးလေးရောက်နေတာလား...
...ဟုတ်တယ် မင်းအကို ရွာပြန်သွားတယ်လေ အဲ့ဒါကြောင့် သိချင်လို့ ဥိးလေးလာခဲ့တာ...
...ဘယ်တုန်းကပြန်သွားတာလဲ...
...ဒီမနက်ပဲတဲ့ ကျောင်းသွားတာအကောင်းကြိး စောစောကမှ ဖုန်းထိုးခဲ့တာ ရွာရောက်နေပြီတဲ့...
...ဟုတ်လား အကိုက အဲ့လို ကျနော်ကိုမပြောပဲ တစ်ခါမှ မပြန်ဖူးပါဘူး...
...အဲ့ဒါကြောင့် ငါတူကိုလာမေးတာပေါ့...
...မာမီ ကျနော် အကိုနောက် တစ်ချက်လိုက်သွားမယ်နော်...
...လိုက်သွားလေ သား...
...ဟုတ်...
...
အိမ်ရှေ့ရောက်တော့
တံခါးကပွင့်လျှက်
အကိုက ဘာအကြောင်းကြောင့်ပြန်လာရသလဲ
စဥ်းစားရင်းဝင်လာတော့ အိမ်ရှေ့
ဧည့်ခန်းသေးသေးလေးမှာ အရက်ပုလင်းတွေနဲ့ မှောက်နေတဲ့အကို
ပါးစပ်ကလဲ တစ်ခုခုပြောရင်း ငိုကြွေးနေသည်...ပူတူး ရယ် ရက်စက်လိုက်တာ ကိုဘာတွေလုပ်မိလို့ဒီလောက်တောင် ကို့အပေါ် ခါးသီးနေရတာလဲကွာ...