ROS-2

498 46 2
                                    

(Uni)

မနက်၇နာရီလောက်သွားမှာဖြစ်တာကြောင့် ဟေမာန်စောစောလေးသာ နိုးလာခဲ့သည်။ ဘယ်အချိန်လဲဆို ၆နာရီလောက်ပေါ့။ အယ် သိပ်တော့လည်း မစောပါဘူး။ ရေချိုး၊အဝတ်အစားလဲပြီး မနက်စာစားရင်းသာ သွားမဲ့ကားကိုထိုင်စောင့်နေမိသည်။

အိမ်ရှေ့ကနေကားဟွန်းသံကြားတာနဲ့ သူ(မ) ဝရန်တာအပြင်ကိုငုံကြည့်မိသည်။

လာပြီ.....။

ယူသွားမဲ့အိတ်ကိုသေချာစွာလွယ်ကာ အိမ်တစ်အိမ်လုံးကို အရှေ့အနောက်သေချာစစ်ပြီး ထွက်လာခဲ့သည်။ ဘေးအိမ်ရဲ့တံခါးရှေ့လေးမှာ စာလေးတစ်စောင် သူ(မ)ထားခဲ့သည်။ လှေကားကို ခပ်မြန်မြန်ဘဲဆင်းကာ ကားနောက်အခန်းကိုတက်လိုက်သည်။

"စားပြီးပြီလား ဟေမာန်"

အိတ်ကိုပုခုံးထပ်ကနေ ဘေးထိုင်ခုံပေါ်ကိုချလိုက်သည်။ ပြတင်းပေါက်မှန်ကိုတစ်ဝက်လောက်ထိချလိုက်ရင်း မေးစကားကိုပြန်ဖြေလိုက်သည်။

"ပြီးပြီ အစ်ကို"

"အိုကေကွာ။ ဒါဆို မရပ်တော့ဘူးနော်"

သူ(မ)ခေါင်းငြိမ့်ပြလိုက်တာနဲ့ ကားလေးသည် လိုရာခရီးကိုထွက်ခွာလာခဲ့သည်။ အသိများလွန်းတဲ့လူတစ်ယောက်ဆိုပေမဲ့ အကူအညီလိုရင်တောင်းဖို့အတွက်လူလိုက်ရှာရတာပင်ပန်းလွန်းသည်။ ပေါင်းသင်းဆက်ဆံရေးကောင်းမွန်ပေမဲ့ သူ(မ)လိုမိဘမဲ့တစ်ယောက်ကို ဘယ်သူပေါင်းချင်မှာလဲ။ ဒါပေမဲ့လည်း ဒီအရာကို အခက်အခဲတစ်ခုအဖြင့် ဟေမာန်မသတ်မှတ်ထားပါဘူး။

သွားမဲ့ခရီးသည် အနည်းငယ်လှမ်းသည်။ နေ့တစ်ဝက်လောက်တော့မောင်းရမဲ့ခရီးဖြစ်တာကြောင့် သူ(မ)အပြင်ဘက်ကိုသာငေးရင်း လမ်းတစ်လျှောက် တွေ့သမျှကိုလိုက်ကြည့်မိသည်။ ကားမောင်းရင် စကားမပြောတတ်တဲ့လူကြောင့် သူ(မ)လည်းဘာစကားမှမပြောဖြစ်။ ဒီတိုင်းလေး ပျင်းလာရင် ဖုန်းကြည့်လိုက်၊ အပြင်ကြည့်လိုက်။ မဟုတ်ရင်လည်း မျက်လုံးလေးမှိတ်ရင်း ငြိမ်ငြိမ်လေးသာထိုင်နေသည်။ ရေဒီယိုမှလာတဲ့သီချင်းတွေကိုတော့ တိုးတိုးလေးညီးနေသည်။

နေ့လည်သုံးနာရီလောက်တွင်တော့ ရောက်လိုတဲ့ခရီးကို ဆိုက်ရောက်လာခဲ့သည်။ ဆက်သွားမှာဖြစ်တဲ့လူကြောင့် သူ(မ)ကျေးဇူးတင်စကားနဲ့ နှုတ်ဆက်စကားဆိုလိုက်သည်။ နေရာလေးသည် လမ်းဆုံဖြစ်သည်။ မျက်စောင်းထိုးကိုကြည့်မိရင် စတိုးဆိုင်တစ်ဆိုင်ကိုတွေ့ရမည်။ စတိုးဆိုင်ကနေ ဆက်လျှောက်သွားရင် မြို့ပေါ်သွားတဲ့ကားမှတ်တိုင်ရှိသည်။ စတိုးဆိုင်ရဲ့ညာဘက်အဆုံးထိကြည့်ရင် ဈေးရှိသည်။ ဒီလောက်ဘဲ။ တစ်ခေါက်နှစ်ခေါက်သာရောက်ဖူးတဲ့နေရာဖြစ်ပေမဲ့ ဟေမာန်အတွက်သိပ်တော့စိမ်းမနေဘူး။

Rewrite Our StoryWhere stories live. Discover now