ROS-8

376 32 2
                                    

Uni

"အစ်မတွေးနေတဲ့အရာနဲ့ ကျွန်မတွေးနေတဲ့အရာတူတယ်ဆိုရင်တော့ ဒီလိုလေး ဖြေပေးမယ်။ ကျွန်မ အကုန်သိပြီးပြီ။”

အပြုံးလေးနဲ့အဖြေပေးလာတဲ့ရိပ်ဟာ ဟေမာန့်ကိုအတော်လေးအံ့ဩသွားစေသည်။

တစ်ပြိုင်နက်ဘဲ သူ(မ)ပျော်ရွှင်သွားစေသလိုပါဘဲ။ အနည်းဆုံးတော့ သူ(မ)ဘာကြောင့်မလာဖြစ်တာလဲဆိုတဲ့အရာကို ရိပ်သိနေသည်။

ဒါပေမဲ့ ဘယ်လိုသိတာလဲ။

"သိတယ်။ အကုန်။ ဘယ်လိုသိတာလဲ။"

"အစ်မအကြောင်းစုံစမ်းဖို့က ကျွန်မအတွက်ခက်ခဲတဲ့အရာမှမဟုတ်တာ။"

ထိုစကားဟာ ဟေမာန့်ကို ပါးစပ်အဟောင်းသားဖြစ်သွားစေသည်။ ဘယ်လိုလူမလို့ မခက်ခဲဘူးပြောရတာလည်း။ မဟုတ်မှ ရုပ်ရှင်တွေထဲကလို လူချမ်းသာမိသားစုကများလား။

"သိပ်မချမ်းသာတဲ့မိသားစုကပါ။ စုံစမ်းဖို့မခက်တာက ကျွန်မမှာ အစ်မနဲ့ပတ်သက်ပြီး အသိတွေအများကြီးဘဲ။ အဲ့တာကြောင့်ပါ။ ကြောက်စရာကောင်းတဲ့အကြည့်နဲ့မကြည့်ပါ နဲ့။"

ဟေမာန့်ရဲ့အတွေးတွေကိုသိတဲ့ရိပ်တစ်ယောက် အရင်ဦးစွာပြောလိုက်သည်။ မဟုတ်တာတွေအတွေးလွန်ပြီး အနားကပ်မခံတော့ရင် ကျွန်မကိုယ်ကျိုးနည်းရရီရဲ့။

"အာ အဲ့လိုလား။"

"အင်း အဲ့လို။"

ထိုစကားကိုပြန်ပြောလိုက်ရင်း ဆေးသေတ္တာကို ယူလာတဲ့စေရာစီသွားထားလိုက် သည်။ ပန်းပင်အမှာယူထားတဲ့ကာစတန်မာတွေကို လုပ်ပေးစရာရှိတာ သတိရမိတာကြောင့်...

"ဒါဆို အစ်မ ဆိုင်လေးစောင့်ပေးထားမလား။ ကျွန်မ နောက်ဘက်မှာလုပ်စရာလေးရှိလို့။"

"အင်း အဆင်ပြေတယ်။ အေးဆေးလုပ်။"

ဘာဘဲဖြစ်ဖြစ် မျက်စိရှေ့ပေါ်မလာရင် ပြီးရောဆိုတဲ့အတွေးနဲ့ ခေါင်းငြိမ့်လိုက်ကာ ဆိုင်ရှေ့ကထိုင်ခုံမှာ ဟေမာန်တစ်ယောက် ငြိမ်သက်စွာထိုင်နေတော့သည်။

လရောင်ကလည်း ကြာအုံးမယ်ကိုသတိရမိတော့ ကျောနောက်ဘက်ရဲ့လွယ်အိတ်ထဲကဖုန်းနဲ့ earphone ကိုထုတ်လိုက်ပြီး သီချင်းနားထောင်ရန်လုပ်လိုက်သည်။

Rewrite Our StoryWhere stories live. Discover now