<< Unicode >>
Waiting For Love~~
"မင်းကို အိမ်ထဲဝင်ခိုင်းလို့လား ပတ်ခ်ဂျောင်၀ူး! "
သူ့အော်သံကို ဂရုမစိုက်ပဲ ခပ်တည်တည်နဲ့ ထိုင်နေသော ဂျောင်၀ူး။
"ခုချက်ချင်း ငါ့အိမ်ထဲကထွက်သွား!"
အိမ်ထဲဝင်ချင်သလိုဝင်လာပြီး လူကို ဂရုမစိုက်တာကြောင့် ဂျီဆောင်းတစ်ယောက်လည်ပင်ရိုးတွေထောင်မတ်တဲ့အထိ
ဒေါသထွက်ကာမခံမရပ်နိုင်ဖြစ်နေရသည်။"ကျစ် ပတ်ခ်ဂျီဆောင်း ငါမင်းထက်အသက် ကြီးတယ်နော် 1နှစ်2နှစ်ကြီးတာမဟုတ်ဘူး နည်းနည်းပါးပါး
ယဉ်ကျေးစမ်း! ""မင်းဖြစ်နေလို့ကို မယဉ်ကျေးနိုင်တာ"
"မားမား ကမင်းကို အရမ်းတွေ့ချင်နေတယ် ကနေဒါကပြန်ရောက်လာတာတောင် မားမားကို လာမတွေ့ဘူး ..ယိုရှီတောင် သူ့မိဘကို ရောက်ရောက်ချင်း လာတွေ့တာ "
"ငါက ယိုရှီ မဟုတ်ဘူး ငါ့ကို တစ်ခြားသူနဲ့လာမနှိုင်းစမ်းနဲ့ "
"မင်း ဘယ်အချိန်ထိဆိုးသွမ်းနေမှာလဲ?
အိမ်မှာမနေချင်လည်းရတယ် ဒါမဲ့ မားမားတို့ကို တော့ တစ်ပတ်တစ်ခါ လာတွေ့သင့်တယ်ထင်တာပဲ မင်းကိုအရမ်းချစ်တဲ့ မားမားဘက်ကို တွေးကြည့်ပေးစမ်းပါ"" ငါမားမားကို ပြောခဲ့ပြီးသား လူတစ်ယောက်ကို စက်ရုပ်တစ်ယောက်လိုထိန်းချုပ်နေတဲ့အိမ်ကို ငါခြေတစ်လှမ်းတောင်မချဘူးလို့ "
"မင်း အဖိုးကိုမုန်းတယ်ဆိုတာ ငါသိတယ် ဒါမဲ့အဖိုးက မင်းတို့ကို လိမ္မာ ထက်မြတ်စေချင်လို့ "
" တော်စမ်းပါ ပတ်ခ်ဂျောင်၀ူးရာ မင်းပဲအဖိုးရဲ့စကားကို နားထောင်ပြီး အလိမ္မာဆုံးမြေးဘွဲ့ကိုခံယူ ငါကတော့ sorryပဲ သောက်ရေးမပါတာတွေလာမပြောနဲ့ "
"ပတ်ခ်ဂျီဆောင်း! "
"PJW Companyက CEOကြီးက အားယားနေတယ်ထင်တယ်နော်"
"...."
"အားယားနေလည်း အိမ်ပြန်အိပ်နေ ငါ့ကို အာရုံလာမစားနဲ့"
" မင်းအဲ့လိုပြောလို့ကို ငါက အာရုံစားအုံးမှာ "
ခုနက ဟိတ်နဲ့ဟန်နဲ့ ပတ်ခ်ဂျောင်၀ူးဟာ တစ်ခုခုကို မွှေတော့မည့်ပုံ ။ဒီလူ ဘယ်တော့မှကို မရင့်ကျက်ဘူး!
