zawgyi
Day - 1.
အခန်းတံခါးကိုရှေ့မှဦးဆောင်၍ ဖွင့်လိုက်သည်က ကျောင်းသား၏မိခင်ဖြစ်သည် ။ ပထမဆုံးအကြိမ်ကိုယ့်ရဲ့နောက်ဆုံးကျောင်းသားကိုမြင်တွေ့ရတော့မည်ဖြစ်၍ ဂျွန်အနည်းငယ်စိတ်လှုပ်ရှားနေမိပါသည် ။ ကနဦးတုန်းကလည်း ဓာတ်ပုံအချို့မြင်ဖူးထားပေမယ့် လူချင်းတွေ့တာနှင့်တော့မတူဘူးမဟုတ်လား ။
အခန်းထဲကိုဝင်သွားပြီဖြစ်သော သူမ၏နောက်ကဖြေးညှင်းစွာပင် ဂျွန်လိုက်လာခဲ့လိုက်၏ ။
"သားလေး"
ကြမ်းပြင်ပေါ်တွင်ပြန့်ကျဲနေသော စက္ကူငှက်ရုပ်လေးတွေ .. ပြီးတော့ လှေရုပ်လေးတွေ ။ ထိုစက္ကူရုပ်လေးတွေ၏ ကြားတွင် ဂျွန်တို့ဖက်ကိုကျောပေးကာ ထိုင်နေသောကောင်လေးက ဂျွန့်ထက်အသက်ကြီးသည်ကိုတော့သိထားရသည် ။ တီရှပ်အင်္ကျီ အနီရောင်လေးနှင့် ဒူးလောက်ရှိသောဂျင်းဘောင်းဘီတိုလေးကိုဝတ်ဆင်ထားပြီး အညိုရောင်ဆံပင်လေးတွေက ခပ်အုပ်အုပ်လေး .. ။
သူ၏မိခင်ကခေါ်လိုက်ပါသော်လည်း သူကလှည့်ကြည့်မလာ ။ ထိုအတိုင်းငြိမ်ငြိမ်လေးသာ ။
"ဆရာ့ဆီမှာအန်တီ့သားလေးကိုအပ်ပါတယ်"
"ဟုတ်ကဲ့ပါအန်တီ"
သူမကိုအရိုအသေပေးပြီးသည့်နောက် သူမက အခန်းတံခါးကို ပိတ်၍ထွက်သွားခဲ့သည် ။ အခန်းထဲတွင် ဂျွန်နဲ့ထိုကောင်လေးသာ ကျန်ခဲ့ပြီး ဂျွန်ကတိတ်ဆိတ်စွာပင်ထိုကောင်လေး၏ကျောပြင်ကိုကြည့်နေမိ၏ ။ အတန်ကြာသွားမှ ..
"စက္ကူတွေချည်းခေါက်နေပါရောလား .. ဆရာလေး ဂင်ထယ်ဟျောင်း .."
မိဘများဆီမှသိထားရသောနာမည်ကိုခေါ်လိုက်ပေမယ့် အကြောင်းထူးလာခြင်းအလျဉ်းမရှိ ။ ထို့နှင့် ဂျွန်သည် ထို ထယ်ဟျောင်း ဟူသောကျောင်းသားအနားကိုလျှောက်သွားလိုက်သည် ။
