မောင်ပျော်ရဲ့လား အပိုင်း(38)
ဒီနေ့အကို့မွေးနေ့မို့ ဘာလုပ်ပေးရင်ကောင်းမလဲ
ဆိုပြိး ခေါင်းချင်းဆိုင်ကာတိုင်ပင်နေသော အတွဲတစ်တွဲ...လူကြိးကလဲ အဲ့လိုလုပ်ရင်ရိပ်မိသွားမှာပေါ့...
...ဒီလိုလုပ်လေ ကိုနဲ့စိတ်ဆိုးလို့ ခနသွားရှောင်မလို့ပြောပေါ့ ကိုကသူ့က်ို အလုပ်ပိးချိန်ထိ အချိန်ဆွဲထားလိုက်မယ် ဘယ်လိုလဲ...
...အင်း ဒါဆိုလဲ လုပ်ကြည့်မယ်လေ...
........................
ဂျီမင်းမှာတော့ ကို့မွေးနေ့ကို ကိုယ်မေ့ဟန်ဆောင်ထားတော့ နေရခက်နေပြီ
ခုလဲလူကကုမ္ပဏီမှာရှိနေပေမဲ့စိတ်ကမောင့်ဆီရောက်ရောက်နေသည်
မောင် ငါ့မွေးနေ့မှာတော့ဟိုတစ်ခါလို
မလုပ်ဘူးလို့ထင်ပါသည်ဘာလို့လဲဆိုတော့
ဟိုတစ်ညကငိုပြိးမောင်ကတိပေးထားခဲ့တယ်မဟုတ်လား
မောင်က ဂျီကိုချစ်ပါတယ် ဒါပေမဲ့ ဟိုမိန်းမကသာ မောင့်ကိုကလေးနဲ့ မျှားပြိးခေါ်နေတာ
ဒါကိုမောင်ကလဲ အားနာတတ်လွန်းတယ်
မဖြစ်ဘူး ဂျီ မောင့်ကို ကလေးတစ်ယောက်လောက်မွေးပေးမှ ရတော့မည်အတွေးကောင်းနေတုန်းမှာဖုန်းသံကြောင့် ကြည့်လိုက်တော့ ယောင်းဖုန်းနံပတ်လေး
📲📲📲📲...ဟယ်လို ယောင်း ပြောလေ...
...အကို ယောင်းလေ လူကြိးနဲ့စိတ်ဆိုးထားလို့
အဲ့ဒါ အကိုအိမ်မှာ ခနသွားပုန်းချင်လို့......ဟာ အဲ့လိုရှောင်ပုန်းလို့ ပြိးသွားမလား
တစ်ယောက်နဲ့တစ်ယောက်နားလည်အောင်သေချာပြောကြလေ......အကိုကလဲ အကိုအိမ်ကိုမလာစေချင်လို့လား...
...မဟုတ်ပါဘူး အဲ့လိုသဘောမျိုးပြောတာမဟုတ်ပါဘူး...
...ယောင်းစိတ်ညစ်နေလို့ပါ...
...အင်း အဲ့ဒါဆိုလဲ ကုမဏီ မှာ သော့လာယူ...
...ဟုတ်...
တကယ်တော့ ဂျောင်ဟိုဆော့ နဲ့ထယ်ယောင်းနှစ်ယောက်ပေါင်းပြိးလိမ်ကြချင်းဖြစ်ပါသည်
ယောင်းတစ်ယောက် အိမ်သော့ရတာနဲ့ လူကြိးနဲ့အတူ အကိုရဲ့မွေးနေ့အတွက် အိမ်ထဲမှာ အလှဆင်ဖို့ ပစ္စည်းတွေထွက်ဝယ် စားစရာသောက်စရာနှင့် အလှဆင်ဖို့ ပစည်းတွေ ပါဝယ်ခဲ့ပြိး နှစ်ယောက်သားအလုပ်ရှုပ်နေကြတော့သည်