ROS-1

1K 57 2
                                    

(Uni)

"နွယ်တို့လမ်းခွဲရအောင် အစ်မ"

အေးမြနေတဲ့အဲကွန်းခန်းထဲမှာ သူ(မ)ပူလောင်နေမိတယ်။ ခပ်ပူပူကော်ဖီတစ်ခွက်ကို လက်ကယူလိုက်ပြီး သူ(မ)သေချာစိုက်ကြည့်မိသည်။ ပြောလာတဲ့စကားကို ပြန်စာပြောဖို့အတွက်မလိုတော့ဘူးလို့ သူ(မ)သတ်မှတ်မိသည်။ လမ်းခွဲစကားပြောလာပြီဆိုကတည်းက ဒီလူဟာ ကိုယ့်ကိုမချစ်တော့ဘူးဆိုတာ သူ(မ)သိလိုက်ပြီ။

တစ်ချိုက်တည်းမော့သောက်လိုက်တဲ့ကော်ဖီကြောင့် သူ(မ)အနည်းငယ်သီးသွားသည်။ မျက်စိရှေ့ကိုရောက်လာတဲ့တစ်သျှူးကိုယူလိုက်ရင်း....

"နွယ်သေချာပြီဆိုရင် အစ်မလည်း ပြောစရာစကားမရှိတော့ပါဘူး။"

တစ်သက်တာလို့ရည်ရွယ်ထားတဲ့လူတစ်ယောက်ဟာ အခုတော့ တစ်ခဏတာဖြစ်သွားရပြီ။ ကျန်ရှိနေတဲ့ဘဝကို သူ(မ)တစ်ယောက်တည်းသာ ဖြတ်သန်းရတော့မည်။

"တကယ်တောင်းပန်ပါတယ် အစ်မ။ ဒါဆို နွယ့်ကိုခွင့်ပြုပါအုံး။"

"သွားပါရှင်"

သူ(မ) အပြုံးတစ်ပွင့်နဲ့သာပြောလိုက်သည်။ မကြာခင်မှာဘဲ ထိုစားပွဲဝိုင်းလေးမှာ သူ(မ)တစ်ယောက်သာကျန်ခဲ့တော့သည်။ ဘေးပတ်ပတ်လည်ကိုလှည့်ကြည့်မိတော့ သူ(မ)ဘာလုပ်ရမလဲဆိုတာကိုတွေးမိသည်။ လုပ်စရာအလုပ်လည်းမရှိတော့။ အရင်အပတ်က အလုပ်ပြုတ်လာတာ။ သွားစရာဆိုရအောင်လည်း သူ(မ)အိမ်သာရှိသည်။ ကျသင့်ငွေကို ကော်ဖီခွက်ရဲ့အောက်မှာသေချာစွာထားခဲ့လိုက်ပြီး ဘေးလွယ်အိတ်ကိုလွယ်လိုက်ရင်း သူ(မ) ကော်ဖီဆိုင်လေးမှ ထွက်ခွာလာခဲ့သည်။

အိမ်ပြန်ဖို့အတွက် ဘတ်စ်ကားစီးရန်လိုအပ်ပေမဲ့ သူ(မ)ကားမှတ်တိုင်ကိုကျော်လာခဲ့ပြီ။ အတွေးတွေဟာ ထွက်ခွာသွားသူတစ်ယောက်ရဲ့ပြောစကားတွေကို ပြန်လည်ကြားယောင်နေမိသည်။ လက်ထပ်ရတော့မည်ဆိုကာ လမ်းခွဲစကားပြောလာတဲ့အမျိုးသမီးလေးကိုလည်း သူ(မ)အပြစ်မမြင်မိ။ တကယ်ဆို ကိုယ်တိုင်ကသာ တစ်သက်တာလို့တွေးနေမိတာ။ တစ်ဖက်လူကို တွေးလောက်မယ်လို့ သူ(မ)မထင်ဘူး။

ခင်ငြိမ်းနွယ်။
အချစ်ဦးမဟုတ်တဲ့ ရည်းစားဦးအမျိုးသမီး။
ကျောင်းပြီးချိန် အလုပ်ဝင်စမှာ တွေ့ခဲ့တဲ့သူ(မ)တို့နှစ်ယောက်ဟာ အခင်ဆုံးသူငယ်ချင်းတွေဖြစ်ခဲ့တယ်။ လက်တွဲခဲ့တဲ့အချိန်တိုင်းဟာ ဝမ်းနည်းစရာမကောင်းပေမဲ့ ပျော်စရာဆိုလို့ ခပ်ရှားရှားရယ်။ တွဲကြမလားဆိုတဲ့စနောက်စကားတစ်ခွန်းကနေ လက်တွဲခဲ့ကြတယ်။ အချိန်အားဖြင့် တစ်နှစ်အကြာမှာ သူ(မ)လမ်းခွဲစကားပြောခံရတယ်။ တကယ်ကို ခက်လိုက်တဲ့အမျိုးသမီးပါဘဲ။

Rewrite Our StoryWhere stories live. Discover now