<< UNicode >>
Waiting For Love~~
" ဟင်? ဂျောင်၀ူး"
"အော်ဟော် ခုနပဲ မောင်ဆို အခုဘယ်လိုဂျောင်၀ူးဖြစ်ရပြန်တာတုံး ဂျွန်ရဲ့ "
ဂျွန်ဂယူက ပိတ်စဖြူအုပ်ထားတဲ့ ခန္ဓာကိုယ်နား ငိုယိုနေရင်းက အခန်းတံခါးဘက်ကြည့်မိသည့်အခါ ဂျောင်၀ူးက ခန္ဓာကိုယ်ကို အခန်းပေါက်၀အားမှီရင်း သူ့အားကြည့်နေလေရဲ့
"ဂျောင်၀ူး မင်းဘာမှမဖြစ်ဘူးလား? "
ဂျွန်ဂယူဟာ တအံတသြ ပြောသည် ။
ထိုအခါ ဂျောင်၀ူးက သက်ပြင်းတစ်ချက်ချကာ ကြမ်းပြင်ပေါ် ပုံရက်လေးထိုင်နေတဲ့ ဂျွန်ဂယူအား ထစေလို့ လက်ကနေဆွဲ၍ ခေါ်သည်။" ခဏ ဒီပိတ်စဖြူအုပ်ထားတဲ့သူက "
ဂျွန်ဂယူက မျက်ရည်ရွဲလဲနှင့် ရှိုက်သံလေးဖြင့်မေးသည် ။
" ဘယ်သူမှမဟုတ်ဘူး အရုပ်ကြီး "
ဂျောင်၀ူးက ပြောပြီးတာနဲ့ ဂျွန်ဂယူအား ဆွဲခေါ်ကာ အပြင်သို့ခေါ်သွားသည်။ဂျွန်ဂယူဟာလည်း ဂျောင်၀ူးဆုပ်ကိုင်ထားတဲ့သူ့လက်လေးကို စိုက်ကြည့်ရင်း ခေါ်ဆောင်ရာသို့ တိတ်တိတ်လေးလိုက်လာခဲ့တော့သည်။
တစ်နေရာအရောက် ဂျောင်၀ူးရဲ့ခြေလှမ်းတွေဟာ ရပ်တန့်သွားသည် ။ပြီးတော့ ဂျွန်ဂ
ယူ့အား တစ်ကိုယ်လုံးကို မျက်လုံးဝေ့ကြည့်ပြီး ဆက်ခနဲ့ပွေ့ချီလိုက်သည် ။ရုတ်တရက်ဆန်စွာ ပွေ့ခံလိုက်ရတာမို့ ဂျွန်ဂယူက အလန့် တကြား ဂျောင်၀ူးရဲ့ လည်ကုတ်လေးအား ဖက်တွယ်မိသည်။ ဂျောင်၀ူးက သူ့လက်မောင်းတွေကြားကနေ ကြောင်တောင်တောင်လေးဖြစ်နေတဲ့ ဂျွန်ဂ
ယူအား"ဖိနပ်လည်းမပါဘူး မောင့်ကို တော်တော်စိတ်ပူသွားတယ်ထင်တယ်နော် "
"....."
ထို့နောက် အခန်းတစ်ခန်းထဲ၀င်ကာ ကုတင်ထက် ချပေးသည် ။ထိုသည့်တိုင် ဂျွန်ဂယူဟာ ကြောင်တောင်တောင်လေးသာ။ ဂျောင်၀ူးက ထပ်မံသက်ပြင်းတစ်ချက်ချကာ ပြောသည်။
"မောင့်ကို အပြစ်မတင်တော့ဘူးလား? ဘာလို့ လိမ်ညာတာလည်းလို့ရော မမေးဘူးလား? "

YOU ARE READING
Waiting For Love (Completed)
Hayran Kurgu18နှစ်တာ စောင့်ဆိုင်းခဲ့ခြင်းရဲ့အဆုံးသတ်က?