I found you

552 23 4
                                    

နောင်တ....အင်းးကျွန်တော့်ဘဝမှာနောင်တအရဆုံးအရာကကျွန်တော်"သူ့"ကိုချစ်မိသွားခြင်းပါဘဲ...။"သူ"ဆိုတာကလူသန်းပေါင်းများစွာထဲမှာမှကျွန်တော်မြတ်မြတ်နိုးနိုးချစ်မိသွားတဲ့"သူ"။ကျွန်တော့်ရဲ့ရင်ခုန်သံ‌ေတွကိုသိမ်းပိုက်သွားတဲ့"သူ"။ကျွန်တော့်အတွေးတွေအိပ်မက်တွေထဲမှာအကြိမ်ကြိမ်စိုးမိုးနေခဲ့တဲ့"သူ"။ကျွန်တော့်ဘဝရဲ့ပထမဆုံးနဲ့နောက်ဆုံးသောအချစ်နဲ့ချစ်ရတဲ့"သူ"။"သူ"သာလျှင်ကျွန်တော့်ဘဝရဲ့အရာရာ.....။

ခင်ဗျားတို့တွေးကြလိမ့်မယ်ကျွန်တော်သူ့ကိုချစ်ပါလျက်နဲ့ဘာကြောင့်သူ့ကိုချစ်မိတာကိုနောင်တရသလဲပေါ့...ဟင့်အင်း..ကျွန်တော်သူ့ကိုချစ်မိခဲ့တာကိုနောင်တရတာမဟုတ်ဘူး..အချိန်လွန်မှချစ်မိခဲ့တာကိုကျွန်တော်နောင်တရတာ..ကျွန်တော့်အတွက်အသက်ရှင်ဖို့သိပ်မကျန်တော့တဲ့အချိန်မှာမှသူနဲ့တွေ့ဆုံပြီးချစ်မိခဲ့တာကိုကျွန်တော်နောင်တရနေတာ...ဟုတ်တယ်..ကျွန်တော့်မှာ‌ေသွးကင်ဆာနောက်ဆုံးအဆင့်ရောက်နေပြီကျွန်တော့်မှာအသက်ရှင်ဖို့အချိန်6လဘဲကျန်တော့တယ်ကျွန်တော်မသိခဲ့ဘူးကျွန်တော့်မှာဒီရောဂါဆိုးကြီးရှိနေလိမ့်မယ်လို့ကျွန်တော်မသိခဲ့မိဘူးအခုကျွန်တော်သိလိုက်တဲ့အချိန်က‌သိပ်နောက်ကျသွားပြီကျွန်တော်သူ့ကိုချစ်မိသွားခဲ့ပြီးပြီ။သူနဲ့ကျွန်တော်ချစ်သူတွေဖြစ်သွားခဲ့ကြပြီးပြီ...။ဘာလို့လဲ?ကျွန်တော့်ကျမှဘာလို့ဒီရောဂါဆိုးကြီးကလာဖြစ်နေရတာလဲ?ကျွန်တော်တခြားသူတွေပျော်ရွှင်ဖို့အကြိမ်ကြိမ်လုပ်ခဲ့ပေမယ့်အခုတကြိမ်ပျော်ရွှင်အောင်လုပ်ဖို့ကကျွန်တော်ကိုယ်တိုင်ဖြစ်နေလိမ့်မယ်လို့မထင်ခဲ့မိဘူး....။ဒါ‌ေပမယ့်ဒီတစ်ကြိမ်တော့ကျွန်တော်ပျော်ရွှင်ဖို့အတွက်မကြိုးစားတော့ဘူး.."သူ"ပျော်ရွှင်ဖို့အတွက်၊သူ့ဘဝလေးကောင်းစားဖို့အတွက်ကိုဘဲကျွန်တော်ကြိုးစားတော့မယ်...ဒါဟာကျွန်တော်သူ့ပေါ်ထားတဲ့ကွျန်‌ေတာ့်ရဲ့ချစ်ခြင်းမေတ္တာပါ..။
ဒါဟာကျွန်တော်လုပ်ပေးနိုင်တဲ့နောက်ဆုံးအရာပါ...။

"သူ"ဆိုတာကြည်တောက်နေတဲ့မျက်ဝန်းဝိုင်းဝိုင်းလေးတွေကိုပိုင်ဆိုင်ထားတဲ့"သူ"၊ချစ်စရာကောင်းတဲ့ယုန်သွားလေးနှစ်ချောင်းကိုပိုင်ဆိုင်ထားတဲ့"သူ"၊ဆိုးဆေးမပါဘဲနီရဲနေတဲ့နှုတ်ခမ်းပါးတစ်စုံနဲ့ထိုနှုတ်ခမ်းပါးအောက်ကထင်ရှားတဲ့မှဲ့နက်လေးတည်ရှိနေတဲ့"သူ"၊ရယ်လိုက်ရင်ဖြစ်ပေါ်လာတဲ့bunny smileလေးကပြုံးလိုက်ရင်လှလှပါချည်ရဲ့ဆိုတဲ့မိုနာလီဇာတောင်အရှုံးပေးရတဲ့"သူ"၊နောက်ဆုံး..ပါးပြင်ထက်ကအမာရွတ်လေးကအစချစ်စရာကောင်းနေတဲ့"သူ".....။
"သူ"ဆိုတာဂျွန်ဂျောင်ကုဆိုတဲ့အမည်မှည့်သွင်ထားတဲ့ကျွန်တော်ဆိုတဲ့ကင်ဆော့ဂျင်ရဲ့ဘဝထဲကိုမဖိတ်ခေါ်ဘဲရောက်လာတဲ့"သူ"။
အချစ်ရဲ့သက်ေတကဘာလဲလို့မေးလိုက်ရင်လူတော်တော်များများဖြေကြမှာကHeart၊ဒါမှမဟုတ်အနီရောင်...ဒါပေမယ့်ကျွန်တော့်အတွက်ကတော့အချစ်ရဲ့သက်ေတကဘာလဲလို့‌ေမးခဲ့ရင်ကျွန်တော့်ရဲ့အဖြေက..ဂျွန်ဂျောင်ကုဆိုတဲ့"သူ"ပါဘဲ......။

Rewrite the stars✨(Completed)Where stories live. Discover now