ROS-9

447 26 10
                                    

Uni

ရိပ်ရဲ့ပြောဆိုခဲ့မှုတွေဟာ ဟေမာန့်ရဲ့အိပ်ချိန်တွေကို အတော်လေးထိခိုက်စေတယ်လို့ပြောရမလား။ ဖွင့်ဟပြောဆိုပြီးတဲ့နေ့ကစပြီး ဟေမာန်အိပ်မရခဲ့တာ သုံးရက် ​လေးရက်လောက်ရှိပြီ။ ဆိုးရွားတဲ့အကြောင်းပြချက်နဲ့တော့ မဟုတ်ဘူးပေါ့။

အကြောင်းအရင်းကတော့ တစ်ခုတည်းပါဘဲ။ မနက်၇နာရီ ဒေါင်ဆိုတာနဲ့ ရိပ်က အိမ်အောက်ရောက်နေပြီ။ ပြီးတော့ အိမ်ရှေ့ခြံတံခါးနားမှာ ပန်းစည်းတစ်ခုမဟုတ် တစ်ခုတော့ ချသွားတတ်တယ်။ ပြီးတော့ စာကတ်လေးတစ်ခုနဲ့။ ဒါဟာ သူ(မ) ကျောင်းမှာကတည်းက လုပ်လေ့ရှိတဲ့ ရည်းစားလိုက်နည်းတစ်မျိုးပေါ့။

ဘယ်လောက်နှစ်ကြာကြာ သူက မပြောင်းဘူးပဲ။

ဟေမာန်ထပြီး ခြံရှေ့ထွက်ပြီဆိုတာနဲ့ ဘေးကိုကြည့်လိုက်ရင် ထိုပန်းစည်းလေးကိုတန်းမြင်ရသည်။ တစ်ရက်နှစ်ရက်လောက်ထိတော့ ဟေမာန် မလုပ်ပါနဲ့လို့ မနက်စောစောထပြီးကို စောင့်ပြီးပြောပေမဲ့လည်း ခေါင်းမာလွန်းတဲ့ရိပ်ဟာ ဟေမာန့်စကားကို ရှိတယ်တောင်မထင်ဘဲ ဆက်လုပ်နေတော့ လွှတ်သာထားလိုက်သ​ည်။

ဒါပေမဲ့လည်း မနက်တိုင်းတော့ ဟေမာန် ခြံရှေ့ထွက်ရင်း ထိုပန်းစည်းတွေကို ဆင်းယူနေတာပါဘဲ။

"ဘာလဲ။ ထားသွားပြန်ပြီလား။ ဘာပန်းတုန်း။"

အိပ်ချင်မူးတူးနဲ့ အိမ်ထဲကနေအော်ပြောနေသော သူငယ်ချင်းဖြစ်သူကို မျက်စောင်းတစ်ချက်ထိုးကာ ခေါင်းခါရင်း အိမ်ထဲသာ ပြန်ဝင်လာခဲ့သည်။

ဧည့်ခန်းစားပွဲပေါ်က ပန်းအိုးကိုယူ၊ ပြီးတော့ မီးဖိုချောင် ဘေစင်စီမှာ ပန်းအသစ်လေးကို လဲလိုက်သည်။ စာကဒ်ပေါ်က စာကို ဖွင့်ဖတ်မိတော့ ရင်အစုံမှာ လှိုက်ကနဲပါဘဲ။

ဒီလိုခံစားချက်မျိုးမရတော့တာဟာ နှစ်ဘယ်လောက်ကြာပြီလဲ။ ချစ်သူကောင်မလေးနဲ့ စိမ်းသွားတဲ့အချိန်ကလား။ ရိပ်နဲ့ ကွဲကွာပြီးတဲ့အချိန်ကလား။ မဟုတ်ရင် ဘယ်အချိန်လဲ။ ဟေမာန် မစဥ်းစားမိဘူး။

"လူစကားပြောရင် ပြန်ပြောရတယ် ဟေမာန်ရဲ့။"

"နင်ကလူလား။"

Rewrite Our StoryWhere stories live. Discover now