ROS-5

360 37 0
                                    

Uni

ဧည့်ခန်းကထိုင်ခုံမှာထိုင်ရင်း သူ(မ)ပါဆယ်တွေကိုဖောက်နေသည်။ မနေ့က လာတာဆိုပေမဲ့ လုပ်ဖို့ပျင်းနေတာကြောင့် နောက်တစ်နေ့ကူးသွားခဲ့သည်။ ကတ်ကြေးကိုကိုင်လျက် တစ်ခုပြီးတစ်ခုဖောက်နေတဲ့ဟေမာန်။ ပါဆယ်တွေကိုကြည့်ရင်း ဝယ်လိုက်တာများသွားမှန်း အခုမှသတိထားမိသည်။

"ဟူးးးး"

ပထမဆုံးပစ္စည်းလေးကတော့ မီးဖိုချောင်မှာ ပစ္စည်းတွေထားဖို့အတွက် စင်လေးဖြစ်သည်။ စင်လေးကိုသေချာဆက်လိုက်ပြီး ချက်ချင်းဘဲ မီးဖိုချောင်စီသွားထားလိုက်သည်။ ပြီးတော့ အခန်းအလှဆင်တဲ့ပစ္စည်းတွေ။ ဒီလိုအလှဆင်ရတာကိုသဘောကျပေမဲ့ ပိုက်ဆံကုန်မှာစိုးလို့တစ်ခါမှဝယ်လေ့မရှိခဲ့ဘူး။ ဒါပေမဲ့လည်း ပိုက်ဆံကုန်ချင်ကုန်ပါစေဆိုပြီး လွန်​ခဲ့တဲ့ရက်က ဘယ်လိုစိတ်ကူးနဲ့များမှာလိုက်လဲမသိပါဘူး။

အ​ပြာ​ရောင် japanese wind chimesလေးတစ်ခုကို အိမ်ရှေ့တံခါးရဲ့အပေါ်လေးမှာ ချိတ်ဆွဲလိုက်သည်။ အဝါရောင်တစ်ခုကိုတော့ အိပ်ခန်းပြတင်းပေါက်လေးမှာ ချိတ်ဖို့ဆုံးဖြတ်ထားသည်။ သက်တန့်ကြိုက်သူတစ်ယောက်ပီပီ ပြတင်းပေါက်မှန်တံခါးလေးမှာကပ်ဖို့စတစ်ကာလေးတွေလည်း သူ(မ)ဝယ်ထားသေးသည်။ ပြီးတော့ အခန်းနံရံမှာကပ်ဖို့စတစ်ကာအကြီးစားတွေလည်းဝယ်ထားသည်။ နောက်ဆုံးကတော့ အိပ်ရာပေါ်မှာပုံဆွဲလေ့ရှိတာကြောင့် စားပွဲခုံအသေးစားလေးတစ်ခုဖြစ်သည်။ ပစ္စည်းက နည်းပေမဲ့ ဈေးကနည်းမလိုလိုနဲ့များနေသည်။ ဒါပေမဲ့လည်း ထားပါတော့လေ။

ပါဆယ်ဖောက်နေစဥ်မှာဘဲ စားပွဲပေါ်တင်ထားတဲ့ဖုန်းမြည်သံကြောင့် ဟေမာန်တစ်ယောက် ပါဆယ်ဖောက်ရင်း ဖုန်းကိုလှမ်းကြည့်လိုက်သည်။ ဘယ်သူလဲဆိုတော့ ငယ်သူငယ်ချင်းကြီး လရောင်သွင်ပါဘဲ။

"ပြော"

"ဟေမာန်ရေ ငါ့ကိုလာကြိုပါအုံး"

ရုတ်တရက်ကြားလိုက်ရတဲ့စကားစုကြောင့် သူ(မ)လုပ်လက်စကိုရပ်လိုက်မိသည်။ လာကြိုပါအုံး။ ဘာကြောင့်လဲ။

"အစမရှိ အဆုံးမရှိ ဘာကိုလာကြိုခိုင်းနေတာလဲ အစ်မကြီး"

"ငါ့ကိုလို့"

Rewrite Our StoryWhere stories live. Discover now