ROS-7

318 29 2
                                    

Uni

ဒီနေ့ကတော့ ဈေးသွားဖို့အတွက် ဟေမာန်​ပြင်ဆင်နေသည်။ အရင်အပတ်လောက်ကမှ သွားတာဆိုပေမဲ့ လရောင်ရဲ့နားငြီးအောင်လုပ်ဆောင်နေမှုကို သူ(မ)လုံးဝမခံနိုင်ဘူး။ မနက်ဆိုလည်း ထိုင်နေတဲ့ဘေးလာပြီးပြောတယ်။ နေ့လည်ဆိုလည်း အတူတူဘဲ။ ညဘက်ဆိုလည်း ထိုနည်းလည်းကောင်းပင်။ ထိုနားငြီးမှုကို နှစ်ရက်လောက်ဟေမာန်ခံလိုက်ရသည်။ ပြီးတော့ အိမ်အရှေ့လေးမှာ ထိုင်ခုံလေးလုပ်ဖို့အတွက် လိုအပ်တာလေးတွေကိုဝယ်ဖို့ပါ ဆုံးဖြတ်လိုက်သည်။

မနက်၈နာရီလောက်ကတည်းက နိုးနေတဲ့လရောင်ကြောင့် ဟေမာန်လည်း မသက်သာတော့​တဲ့အဆုံး ထလိုက်ရတော့သည်။

ကုတင်ဘေးက ပြတင်းပေါက်ကို ဦးစွာဖွင့်လိုက်ချိန် ထုံးစံအတိုင်း ကြောင်ဝါလေးဟာ ကွေးကွေးလေးအိပ်နေသည်။ လိုက်ကာစတွေကို သေချညစည်းနှောင်လိုက်ပြီး အညောင်းပြေအကြောဆန့်ရင်း ရေချိုးခန်းထဲရောက်သွားတော့သည်။

ဘယ်လိုဘဲဖြစ်ဖြစ် လမ်းလျှောက်သွားရမှာဆိုတော့ ပေါ့ပေါ့ပါးပါး အင်္ကျီကိုသာဝတ်ဆင်လိုက်သည်။ ပူပြင်းလွန်းတဲ့ရာသီဥတုဟာ သူ(မ)ရဲ့ ရှည်လျားလွန်းတဲ့ဆံနွယ်တွေကို ဖြတ်တောက်ပစ်ဖို့ရာ အားပေးနေသလိုပင်။

"မနက်စာရပြီနော်"

အောက်ထပ် မီးဖိုချောင်စီမှ အော်သံဟာ အိပ်ခန်းစီကိုကျယ်လောင်စွာ ဝင်ရောက်လာသည်။ တွေးတောနေသည်ကိုအဆက်ဖြတ်လိုက်ပြီး ဖုန်းကိုဆွဲယူကာ ခပ်မြန်မြန်ဆင်းလာလိုက်သည်။

ထမင်းစားခန်းရဲ့ ပြတင်းပေါက်ကိုဖွင့်လိုက်ပြီး ဧည့်ခန်းမှာပန်ကာကိုထပ်မံဖွင့်လိုက်သည်။ ရေခဲသေတ္တာထဲက ရေသန့်ဘူးကိုထုတ်လိုက်ရင်း ပွစိပွစိပြောနေတဲ့သူငယ်ချင်းဖြစ်သူရဲ့စကားတွေကို ပျင်းရိစွာနားထောင်ရင်း သူ(မ)ငိုက်မြည်းလာသလိုပင်။

"နင် ဆက်ပြောနေရင် မသွားဘဲနေတော့မယ်။"

ရုတ်တရက်ဆန်စွာပြောလိုက်တဲ့အဆုံး ပိတ်သွားတဲ့ပါးစပ်ကြောင့် ဟေမာန် သူ(မ) မမြင်အောင် တစ်ဖက်ကိုလှည့်ရင်းရယ်မိတော့သည်။

Rewrite Our StoryWhere stories live. Discover now