8

3.2K 401 4
                                        

zawgyi

Day - 42

ထယ်​​ဟျောင်း၏အ​ခြေအ​နေကနှစ်​လ​တောင်​မရှိ​သေးဘဲ အများကြီး​ပြောင်းလဲလာပြီဖြစ်​သည်​ ။ ထို့အတွက်​ထယ်​​ဟျောင်း၏ မိဘ​တွေကလည်းဂျွန့်​ကို​ကျေးဇူးတင်​၍မဆုံးကြ ။

အခုဆိုထယ်​​ဟျောင်းကအရင်​လိုအခန်းတွင်းဘဲ​အောင်း​နေတာမဟုတ်​​တော့သလို ဘယ်​သူနဲ့ဖြစ်​ဖြစ်​နှုတ်​ဆိတ်​၍ ငြိမ်​သက်​​နေတတ်​သူမဟုတ်​​တော့​ချေ ။ ပြုံးသည်​ ။ ရယ်​သည်​ ။ သူ​ပြောချင်​တဲ့အ​ကြောင်းအရာ​လေး​တွေကိုလည်း ​ပြောပြသည်​ ။ သူစားချင်​တာ ၊ သူကြားချင်​တာ ၊ သူလုပ်​ချင်​တာ​တွေ အကုန်​လုံးကိုလည်း​ပြောပြသည်​ ။ သို့​ပေမယ့်​ ဂျီကျ​နေတတ်​သူ​လေး​တော့လည်း ​​မဟုတ်​​ချေ ။

"​​ရေချိုးပြီးရင်​ ​​ဆေး​သောက်​ပြီးအိပ်​​နော်​"

ဂျွန်​​ပြောလိုက်​တာဖြစ်​သည်​ ။

ထယ်​​ဟျောင်းဤကဲ့သို့ဖြစ်​ပြီးကတည်းက ထယ်​​ဟျောင်း​ကို​ရေချိုးသန့်​ရှင်း​ရေးလုပ်​​ပေးသည်​က ထယ်​​ဟျောင်း၏မိခင်​ဖြစ်​သည်​ ။ ဘယ်​​လောက်​ပဲအရွယ်​​ရောက်​​နေပြီဖြစ်​​သော အမျိုးသားတစ်​​ယောက်​၏ခန္ဓာကိုယ်​ဟုဆိုပါ​စေဦး ။ မိခင်​အတွက်​​တော့ သားသမီးဆိုတာအမြဲတမ်း လမ်း​မ​လျှောက်​တတ်​​သေး​သော က​လေး​လေးလို့ပဲမြင်​ရတာပါပဲ ။ အခုလို ကလေးတစ်​​ယောက်​ရဲ့အသိဥာဏ်​နှင့်​သူ​လေးဆို​တော့ ပို​တောင်​ဆိုးပါ​သေးသည်​ ။ တစ်​လ​လောက်​အထိသူမပဲလုပ်​​ပေးခဲ့တာဖြစ်​ပြီး ဂျွန်​​ရှိလာ​တော့ ထိုတာဝန်​ကိုဂျွန်​ကလွှဲ​ပြောင်းယူခဲ့တာ ။ ထယ်​​ဟျောင်း၏မိခင်​က​တောင်းဆိုလို့လည်းမဟုတ်​ပါ ။ ဂျွန်​ကသာကိုယ့်​ဘာသာကိုယ်တာဝန်​ယူခဲ့တာ ။

စစချင်းတုန်းက​တော့ကိုယ့်​ထက်​​တောင်​အသက်​ကြီးသည့်​အမျိုးသားတစ်​​ယောက်​ရဲ့ခန္ဓာကိုယ်​ဖြစ်​၍ ရှိုးတို့ရှန်းတမ်းဖြစ်​ခဲ့​ပေမယ့်​ ​နေ့ရက်​​တွေကုန်​လွန်​လာ​တော့ ဂျွန့်​အတွက်​ ထိုအလုပ်​က​လေးဟာပုံမှန်​သာဖြစ်​လာသည်​ ။

အခုလည်း bath tub ထဲကထယ်​​ဟျောင်းကို ဆပ်​ပြာနှင့်​​သေချာတိုက်​​ပေးပြီး ​ရေချိုး​ပေး​နေရင်း​ပြော​နေတာဖြစ်​၏ ။

BEAUTIFUL | KV[COMPLETED]Where stories live. Discover now