ROS-10

516 22 4
                                    

Uni

မနေ့ကအလုပ်တွေသည် ညနေခြောက်နာရီလောက်မှာမှ ပြီးသွားခဲ့သည်။

ပြီးတာနဲ့ ကွတ်ပျစ်ပေါ်ကို နှစ်ယောက်သား လှဲချလိုက်တော့သည်။ ပြောရင်သာလွယ်ပေမဲ့ လုပ်လိုက်တော့အတော်လေးကိုခက်ပြီးကြာလွန်းသည်။ ကျေးဇူးတင်စရာဟာ ကြွေရိပ်လွှာရောက်လာတာပါပဲ။ မဟုတ်ရင်ညဘက်တောင်ရောက်သွားမလားပဲ။

ခဏလောက်နားပြီးတော့ ဟေမာန်လုပ်ထားတဲ့မုန့်လေးစားပြီးတာနဲ့ ပြန်သွားတဲ့ရိပ်ပါပဲ။

ညောင်းညာပြီး ချွေးတွေနဲ့ခပ်စီးစီးဖြစ်နေတာကြောင့် ချက်ချင်းပဲ ရေချိုးလိုက်တော့သည်။

လရောင်ကတော့ ညစာအတွက် ထမင်းအိုးတည်နေပြီးတော့ ဟင်းတွေ ပြန်နွေးနေသည်။

ဒီညကတော့ ဟေမာန့်အတွက် အစောဆုံးအိပ်တဲ့ညပဲဖြစ်သည်။

...

မနက်မှာတော့ ဟေမာန်တစ်ယောက် ခပ်စောစောထလာခဲ့သည်။ အချိန်ဟာ ခြောက်နာရီလောက်သာရှိသေးသည်။ မျက်နှာသစ်ပြီးတာနဲ့ လရောင်ကိုတော့ အရင်ကလို မနှိုးပဲနဲ့ အောက်ထပ်ဆင်းလာလိုက်သည်။

ခေါင်းစည်းကြိုးနဲ့ နီညိုရောင် ဆံနွယ်ရှည်တွေကို ခပ်ပြေပြေစည်းနှောင်လိုက်ကာ မနေ့ကရိုက်ထား
တဲ့ခုံတွေကို နေရောင်ကျလောက်မဲ့နေရာစီကို ရွေ့လိုက်သည်။ ပြီးတော့ ဟေမာန်တစ်ယောက် အရောင်တောက်အောင် ပေါလစ်သုတ်ဖို့လုပ်တော့သည်။

ခုနှစ်နာရီလောက်မှာတော့ ဆေးသုတ်တာပြီးလို့သွားသည်။ ဆေးသုတ်နေတဲ့အတော်အတွင်း ဈေးဖွင့်ဖို့သွားကြတဲ့နယ်ခံအများအပြားကိုလည်း သူ(မ) နှုတ်ဆက်ရသေးသည်။ ထိုအထဲမှာ ကြွေရိပ်လွှာလည်းအပါအဝင်ပေါ့။ ဒီအချိန်ဆို ဈေးသွားတဲ့လူများကြသည်။

ဆေးသုတ်ပြီးလို့ ခြံထဲပြန်အထွက်... ခြံရှေ့မှာ ပန်းစည်းလာချသော ရိပ်။

ပြောမရတာကြောင့် ခပ်သာသာပြုံးရင်းသာ နှုတ်ဆက်လိုက်သည်။ ဒါကိုလည်း ကြွေရိပ်လွှာတစ်ယောက်သိလောက်မှာမဟုတ်။ သူ(မ)သိမည်က ဒီနေ့ ဟေမာန် သူ(မ)ကို နှုတ်ဆက်တယ်ဆိုတာကိုပါပဲ။

You've reached the end of published parts.

⏰ Last updated: Jan 20 ⏰

Add this story to your Library to get notified about new parts!

Rewrite Our StoryWhere stories live. Discover now