ROS-6

354 34 1
                                    

Uni

ဟေမာန်တစ်ယောက် တစ်ညလုံးအိပ်မရခဲ့ပါ။ အကြောင်းကတော့ ဘေးမှာအိပ်နေတဲ့လရောင်ရဲ့ ဟောက်သံကြောင့်ပါဘဲ။ တစ်ကုတင်ထဲဘာလို့အိပ်လည်းဆိုတော့ တစ်ခြားအခန်းတွေမရှင်း​ရသေးလို့ပင်။ အရင်ကတည်းက ခရီးတွေဘာတွေသွားရင် အတူအိပ်နေကြဖြစ်တာကြောင့် ထွေထွေထူးထူးမတွေးတော့ဘဲ သာမာန်ဖြစ်ရပ်တစ်ခုအနေနဲ့သာတွေးလိုက်ရင်း ဟေမာန် ကုတင်ပေါ်မှာဆင်းသွားတော့သည်။

ညအိပ်ဝတ်စုံကိုလဲကာ မျက်နှာသစ်လိုက်သည်။ အောက်ထပ်ဆင်းပြီး သူ(မ) မနက်စာလုပ်ဖို့ပြင်ဆင်တော့သည်။ မီးဖိုချောင်ဗီဒိုအတွင်းမှ ပေါင်မုန့်မီးကင်စက်လေးကိုယူလိုက်သည်။ မသုံးတာအတော်ကြာပြီဖြစ်တာကြောင့် ဖုန်ကတော့ အတော်များလှသည်။ ပေါင်မုန့်လေးချပ်မှ နှစ်ချပ်ကို မီးကင်စက်ထဲအရင်ထည့်လိုက်သည်။

ပြီးတော့ ဖျော်စက်တစ်ခုကို ဟေမာန်လိုက်ရှာသည်။ ဟိုတစ်နေ့ ဈေးသွားချိန်က သူ(မ) ထောပတ်သီးတွေဝယ်ခဲ့တယ်။ အသီးတွေကို သေချာရေဆေး အခွံနွှာပြီး ဖျော်စက်ထဲထည့်လိုက်သည်။ ပေါင်မုန့်နှစ်ချပ်ကရပြီဖြစ်တာကြောင့် ကျန်နှစ်ချပ်ကို ထပ်ကာထည့်လိုက်သည်။ ဖျော်စက်ထဲကထော်ပတ်သီးတွေကို ဖန်ခွက်နှစ်ခွက်အတွင်း အညီအမျှထည့်လိုက်ပြီး နို့ဆီအနည်းငယ်လောက်နဲ့မွှေလိုက်သည်။ တစ်ချိန်တည်းမှာဘဲ ကျန်ပေါင်မုန့်တွေပါရပြီဖြစ်တာကြောင့် ထိုပေါင်မုန့်တွေကို ပန်းကန်တစ်ခုထဲထည့်လိုက်ပြီး မနက်စာပြင်ဆင်ခြင်းကိုအဆုံးသတ်လိုက်သည်။

ဖုန်းမှနာရီကိုကြည့်မိတော့ မနက်၉နာရီထိုးပြီးနေပြီ။ အပေါ်ထပ်အိပ်ခန်းမှလရောင်ကို သူ(မ)သွားနှိုးလေတော့သည်။ အင်း အဲ လုပ်ရင်း ထဖို့ငြင်းဆန်နေတဲ့ထိုတစ်ယောက်ကိုနှိုးရတာ အတော့်ကိုခက်ခဲလှသည်။ ဒီရောက်လာမှတော့ ဟေမာန့်အလုပ်တွေကို ဝိုင်းလုပ်ရမှာပေါ့။ မဟုတ်ရင် ပြန်လို့ဘဲပြောမှာပါ။

၉နာရီခွဲလောက်တွင်တော့ လရောင်ကိုနှိုးလို့ရသွားသည်။ သူ(မ)အောက်ထပ်ဆင်းလာတာကိုစောင့်ရင်း အိမ်ရှေ့ကပန်းပင်တွေကို ဟေမာန်ရေလောင်းနေလိုက်သည်။ သရက်ပင်ကကြွေကျတဲ့သစ်ရွက်ခြောက်တွေကို သေချာစုလိုက်ပြီး အမှိုက်ခြင်းထဲထည့်ထားလိုက်သည်။ ပြီးတော့ ဒီနေ့အလုပ်ပိတ်ရက် တနင်္ဂနွေနေ့။ ဆိုတော့ ဒီနေ့အမှိုက်ပစ်ဖို့လုပ်ရမယ်။

Rewrite Our StoryWhere stories live. Discover now