6

3.4K 460 11
                                        

zawgyi

Day - 25.

ညကြီးမင်းကြီးထယ်​​ဟျောင်း​လှေကား​ပေါ်ကလိမ့်​ကျတယ်​ဟူ​သော သတင်းစကား​ကြောင့်​ဂျွန့်ရင်​ထဲမှာ တစ်​​လောကလုံးမီး​လောင်​​နေသလို​သောက ​ပေါင်းစုံ​မွှေ​နှောက်​လျက်​ ။ ကား​ပေါ်ကဆင်းသည်​နှင့်​ သုတ်​​ခြေတင်​​နေမိ​သော ​ခြေ​ထောက်​​တွေက ​ဆေးရုံ အတွင်းကိုဖြစ်​သည်​ ။ 

"ဒုန်း"

စိတ်​နဲ့လူနဲ့မကပ်​လှစွာပင်​ ​ဆေးရုံရဲ့အခန်းတံခါးကို​တောင်​ခပ်​ကြမ်းကြမ်း​ဆောင့်​ဖွင့်​လိုက်​မိသည်​ ။ အခန်းထဲမှ လူများက ဂျွန့်​ကိုလှည့်​ကြည့်​ကြသည်​ ။ ထို​တော့ဂျွန်​ကိုယ်​ရှိန်​အ​တော်​သတ်​လိုက်​ရပြီး မျက်​ခုံးစပ်​နှစ်​ခုအလယ်​ကိုလက်​ညှိုး ၊ လက်​မ သုံး၍ဖိနှိပ်​လိုက်​သည်​ ။ လူနာကုတင်​​ပေါ်တွင်​ထိုင်​​နေ​သော ထယ်​​ဟျောင်းသည်​ တံခါးသံကြားကတည်းကသူ့ရှိရာဖက်​ကို မျက်​နှာလှည့်​ကြည့်​​နေတာ ။

မေး​စေ့ ၊ ဘယ်​မျက်​ခုံးနှင့်​ နဖူး​ထောင့်​တွင်​ အနာကပ်​ပလတ်​စတာ​လေး​တွေကပ်​ထားသည်​ ။ စိတ်​ချလို့ရတဲ့အ​နေအထားမှာ​တောင်​ ဂျွန့်​ရင်​​တွေဗ​လောင်​ဆူ​နေစဲ ။ ဆရာဝန်​များက စစ်​​ဆေးစရာ​ ရှိတာစစ်​​ဆေးပြီး ထယ်​​ဟျောင်းမိဘ​တွေကိုမှာစရာ ရှိတာ​မှာပြီး​နောက်​ အခန်းထဲမှထွက်​သွား​တော့သည်​ ။

ထို​တော့မှ ဂျွန်​ ကုတင်​အနားကို​လျှောက်​သွားလိုက်​သည်​ ။

"အားနာလိုက်​တာသားရယ်​ ဒီလိုအချိန်​ကြီးစိတ်​ပူ​အောင်​လုပ်​မိတယ်​ အန်​တီတို့လည်းဖြစ်​ဖြစ်​ခြင်းဘာလုပ်​ရမှန်းမသိတာ​နဲ့​လေ သားကိုပါဖုန်းဆက်​လိုက်​မိတာ .. "

"မဟုတ်​တာဗျာ .. ဖုန်းဆက်​​ပေးလို့​တောင်​ ကျွန်​​တော်​က​ကျေးဇူး​တင်​​နေတာပါ"

ဂျွန့်​အသံကိုကြားသည်​နှင့်​ ထယ်​​ဟျောင်းမျက်​​တောင်​​လေး​တွေတစ်​ဖျတ်​ဖျတ်​ခတ်​သွားသည်​ ။ လက်​ဖဝါး​လေးကလည်း သူ့​ရှေ့ကဂျွန်​ရှိရာကိုမမှီမကမ်းလှမ်းစမ်းသည်​​ကြောင့်​ ထိုလက်​က​လေးကို ဂျွန်​ ဖမ်း၍ဆုပ်​ကိုင်​လိုက်​သည်​ ။

BEAUTIFUL | KV[COMPLETED]Where stories live. Discover now