4

3.5K 473 6
                                        

zawgyi

Day - 7.

အစပိုင်း​တော့ ထယ်​​ဟျောင်းနဲ့​တော်​​တော်​အ​စေးမကပ်​ခဲ့​ပေမယ့်​ ဂျွန်​ကထယ်​​ဟျောင်းနှင့်​ရင်းနှီး​မှု​ရ​အောင်​ အများကြီးကြိုးစားခဲ့ရသည်​ ။ ကြိုးစားမှု၏ရလဒ်​မှာ
သို့​လောသို့​လောနှင့်​ ရက်​အနည်းငယ်​ကို​ကျော်​ဖြတ်​လာပြီးသည့်​​နောက်​ ဂျွန်​ ထယ်​​ဟျောင်းဆီမှ တုန့်​ပြန်​မှု​လေး​အချို့ကို ရရှိ​နေနှင့်​ပြီဖြစ်​သည်​ ။ ​ခေါင်းခါ​ ​ခေါင်းညှိမ့်​လုပ်​ပြတာ​လောက်​က​လေးပင်​ ။

"ဆရာ​လေး ဘာ​တွေလုပ်​ .."

အန်​တီကထယ်​​ဟျောင်းစားဖို့ လုပ်​​ပေးထား​သော ဟင်းနယ်​ထားသည့်​ထမင်းပန်းကန်​​လေးကိုကိုင်​ရင်း ထမင်းစားခန်းစားပွဲတွင်​ စာရွက်​အနီ​လေးကိုကိုင်​၍ ထိုင်​​နေ​သော ထယ်​​ဟျောင်းအားအ​မေးစကားဆိုလိုက်​သည်​ ။

ထယ်​​ဟျောင်း​ဘေးကခုံတွင်​ထိုင်​လိုက်​ပြီး အ​နေအထားကို ပိုနီးကပ်​​သည်​အထိတိုးသွားလိုက်​သည်​ ။

သူ့အသံကြားသည့်​ လားရာကိုလှည့်​ကြည့်​လာ၍ ​ကြောင်​​တောင်​​တောင်​ဖြစ်​​နေ​သော မျက်​နှာ​ထား​လေးက အရင်​​နေ့​တွေလို ထမင်းခွံ့​ကျွေးမည့်​သူက သူ့အ​မေဟုတ်​မ​နေသည်​အတွက်​​​မေးခွန်း​တွေပြည့်​​နေလျက်​ ။

"အန်​တီက​ အိမ်​အကူ​အ​ဒေါ်နဲ့အတူ​ဈေးသွားတယ်
ကျွန်​​တော်​​ကဆရာ​လေးကို .. ခွံ့​ကျွေးပါရ​စေ"

ခဏ​တာ​တော့​ငြိမ်​​နေ​သေး​ပေမယ့်​ ဆတ်​ခနဲညှိမ့်​လာ​သော ​ခေါင်း​လေး​ကြောင့်​ ​ဂျွန်​လည်းထယ်​​ဟျောင်းကိုထမင်းစခွံ့ရ​တော့သည်​ ။ အမှန်​ကအန်​တီ့ကို​ဈေးလိုက်​သွားဖို့ သူ​ပြောလိုက်​တာဖြစ်​သည်​ ။ ထယ်​​ဟျောင်းနှင့်​ရင်းနှီးမှုပိုလိုချင်​လို့ .. ။

ထမင်းတစ်​လုပ်​စားပြီးတိုင်းလှုပ်​စိ လှုပ်​စိနှင့်​ပါးလုံးလုံး​လေးကအသည်းယားချင်​စရာ ..။ က​လေး​လေး​တွေကို လုပ်သလို ပါး​တွေချည်းဖျစ်​ညှစ်​ပစ်​ချင်​​စိတ်​ပင်​​ပေါက်​သည်​ ။

BEAUTIFUL | KV[COMPLETED]Where stories live. Discover now