အပိုင်း(၁၂)
ခေတ်တစ်ယောက် ထိုင်ခုံတွင်တစ်ယောက်ထဲထိုင်စောင့်ရင်း
ခနအကြာမှာတော့...စွဲညှို့တစ်ယောက် bubble tea နှစ်ခွက်ကိုင်ပြီးပြန်ရောက်လာသည်..ထီးလည်း မဆောင်းပဲထွက်သွားတာကြောင့် ချွေးစများနှင့်အနည်းငယ်မောနေဟန်ရှိသည်.."မမညှို့ ဘယ်ထိတောင်သွားဝယ်တာလဲ...ကြည့်ပါဦး ချွေးတေကြီးပဲ ထီးလည်းမယူသွားဘူး.."
"ရော့...ခေတ်သောက်ချင်တာလေး.."ခေတ်ပြောတာကိုဂရုမစိုက်ပဲ သူ့ကို အအေးဘူးကမ်းပေးလာသည်ကို ယူလိုက်ကာ စွဲညှို့ လက်ကိုပါဆွဲပြီး ထိုင်ခုံတွင် ထိုင်စေကာ....အအေးဘူးဘေးချပြီး အိတ်ထဲကတစ်ရှူးယူကာ ဖြည်းဖြည်းချင်းသုတ်ပေးလိုက်သည်...
နဖူးပြင်တို့ကို ထိတွေ့လိုက်တဲ့အချိန်မှာပဲ...ခေတ် ခန္ဓာကိုယ်တစ်ခုလုံး ကျင်တက်လာသလိုပင်...သူမကို နွေးထွေးတဲ့အကြည့်နဲ့ကြည့်နေတယ်လို့ခံစားနေရသည်...
ခေတ် နဖူးကိုသုတ်ပေးရင်းကနေ နထင်နား ရောက်သွားချိန်တွင် စွဲညှို့နှင့်မျက်လုံးချင်းဆုံသွားပြီး...ခေတ်ရင်ခုန်သံတေမြန်၍မြန်၍လာနေသည်...
*အဲ့လိုမကြည့်ပါနဲ့ မကြည့်ပါနဲ့...*ခေတ်စိတ်ထဲကနေ ပြောနေမိပြီး တံတွေးမျိုချလိုက်မိသည်....နွေးထွေးပြီး ကြင်နာမှုအပြည့်နဲ့ စူးရှတောက်ပပြီးဆွဲဆောင်မှုအပြည့်နဲ့ သည်မျက်ဝန်းတေကို ခေတ်ရှောင်လွှဲဖို့ခက်ခဲလွန်းနေရသည်
ကြည့်နေရင်း ခေတ်ရဲ့ဖြူနုနု မျက်နှာလေး နီမြန်းလာသည်....စွဲညှို့လည်း ပြုံးလိုက်ကာ...သူ့ရဲ့ လက်နှစ်ဖက်ကို ခေတ်ပါးနှစ်ဖက်ဆီကပ်လိုက်ကာ အသာယာဆွဲညှစ်လိုက်ပြီး...
"ပါးတေနီနေပြန်ပြီပေါက်စ...ဒီတစ်ခေါက်ရော မမညှို့ပါးကိုဆွဲညှစ်လို့လား..."
တည်ငြိမ်ပြတ်သားလှတဲ့လေသံလေးဖြင့်ပြောလာသည်
ခေတ်လည်း ရှက်ကိုးရှက်ကန်းဖြစ်ကာ...
"ဟို..ဟို...နေ..နေပျင်းလို့..နေအရမ်းပူတာပဲ...သိတယ်မလား...အာ့ကြောင့်လေ..မျက်လုံးတေတောင်ပူနေရောပဲ..."မျက်လုံးတေပါ ပုတ်ခတ်ပုတ်ခတ် လုပ်လာတာကြောင့် စွဲညှို့ရယ်လျက်ပဲ ခေတ်ရဲ့ပါးကိုဆွဲညှစ်လိုက်ပြန်သည်..
ထိုအခါခေတ်လည်း
"အ့..မမညှို့ဒီတခါတော့ မမညှို့ဆွဲညှစ်လို့ နီတော့မှာ သိလား..."ပြောလျက် နှုတ်ခမ်းလေးဆူကာ ပြောလာတာကြောင့်...
YOU ARE READING
မေတ္တာ 'လွန်' (Editing)
Teen Fiction'ချစ်ခြင်းမေတ္တာဆိုသည်မှာ ၁၅၀၀အချစ်သာ မဟုတ် ၅၂၈အချစ်လည်း ဖြစ်၏။ ၅၂၈ချစ်ခြင်းနှင့် ၁၅၀၀ ချစ်ခြင်းတို့ အားပြိုင်ကြတဲ့အခါ မေတ္တာ လွန်ဆွဲခြင်း ဖြစ်ပေါ်လာ၏။ တခါတရံ ရွေးချယ်သူတို့အဖို့ အလွန်ခက်ခဲလှသဖြင့် ကြိုးဆွဲသူတို့အပေါ်၌သာ မူတည်လာတတ်၏ သင့်အနေနဲ့တစ်စု...