zawgyi
Day - 16.
မျက်မမြင်များအတွက်ပြုလုပ်ထားသောစာရေးကိရိယာဖြင့် စာရွက်တစ်ခုပေါ်ကို ဂျွန် အက္ခရာစာလုံးတွေချရေးထားပေးသည် ။ ထယ်ဟျောင်းကထိုအက္ခရာတွေကိုတော့ သူ့ဦးနှောက်ကလေးကတစ်စွန်းတစ်စမှတ်မိနေသေး၏ ။
အခုလည်းဂျွန်ယူလာပေးသော စာရွက်ပေါ်ကစာလုံးလေးများကိုလက်ချောင်းလေးတွေဖြင့်စမ်းကြည့်နေသည် ။
"b..e..a..u..t..i..f..u..l"
"beautiful.. "
စာလုံးတစ်လုံးချင်းစီကိုရေရွတ်နေတဲ့ထယ်ဟျောင်း၏အသံလေးဆုံးသည့်နောက် ဂျွန်ကသံယောင်လိုက်သည် ။
"လှပတဲ့အရာတွေကိုသုံးတယ် .. "
ထယ်ဟျောင်းကဘာမှပြန်မပြောဘဲ စာရွက်လေးကိုသာခေါက်တုန့်ခေါက်ပြန်စမ်းကြည့်နေသည် ။ ဂျွန်ကတော့ ထယ်ဟျောင်း၏မျက်နှာလေးကိုဘေးတိုက်ကြည့်ရင်းသာ နှလုံးသွေးထဲကိုအေးချမ်းမှုလေးတစ်ခုစီးဆင်းနေလျက် .. ။
"ဆရာလေးကိုဆိုရင် အဲ့စကားလုံးသုံးလို့ရတယ်"
ထယ်ဟျောင်းက သူ့လက်ထဲကစာရွက်လေးကိုရှေ့ကစားပွဲပေါ်မှန်း၍တင်လိုက်ပြီး ဂျွန့်အနားကကိုတိုးလာသည် ။ မျက်နှာချင်းဆိုင်အနေအထားလေးလှည့်၍ ဖြူသွယ်သောလက်ကလေးများက ဂျွန့်ရင်ဖက်ကိုလာစမ်းသည် ။ ဂျွန့်ရင်ထဲကဒုန်းခနဲမြည်သွားသောအသံကြီး။ ထယ်ဟျောင်းလက်ကလေးတွေက တဖြေးဖြေးစမ်းရင်း နောက်ဆုံး ဂျွန့်ရဲ့မျက်နှာပေါ်ကိုရောက်လာတော့သည် ။
ထယ်ဟျောင်းဘာလုပ်နေတာလဲ ဂျွန်မသိပေမယ့် အခုဂျွန်အသက်ရှူဖို့တောင်မေ့နေလေပြီ ။
လက်ချောင်းလေးများဖြင့် .. ပါး ၊ နှာခေါင်း ၊ မျက်ခုံး ၊ နဖူး ၊ နှုတ်ခမ်း ၊ မေးစေ့ နေရာအနှံ့စမ်းသည် ။ ပြီးတော့ပြောသည် ..
"beautiful.."
ဂျွန် ကြောင်၍ငေးခနဲဖြစ်သွားရပြန်သည် ။ အခုသူ့မျက်စိရှေ့ကမျက်မမြင်ကောင်လေးဟာ သူ့နှလုံးသားကိုအပိုင်သိမ်းဖို့ကြံစည်နေသလိုခံစားရသည် ။ သူစတင်ပြိုလဲနေပြီ ။
