The truth untold

111 7 1
                                    

Jn""ဂျောင်ကုလေး....ကိုယ့်ကိုချစ်လား?"
Jk"ဟင်!ရုတ်တရက်ကြီးဘာထဖြစ်တာလဲအကိုရဲ့"
Jn"ဘာမှမဖြစ်ပါဘူး ကိုယ်ဒီတိုင်းကြားချင်လို့ပါ"
Jk"အကိုကလည်း....."
Jn"ကိုယ်မေးတာဖြေပါဂျောင်ကုရားး"
Jk"ဟင်းးးအကိုကတော့လေ ချစ်တယ်!ချစ်တယ်ဟောဒီကကင်ဆော့ဂျင်ကိုအရမ်းချစ်တယ်ကျေနပ်ပြီလား?!"
ထိုအခါပါးပြင်ထက်ကနေမျက်ရည်တစ်စက်ကျဆင်းသွားတဲ့ဆော့ဂျင်ကြောင့်
Jk"ဟင်!အကို အကိုငို..ငိုနေတာလား?ဘာလို့လဲ?"
Jn"အာ..ကိုယ်ငိုတာမဟုတ်ပါဘူး..ဂျောင်ကုရဲ့နှုတ်ခမ်းပါးကနေချစ်တယ်ဆိုတဲ့စကားကြားရလို့‌ေပျာ်ပြီးမျက်ရည်ကျမိတာပါဂျောင်ကုရဲ့ချစ်တယ်ဆိုတဲ့စကားလေးကိုကြားရတဲ့အချိန်တိုင်းကကိုယ့်ကိုအတိုင်းမသိပျော်ရွှင်စေတယ်ပြောရင်ဂျောင်ကုယုံမလား?"
Jk"အကိုရယ်..."
မျက်ရည်လေးတွေဝဲစပြုနေတဲ့သူသိပ်ချစ်ရတဲ့သူလေးကိုရင်ခွင်ထဲထည့်ပြီးဖက်ထားလိုက်မိတယ်..ချစ်ရသူလေးကလည်းသူ့ရဲ့ခါးကိုတင်းကြပ်စွာပြန်လည်ဖက်တွယ်ထားခဲ့တယ်.....
Jn"ကိုယ် ဂျောင်ကုကိုသိပ်ချစ်တယ်ဆိုတာထက်ကိုယ်ဂျောင်ကုကိုသိပ်မြတ်နိုးတယ်ကွယ်"
Jk"ကျွန်တော်လည်း..အကိုနဲ့ထပ်တူပါဘဲအကိုရယ်"
---------------------------------------------------------
ထယ်ယောင်းတစ်ယောက်ဆေးခန်းကအပြန်
တွေ့လိုက်ရတဲ့သူကြောင့်
Th"ကိုကို!"
Jn"ယောင်းငယ်.."
Th"ကိုကို..ယောင်းဆီကိုလာတာလား?"
Jn"အင်း"
Th"ဒါဆိုယောင်းတို့တစ်ခုခုသွားစားရင်းစကားပြောကြမလား?ယောင်းလည်းဗိုက်ဆာနေတာနဲ့ပြီးတော့ကိုကိုနဲ့လည်းမတွေ့ရတာကြာတော့..ယောင်းကားနဲ့ဘဲအတူသွားကြမယ်ကိုကို့ကားကိုအိမ်ကသူတစ်ယောက်ယောက်ကိုလာယူခိုင်းလိုက်လေ"
ဟုဆိုကာထယ်ယောင်းတစ်ယောက်ကားရှိရာကိုအရှေ့ကနေလျှောက်သွားလေတယ်ကားဆီရောက်တော့
Jn"ကိုယ့်မှာသွေးကင်ဆာရှိနေတယ်မလား?...ယောင်းငယ်..."
အနောက်ပါးကနေကြားလိုက်ရတဲ့အသံကြောင့်ကားတံခါးဖွင့်ဖို့လုပ်နေတဲ့သူ့လက်တို့ရပ်တန့်သွားကာမျက်ဝန်းအိမ်တို့ကလည်းမတည်မငြိမ်ဖြစ်လာမိတယ်..သို့သော်သူ့ရဲ့ပျက်ယွင်းနေတဲ့ပုံစံကိုကိုကိုရိပ်မိမှာစိုးသဖြင့်မတည်ငြိမ်နေတဲ့စိတ်အစုံကိုပြန်ထိန်းချုပ်ကာကိုကို့ဘက်လှည့်ပြီးခပ်နောက်နောက်ပြောလိုက်မိတယ်
Th"ကိုကိုကလည်း..ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?ဆရာဝန်ကိုယ်တိုင်ကကိုကို့မှာဘာရောဂါမှမရှိပါဘူးလို့ယောင်းကိုသေချာပြောလိုက်တဲ့ဟာ ကိုကိုက‌ေတာ့လေ..."
ထိုသို့ပြောလိုက်ပေမယ့်သူ့ရဲ့မျက်ဝန်းတွေကိုသေချာစူးစိုက်ကြည့်လာတဲ့ကိုကို့ကြောင့်သူတံတွေးတစ်ချက်မြိုချလိုက်မိတယ်
Jn"ယောင်းငယ်........ကိုကို့ကိုကြောက်နေတာလား?တံတွေးတွေမြိုချနေတော့ဒါမှမဟုတ်ကိုကိုမသိ‌ေအာင်တစ်ခုခုများလုပ်ထားလို့လား?"
Th"ဟင့်အင်း..ယောင်းဘာမှမလုပ်ထားပါဘူး"
Jn"သေချာလားယောင်းငယ်..?"
Th"......."
Jn"ဟားဟား...ကိုကိုကစလိုက်တာပါကွာဘယ်လိုဖြစ်လို့အဲ့လောက်တောင်ကြောက်နေရတာလဲကိုကို့ကို ဟမ်?"
Th"ဟာ ကိုကိုကလည်း..ယောင်းကအတည်ထင်သွားတာ"
Jn"ကိုကိုကဒီတိုင်းစလိုက်တာပါကွာယောင်းငယ်ကိုကြောက်စေခဲ့ရင်sorryပါကွာ"
Th"ရပါတယ်"
Jn"ကဲဒါဖြင့်ရင်..ကိုကိုတို့အခုစားသောက်ဆိုင်တစ်ဆိုင်သွားကြရအောင်ယောင်းငယ်ဗိုက်ဆာနေပြီမလား?"
Th"အင်း"
Jn"ဒါဆိုကားပေါ်တက်..ယောင်းငယ်ကဘေးကဘဲထိုင်လိုက်ခဲ့နော်ကိုကိုဘဲမောင်းခဲ့လိုက်မယ်"
Th"ဟုတ်"

ကားမောင်းနေတဲ့တစ်လျှောက်လုံးထယ်ယောင်းတစ်‌ေယာက်ဆော့ဂျင်ကိုဘဲခိုးခိုးပြီးကြည့်နေမိပြီးစိတ်ထဲမှာလည်း
Th pov*ကိုကိုကခုနကစတယ်တာပြောတာမသိရင်ရောဂါအကြောင်းသိနေသလိုဘဲ..မဟုတ်မှ..ကိုကိုသိများသိနေတာလား?ဟာ..မဖြစ်နိုင်ပါဘူးကိုကိုကဘယ်လိုလုပ်သိမှာလဲငါကရောဂါမရှိပါဘူးပြောထားတဲ့ဟာ..ဟုတ်တယ် ကင်ထယ်ယောင်းလျှောက်တွေးမနေနဲ့..ကိုကိုကဒီတိုင်း..စလိုက်တာ ဟုတ်တယ် ဒီတိုင်းစလိုက်တာ*

ထိုနေ့ကတစ်ယောက်တည်းအတွေးတစ်ချို့နဲ့ပျာယာခတ်နေတဲ့သူတစ်ယောက်ကိုကြည့်ကာမျက်ရည်တွေကျနေခဲ့ပြီးထိုအတွေးများနေတဲ့ကောင်လေးသိမှာစိုးသဖြင့်မျက်ရည်တို့ကိုအလျင်အမြန်ခိုးသုတ်ခဲ့တဲ့သူတစ်ယောက်လည်းရှိနေခဲ့‌လေတယ်............


Rewrite the stars✨(Completed)Where stories live. Discover now