final

5.7K 413 59
                                    

zawgyi

"ဂျွန်​​လား .. ဂျွန်​"

ထယ်​​ဟျောင်း၏အ​ဖေသည်​ ဖုန်းကိုကိုင်​လျက်​ဖုန်းထဲ​ကစကား​တွေကိုနား​ထောင်​ပြီး ​အသက်​မဲ့သူပမာငြိမ်​သက်​စွာရပ်​​နေသည်​ ။ သူ့​ဘေးတွင်​ဖုန်းဝင်​တဲ့အသံကြားကတည်း ဂျွန်​လား ဟူပြီးထိုင်​​မေး​နေ​သော မျက်​မမြင်ဖြစ်​သူသား​လေးကိုလည်း ဘာမှပြန်​မ​ပြောမိ ။

"မဟုတ်​ဘူးလား"

"....."

မျက်​နှာငယ်​​လေးဖြင့်​ ​မေး​နေ​သောသားငယ်​​လေးကို ကြည့်​ရင်းသူ့ရင်​​တွေတင်းကြပ်​လာသည်​ ။ မျက်​ရည်​​တွေရစ်​သိုင်းလာကာ လက်​ဖျား​တွေတုန်​ယင်​လာသည်​ ။

အသံကိုတတ်​နိုင်​သမျှ တည်​ငြိမ်​​အောင်​ထိန်းရင်း ..

"ဆရာ .. က နည်းနည်း ထပ်​​စောင့်​ပါဦးတဲ့ ..
သူပြန်​လာဖို့ နည်းနည်းလို​သေးတယ်​တဲ့"

မိမိ၏စကား​ကြောင့်​စူပုတ်​သွား​သော သားဖြစ်​သူကို ကြည့်​ရင်း ရင်​​ထဲမှာတဆစ်​ဆစ်​နာကျင်​လာရသည်​ ။ ဘယ်​လိုမှမ​ဖြေဆည်​နိုင်​သည့်​အဆုံး ထယ်​​ဟျောင်း၏ကိုယ်လုံးေ​​လးအား တင်း​နေ​အောင်​ဆွဲဖက်​လိုက်​မိ​တော့သည်​ ။

"အင့်​"

အူ​ကြောင်​​ကြောင်​​လေးဖြင့်​အဖက်​ခံလိုက်​ရ​သောထယ်​​ဟျောင်းမှာ မျက်​လုံး​လေးဝိုင်းလို့ ။ သူ၏ဖခင်​ဟာ​တော့ သူ့ကိုဖက်​တွယ်​ရင်း တစ်​ကိုယ်​လုံးတုန်​ယင်​​နေသည်​ ။ ရှိုက်​ငင်​သံအချို့ကို ကြားလိုက်​ရ​တော့မှ မိမိ၏ဖခင်​ငို​နေတာကို သိလိုက်​ရ၍ လက်​က​လေးများဖြင့်​​ကျောကိုပုတ်​​ပေးရှာသည်​ ။

သူငိုရင်​လည်း ဂျွန်​ကအဲ့လိုလုပ်​​ပေးတယ်​ ..

> > > > >

နှုတ်​မဆက်​ဘဲထွက်​လာခဲ့သည့်​​နေ့ဟာ ​မျက်​နှာ​လေးကိုမြင်​ရဖို့​နောက်​ဆုံးအခွင့်​အ​ရေးဆိုတာသာသိခဲ့လျှင်​ မျက်​နှာ​သေး​သေး​လေးကို​စေ့​စေ့ကြည့်​ပြီး ချစ်​​နေတယ်​ ဆိုတဲ့အ​ကြောင်း​ပြောခဲ့ပါ​သေးသည်​ ။ ဖုန်းထဲမှကြားရ​သောအသံ​လေးဟာ ​နောက်​ဆုံးအကြိမ်​ကြားရ​သောအသံ​လေးဆိုတာသာသိခဲ့လျှင်​ ​စော​စောမအိပ်​ခိုင်းဘဲ တစ်​ညလုံးမိုးလင်း​ပေါက်​ဖုန်း​ထိုင်​​ပြော​နေခဲ့ပါ​သေးသည်​ ။ အရာရာဟာမျက်​တစ်​ခတ်​စာအတွင်းဖြစ်​သွားဖြစ်​သလို ကျွန်​​တော့်​မှာပြင်​ဆင်​ချိန်​လည်းမရှိခဲ့ဘူး ။

BEAUTIFUL | KV[COMPLETED]Where stories live. Discover now