<< UNicode >>
Waiting For Love ~~
" မင်း ကိုယ့်ကို မမှတ်မိဘူးလား? "
ချန်းလော့ ဒီလူ့ကို မြင်ဖူးသလိုလို ရှိပေမယ့် စဉ်းစားလို့မရဖြစ်နေတယ်
" ဟင့်အင်း မမှတ်မိဘူး "
ထိုအခါ ချွဲမင်ဟာက မဲ့ပြုံးပြုံးပြီး ချန်းလော့လက်ကို အားနဲ့တစ်ဖန်စောင့်ဆွဲရင်းသူ့နား နီးကပ်စေသည်။
အခုဆို သူ့ရင်ဘက်နဲ့ချန်းလော့ ရင်ဘက်က ထိဆက်လုနီးပါး ။ချွဲမင်ဟာရဲ့လက်တွေဟာ ချန်းလော့ခါးထက် တင်းကြပ်လျှက်။ချန်းလော့ က အတင်းရုန်းနေပေမယ့် ချွဲမင်ဟာ ရဲ့အားကို မတွန်းလှန်နိုင်ပေ ။" မင်ဟာ ကိုယ့်နာမည်က ချွဲမင်ဟာ မှတ်ထားပေးမယ်မလား? "
"...."
" နှုတ်ဆက်ပြီးပြီဆိုတော့ နမ်းလို့ရပြီလား ?"
"ဟင်? "
ချွဲမင်ဟာရဲ့နှုတ်ခမ်းတွေက တဖြည်းဖြည်း ချန်းလော့မျက်နှာနှင့်နီးကပ်လာသည်။
ဒါကို မြင်တဲ့ဂျီဆောင်းက ၀င်ပါဖို့ အဆင့်သင့် ။ခုံက နေ မက်တပ်ထရပ်လိုက်တဲ့ဂျီဆောင်းကို ယိုရှီနဲ့ ဂျယ်မင်းက အံသြသွားရသည် ။
ပတ်ခ်ဂျီဆောင်းဆိုသည်မှာ သူနဲ့မဆိုင်တဲ့ကိစ္စဆို ၀င်မပါတက်သူဖြစ်သည်။
ဒါပထမဦးဆုံးဖြစ်သည်။
ယိုရှီနဲ့ဂျယ်မင်း မသိလိုက်တာက ဒါက ဒုတိယအကြိမ်ဝင်ပါမိခြင်းကိုပဲ။ခွပ် !
လက်ထဲက ချန်းလော့ဟာ ဆွဲထုတ်ခြင်းခံလိုက်ရပြီး အရှိန်ပြင်းပြင်း လက်သီး တစ်ချက်ကြောင့် ပစ်စလက်ခက်လဲသွားသည့် မင်ဟာ ။ထိုမြင်ကွင်းက ဂျီဆောင်းရဲ့ခြေလှမ်းတွေကို ရပ်တန့်သွားစေသည်။
ချန်းလော့ နှုတ်ခမ်းပါးက အံ့သြပြီးထွက်ကြလာတဲ့အမည်နာမတစ်ခုက" အီဂျဲနို "
" စီနီယာ တစ်ယောက်က ဘာလို့ ဂျူနီယာတစ်ယောက်ကို နှောက်ယှက် နေရတာလဲ? ပြီးတော့ ယောင်္ကျားလေးတစ်ယောက်ကို ဘာလို့ အခုလိုပြုမူရတာလဲ ကျွန်တော့် သူငယ်ချင်းကို ထပ်မနှောက်ယှက်နဲ့ လာသွားမယ် ချန်းလော့ "

YOU ARE READING
Waiting For Love (Completed)
Hayran Kurgu18နှစ်တာ စောင့်ဆိုင်းခဲ့ခြင်းရဲ့အဆုံးသတ်က?