6

442 54 21
                                        

<< UNicode >>

Waiting For Love

ညအချိန် မြူခိုးတွေဝေနေတဲ့ ကားလမ်းမလေးပေါ်မှာ ကားနက်လေးတစ်စီး က ဖြေးဖြေး လေးမောင်းနင်နေသည်။ မြူခိုးတွေဝေနေတာကြောင့် ကားမီးရောင် ဖျော့ဖျော့ လေးကိုသာ မြင်တွေ့နိုင်သည်။

" ယိုရှီ ကားကိုမြန်မြန်မောင်းပေးလို့ မရဘူးလား အိမ်မှာ ငါ့တူလေး တစ်ယောက်ထဲ "

ဟျောင်းကလည်း ဂျောင်၀ူး ရဲ့ ပါတနာအဖြစ် ညစာစားပွဲ လိုက်သွားရတာကြောင့် အိမ်ပြန်နောက်ကျမည်ဖြစ်ကြောင်း ဒိုယောင်းတို့ကိုအကြောင်းကြားထားသည်။ဤနေ့က ဒိုယောင်းမွေးနေ့ဖြစ်တာကြောင့် မိဘမဲ့ဂေဟာ မှာ အလှူဒါန်းလုပ်ရန် ကျောင်းခွင့် ယူပြီး လာခဲ့သည်။

သူမိဘမဲ့ဂေဟာရောက်ပြီး တစ်နာရီအကြာလောက်မှာ ယိုရှီရောက်လာခြင်းဖြစ်သည်။ အစကတော့ တိုက်ဆိုင်တာလားတွေးမိပေမယ့် ယိုရှီ ပြောပြလို့
သူ့နောက်ကို ရည်ရွယ်ချက်ရှိရှိ လိုက်လာတာဖြစ်ကြောင်းသိရသည် ။

ချန်းလော့ကလည်း ကျောင်းတစ်ဖက်နဲ့ ဟျောင်းကျတော့လည်း အလုပ်တစ်ဖက်နဲ့ဖြစ်တာကြောင့် ဒိုယောင်းမွေးနေ့ပွဲ အထူးတလည် မလုပ်တော့ဘူးဟုတွေးကာအလှူဒါန်းပြုရန် ဆုံးဖြတ်ခဲ့တာဖြစ်သည်။ သို့ပေမယ့် ယိုရှီက သူ့မွေးနေ့မှာ အဖော်ပြုပေးတာကြောင့် ပိုပျော်ရွှင်သွားတယ်ဆို တာ သေချာပါသည်။ မိဘမဲ့ဂေဟာ မှာ နေရာအနှံ့ လိုက်ကြည့်ချင်တယ်ဆိုတဲ့ ယိုရှီကြောင့် ခုတော့ ဒိုယောင်းတို့ အိမ်အပြန်လမ်းလေးဟာ ညမှောင်အတိဖြစ်နေသည်။

" ဆရာကလည်း အမြန်မောင်းရင် အန္တာရယ်ရှိတယ်လေ ဒီလိုလမ်းတွေဆိုတာ သတိထားမောင်းရတယ် "

ဒိုယောင်းက ကိုယ့်အပူနဲ့ကိုယ်မို့ ယိုရှီနဲ့စကား လုပြောမနေတော့ ။ခဏကြာတော့ ယိုရှီက စကားစလာသည်။

" ဆရာ "

"ဟင် ပြော! "

"ကျွန်တော်စဥ်းစားနေတာ "

ပြောမယ့်အရေး အိုက်တင်ခံနေသော ယိုရှီကြောင့် ဒိုယောင်း စိတ်မရှည်တော့ ​ပြောရင်ဆက်နားထောင်မယ် မပြောရင် နားမထောင်တော့ဘူးဟု တွေးကာ တိတ်ဆိတ် နေလိုက်သည် ။

Waiting For Love (Completed)Where stories live. Discover now