zawgyi
Day - 34.
"ဂျွန်"
"ကျွန်တော်ဆရာလေးအနောက်မှာပါလာပါတယ်"
ယနေ့ညနေ ဂျွန် ထယ်ဟျောင်းကိုအပြင်သို့ခေါ်လာခဲ့တာဖြစ်သည် ။ အခုသူတို့ရောက်နေတာက မျက်စိတစ်ဆုံးမြင်နေရသောနေကြာခင်းကြီးထဲကိုဖြစ်ကာ သူ့ရှေ့ကသွားနေသော ထယ်ဟျောင်းမှာ တွန့်ဆုတ်တွန့်ဆုတ်ကလေးဖြင့် သူ့နာမည်ကိုထထခေါ်တတ်သည် ။
"sunflower နေကြာပန်း"
ဂျွန်ပြောလိုက်တော့ ထယ်ဟျောင်းကရှေ့ဆက်မသွားတော့ဘဲ ရပ်သွားသည် ။ ပြီးတော့လက်ကလေးဖြင့်ဘေးပတ်ပတ်လည်ကိုလိုက်စမ်းသည် ။
ဂျွန်ကနေကြာတစ်ပင်ကိုထယ်ဟျောင်းရှေ့ကိုဆွဲပေးလိုက်လျှင် အပွင့်ကြီးကြီးနှင့်နေကြာပန်းကြီးကို ထယ်ဟျောင်းစမ်းမိသွားသည် ။
"လှလား"
မျက်နှာသေးသေးလေးနှင့်အမျိုးသားလေးဟာ သူ့မျက်နှာထက်ပင်ကြီးသောနေကြာပန်းပွင့်ကြီးကိုကိုင်ထားရင်း ဂျွန့်ဖက်ကို လှည့်၍မေးလာသည် ။ နေဝင်နေချိန်ဖြစ်၍ နောက်ခံနေဝင်ဆည်းဆာနှင့်အတူ ထိုသူလေးဟာဂျွန့်အတွက်လှပလွန်းသော မြင်ကွင်းတစ်ခု ။
"လှတယ် .. အရမ်းပဲ"
"အင်း"
ထယ်ဟျောင်းကပြုံးပြုံးလေးနှင့်ခေါင်းညှိမ့်၍ဖြေပြန်သည် ။ ဂျွန် စိတ်ကိုချုပ်ထိန်းနိုင်စွမ်းနည်းပါးသွားလျက် ထယ်ဟျောင်း၏မျက်နှာလေးကိုလက်ဖဝါးတို့ဖြင့် ဆွဲယူလိုက်မိသည် ။
ထို့နောက်ထိကပ်သွားသည်က ပါးလျသောနွေးထွေးသည့် နှုတ်ခမ်းတစ်စုံနှင့် ခပ်ပြေပြေနဖူးပြင်လေး ။
ပတ်ဝန်းကျင်တွင်လေတိုက်သံများက ရှဲခနဲ ရှဲခနဲ ကြားနေ ရသလို နေကြာပန်းပင်တွေမှာလေယူရာယိမ်းလျက် ။