10

3.1K 413 9
                                    

zawgyi

"သူ့လက်​ထဲကဖုန်းကမျက်​မမြင်​​တွေသုံးတဲ့ဖုန်းဆို ​ဈေးပိုကြီးတယ်​​နော်​ ငါတို့​တော့ပွတာပဲဟ"

လက်​ထဲကဖုန်း​လေးကိုသာကျစ်​ကျစ်​ပါ​အောင်​ ဆုပ်​ထားမိ​တော့သည့်​ထယ်​​ဟျောင်း .. မလှုပ်​ရဲ​တဲ့​ခြေလှမ်း​တွေလည်း ခဲဆွဲခံထားရသလိုပင်​ ။

"ရားး မြန်​မြန်​မယူ​သေးဘူးလား"

"ခဏ .. သူကသနားစရာ​လေးကို"

"အားးရှီးလ်​ ! တဏှာရူးကတစ်​မျိုး"

မတူညီ​သောအသံ​တွေမှာ ထယ်​​ဟျောင်းအကြားအာရုံတွင်​တဝဲဝဲလည်​​နေကာ ​ကြောက်​စိတ်​​လေးဝင်​လာ​တော့၏ ။

"ဒီကို​ပေး .. ​ဒီကို​ပေး"

လက်​ထဲကဖုန်းကိုဆွဲယူခံ​နေရပြီဖြစ်​​သောအခါ ထယ်​​ဟျောင်းလွှတ်​မ​ပေးမိ ။ ကိုယ်​ပိုင်​တဲ့အရုပ်​က​လေးလို တခြားသူကိုမ​ပေးချင်​သလိုမျိုး ထယ်​​ဟျောင်းသည်​ထိုဖုန်း​လေးအား လက်​​ချောင်းပန်းနု​ရောင်​​လေး​တွေနာကျင်​လာသည်​အထိ ကျစ်​ကျစ်​ပါ​အောင်​ပြန်​ဆွဲထားမိသည်​ ။

"အာ .. ဒီ​ကောင်​ ! နင်​အကန်းဆီက​နေ​တောင်
ရ​အောင်​ မလုနိုင်​ဘူးလား စိတ်​ပျက်​စရာ .."

ထို​ကျောင်းသူဟာထယ်​​ဟျောင်းလက်​ထဲကဖုန်းကိုယူ​နေ​သော ​သူ့သူငယ်​ချင်း​ကောင်​အား အားမရစွာ​ပြောဆိုရင်း ဖုန်းကို သူကိုယ်​တိုင်​​ဆွဲယူလိုက်​ပြီး ထယ်​​ဟျောင်းကိုလည်း ​နောက်​သို့​ ​ဆောင့်​တွန်းလိုက်​​လေသည်​ ။

"ဘုတ်​"

"အိ !"

လမ်း​ပေါ်ကိုထိုင်​လျက်​က​လေးပြုတ်​ကျသွား​သောထယ်​​ဟျောင်းဆီမှ အသံ​လေးထွက်​လာခြင်းဖြစ်​သည်​ ။ ကွန်​ဂရစ်​လမ်း​​ပေါ်ကို ​ထောက်​လိုက်​မိ​သောလက်​ဖဝါး​လေးနှစ်​ဖက်​မှာလည်း ပွန်းပဲ့သွားရှာကာ ထယ်​​ဟျောင်းနှုတ်​ခမ်း​လေး​တွေတုန်​ယင်​လာ​တော့သည်​ ။ ဦးတည်​ရာမရှိဘဲ ​ကြောင်​​ငေး​နေ​သောမျက်​ဝန်း​လေး​တွေမှာလည်း ဝတ်​ရည်​​လေး​တွေခို​အောင်းလာ​လေပြီ

BEAUTIFUL | KV[COMPLETED]Where stories live. Discover now