ROS-4

396 34 0
                                    

Uni

အခန်းတွင်းကို နေရောင်ဟာ အတော်လေးကျရောက်နေပြီ။ လမ်းသွားလမ်းလာတွေရဲ့အသံတွေဟာ ဟေမာန့်ကိုအိပ်မရအောင် လုပ်နေသည်။ တစ်ဖက်ခေါင်းအုံးအောက်ကဖုန်းကိုဆွဲယူကာကြည့်လိုက်တော့.... "အယ် ၁၀နာရီ!"

အတော်လေးကိုနောက်ကျနေပြီဖြစ်တဲ့မနက်ခင်းလေးမှာ ဟေမာန်သက်ပြင်းတစ်ချက်ချလိုက်သည်။ တစ်ခါမှ ၁၀နာရီလောက်ထိမအိပ်ဖူးပါဘူး။ အလွန်ဆုံး ၉နာရီပေါ့။ မဖြစ်ဘူး။ ထရမယ်။

မနက်စာအတွက် ကော်ဖီနဲ့ပေါင်မုန့်ပါဘဲ။ ပြီးတော့ ကြောင်ဝါလေးအတွက် မနက်စာ။ ဒီနေ့ အပြင်သွားစရာမရှိဘူး။ ဒါပေမဲ့ လုပ်စရာရှိတယ်။ အိမ်နောက်ဖက်မှာရှင်းစရာတွေရှိတယ်။ အိမ်ရှေ့မှာလည်း ရှင်းစရာတွေရှိတယ်။ ပြီးတော့ မှာထားတဲ့ပစ္စည်းတွေလာစရာရှိတယ်။ မနေ့ကအကြောင်းကြားထားတယ်။

တွန့်ဆုတ်မနေတော့ဘဲ မနက်စာကိုမြန်မြန်စားလိုက်သည်။ ပေါ့ပေါ့ပါးပါးဖြစ်အောင် အင်္ကျီကိုပြောင်းဝတ်လိုက်သည်။ ဆံပင်တွေကို သေချာစည်းလိုက်သည်။

အပင်စိုက်ရတာဝါသနာပါတဲ့အမေဖြစ်သူကြောင့် အိမ်ပတ်ပတ်လည်မှာ အပင်တွေဟာအများအပြားပါဘဲ။ အပင်စိုက်ရတာကိုမကြိုက်တဲ့အဖေ့ကြောင့် ရှိသမျှအပင်တွေဟာ ဒီအိမ်ကိုသာ ရောက်လာခဲ့သည်။ အခုတော့ အကုန်ညှိုးကုန်ပြီ။

အိမ်နောက်ဘက်မှာစိုက်ထားတဲ့ ခရမ်းချဥ်ခင်းလေးဟာလည်း အတော့်ကိုအခြေအနေဆိုးနေပြီ။ သေချာစွာရှင်းလင်းရင်း အမှိုက်တွေအားလုံးကို အိတ်အကြီးကြီးတစ်ခုတည်းထည့်လိုက်သည်။ အိမ်ဘေးကအပင်အိုးတွေကိုတော့ ညှိုးနေပြီဖြစ်တဲ့အပင်တွေကိုသာလွှတ်ပစ်လိုက်ပြီး အိုးတွေကိုသေချာရေဆေးထားလိုက်သည်။ နွယ်ပင်တွေတွယ်နေပြီဖြစ်တဲ့ခြံစည်းရိုးတံတိုင်းတွေကိုလည်း ဟေမာန်သန့်ရှင်းရသေးသည်။ အားလုံးပြီးတော့ အမှိုက်တွေကိုသေချာထည့်ပြီး အိမ်ထောင့်လေးမှာထားထားသည်။ မှတ်မိတာက အမှိုက်သွားပစ်ရတဲ့နေရာရှိပြီး တစ်ပတ်တစ်ခါ အမှိုက်လာယူတဲ့လူတွေရှိသည်။ ပြီးတော့ အဲ့တာ အလုပ်ပိတ်ရက် တနင်္ဂနွေနေ့။

Rewrite Our StoryWhere stories live. Discover now