13

3.2K 348 9
                                        

zawgyi

Day - 60.

အဝတ်​​တွေကိုလွယ်​အိတ်​ထဲထည့်​​နေ​သောဂျွန့်​လက်​​တွေဟာ​လေးတိ​လေးပင်​ ။ ဒီည​နေဂွမ်​ချွန်းကိုထွက်​ဖို့ ကားလက်​မှတ်​ဖြတ်​ထားပြီဖြစ်​သည်​ ။

အခုထိလည်းထယ်​​ဟျောင်းဆီကို​တောင်​မသွားဘဲ အိမ်​မှာသာအချိန်​ကုန်​တာဖြစ်​သည်​ ။ မျက်​နှာ​လေး​တွေ့ပြီးကာမှ မခွဲနိုင်​မခွာရက်​ဖြစ်​​နေမည်​စိုး၍ နှုတ်​ဆက်​သည့်​အ​ကြောင်း ထယ်​​ဟျောင်း၏မိဘ​တွေကိုသာဖုန်းဆက်​​၍​ပြောထားလိုက်​၏။

ထယ်​​ဟျောင်းကိုမနှုတ်​ဆက်​တဲ့အ​ကြောင်းရင်းက သူကထယ်​​ဟျောင်းနဲ့ခွဲမည့်​သူမှမဟုတ်​ဘဲ ။ တစ်ပတ်ေ​​လာက်​​နေရင်​ ထယ်​​ဟျောင်း၏မိဘ​တွေကိုပါ​ပြောပြီး ​ပြန်​လာ​ခေါ်မှာ မို့လို့ မနှုတ်​ဆက်​တာဖြစ်​သည်​ ။ သူ့မိသားစုကိုလည်း ပထမဦးစွာ​ပြောပြရဦးမည်​ ။

အဝတ်​အစား​တွေအကုန်​လုံး အိတ်​ထဲထည့်​ပြီး​တော့မှ စက္ကူရုပ်​​လေး​တွေအပြည့်​ဖြည့်​ထား​သော ဖန်​ဘူး​လေးကိုမထည့်​​သေးခင်​ ​ခေတ္တမျှကြည့်​​နေမိ​သေးသည်​ ။ အနီ ၊ အပြာ ၊ အဝါ ၊ အစိမ်း အ​ရောင်​မျိုးစုံ​သောငှက်​ရုပ်​​က​လေး​တွေမှာ ဖန်​ဘူး​လေးအတွင်းလှပ​နေလိုက်​တာများ ။ ​ခေါက်​​ပေးတဲ့သူ​လေးအတိုင်းပင်​ ။ ဖန်​ဘူး​လေး၏ ထိပ်​မှာကပ်​ထား​သော စာရွက်​​လေး​တွင်​လည်း တွန့်​လိမ်​​နေ​သော အသည်းပုံ​လေးကိုဆွဲထား​ပေး​သေးသည်​ ။

သူဆွဲထားတာအသည်းနဲ့တူရဲ့လားလို့လာ​မေးတုန်းက တူတယ်​လို့​ဖြေလိုက်​လို့ ​ပြုံး​ပျော်​သွား​သောမျက်​နှာ​လေးကိုမျက်​လုံးထဲမှာဓာတ်​ပုံရိုက်​ထားမိသလိုပင်​ ။

ပြန်​​တွေးရင်းပြုံးလိုက်​မိ​သောနှုတ်​ခမ်း​တွေက သူ့တာဝန်​ကိုသူသိ​နေတာဖြစ်​လိမ့်​မည်​ ။ ဟုတ်​သည်​ ထယ်​​ဟျောင်းက အမြဲတမ်းသူ့အပြုံး​တွေရဲ့ အ​ကြောင်းရင်း​လေးပင်​ ။

ထို့​နောက်​​တော့ ထိုဖန်​ဘူး​လေးကိုလည်း​​အိတ်​ထဲထည့်​ပြီး ဇစ်​ကိုပိတ်​လိုက်​​တော့သည်​ ။

BEAUTIFUL | KV[COMPLETED]Where stories live. Discover now