(Uni)
ဒီနေ့တော့ ဟေမာန်တစ်ယောက် ခပ်စောစောမဟုတ်ပေမဲ့ မနက်၈နာရီကျော်ကျော်လောက်မှာ နိုးလာခဲ့သည်။ ကုတင်ခေါင်းရင်းလေးက ပြတင်းပေါက်လေးကိုဖွင့်လိုက်တာနဲ့ မနေ့ကတွေ့ခဲ့တဲ့ကြောင်ဝါလေးဟာ ဒုတိယထပ်အမိုးလေးပေါ်မှာ တိတ်ဆိတ်စွာ အိပ်ပျော်နေသည်။ နေရောင်ဟာ အခန်းထဲကိုဖြာကျနေပြီဖြစ်ပြီး သူ(မ)လည်း အနည်းငယ်အိပ်ရေးဝနေပြီ။ ချက်ချင်းပါဘဲ အိမ်ရှေ့ဘက်မှအော်ခေါ်သံကြောင့် ရှုပ်ပွနေတဲ့ဆံပင်တွေကို တစ်ချက်နှစ်ချက်လောက်သပ်ကာ အင်္ကျီကိုအနည်းငယ်ပြန်ပြင်လိုက်ပြီး အိမ်ရှေ့ထွက်လာခဲ့သည်။
ဘေးအိမ်မှအဖွားရဲ့အော်ခေါ်နေသည်ကိုမြင်တော့ အနည်းငယ်အံဩသွားပေမဲ့ ခြံတံခါးသော့ကို ခပ်မြန်မြန်ယူရင်း ထွက်လာခဲ့သည်။
"အဖွား ဘာဖြစ်လို့လဲဟင်"
"သမီးက မနေ့ကမှရောက်တာမလား။ မနက်စာစားဖို့ ချက်ပြုတ်စရာရှိလောက်မယ်မထင်လို့ အဖွားလာပေးတာ။"
"အာ မဟုတ်တာ။ အားနာစရာကြီး"
ပြောလိုက်သောစကားကို မကြားလိုက်သလိုဖြင့် လက်ထဲကဘူးများကို သူ(မ)လက်ထဲထိုးထည့်ကာ စကားဆိုလာတော့ ဟေမာန်တစ်ယောက် အားနာစွာနဲ့ ခေါင်းငြိမ့်ရင်းသာ ယူလိုက်ရတော့သည်။
သက်ပြင်းတစ်ချက်ချလိုက်ရင်း ဘေးဘီကြည့်လိုက်သေးသည်။ ပြီးမှ အိမ်ထဲပြန်ဝင်လာတော့ ဧည့်ခန်းထိုင်ခုံမှာ ကျကျနနထိုင်နေတဲ့ကြောင်ဝါလေးကို ဦးစွာတွေ့လိုက်ရသည်။
"နေပါဦး မင်းက အိပ်နေတာမဟုတ်ဘူးလား"
ပြန်ပြောမှာမဟုတ်ပေမဲ့လည်း သူ(မ) လက်ထဲကဘူးအများကို မီးဖိုချောင်ကစားပွဲစီထားကာ ပြောနေမိသည်။ ဒီနေ့တော့ အိမ်ရှင်းစရာမလိုပေမဲ့ လိုအပ်တာတွေကို ဈေးမှာသွားဝယ်ရမယ်။ ဒါကြောင့် အရင်ဆုံး ရေချိုးသန့်စင်လိုက်ပြီး မနက်စာစားလိုက်သည်။ ကြောင်လေးကိုလည်း ဟေမာန်တစ်ယောက် အစာကျွေးလိုက်သေးသည်။
အားလုံးပြီးတာတော့ အိမ်ကိုသေချာစစ်ကာ သူ(မ)သွားရန် ထွက်လာတော့သည်။ ဒါပေမဲ့ ဒီနဲ့ဈေးက ဝေးလွန်းသည်။ လမ်းလျှောက်သွားလို့တော့ရပေမဲ့ အပြန်ကျရင် ပစ္စည်းတွေနဲ့ အဆင်ပြေမှာမဟုတ်ဘူး။ ဘာလုပ်ရမလဲစဥ်းစားရင်း တစ်ဖက်ခြံကိုမျက်စိရောက်မိတော့.....
YOU ARE READING
Rewrite Our Story
रोमांसခွဲခွာခဲ့ကြတဲ့လူနှစ်ယောက်ဟာ လမ်းခွဲခြင်းတစ်ခုကြောင့် ပြန်လည်တွေ့ဆုံဖို့ဖြစ်လာတဲ့အခါမှာ.......