ကျွန်တော့်နာမည်ကင်ဆော့ဂျင်ပါ
ကျွန်တော်ကသူေဌးသားတစ်ေယာက်ပါဒါေပမယ့်သာမန်လူတစ်ယောက်လိုနေရတာကိုဘဲသဘောကျတယ်ပြီးတော့သာမန်လူသားတစ်ဦးလိုဘဲရှင်သန်ချင်တယ်....
ကျွန်တော့်ရဲ့ရည်မှန်းချက်ကဘာလဲလို့မေးလာခဲ့ရင်တော့ကျွန်တော့်မှာဖြေစရာတစ်ခုဘဲရှိပါတယ်..အဲ့ဒါက..ကျွန်တော်ချစ်ရသူတွေရဲ့ပျော်ရွှင်ခြင်းပါဘဲ..ကျွန်တော့်အဖြေကရူးကြောင်ကြောင်နိုင်ကောင်းနိုင်ပါလိမ့်မယ်ဒါပေမယ့်ကျွန်တော့်အတွက်ကတော့အဲ့ဒီအဖြေကကျွန်တော်ရှင်သန်နေရခြင်းရဲ့အဓိကအချက်ပါဘဲ..ကျွန်တော်ကတခြားသူတွေနဲ့မတူဘူးဗျ။တခြားသူတွေလိုဆရာဝန်ဖြစ်ချင်တယ်၊အင်ဂျင်နီယာကြီးဖြစ်ချင်တယ်၊Ceoတစ်ယောက်ဖြစ်ချင်တယ်အဲ့လိုရည်မှန်းချက်မျိုးကျွန်တော့်မှာမရှိဘူးကျွန်တော်ဖြစ်ချင်တာကျွန်တော်လုပ်ချင်တာကကျွန်တော်ချစ်ရသူတွေပျော်ရွှင်ရဖို့ဘဲသူတို့တွေပျော်ရွှင်ရမယ်ဆိုရင်ကျွန်တော်ဘာဘဲလုပ်ရလုပ်ရကျွန်တော်လုပ်မှာအဲ့လိုကျွန်တော်လုပ်လိုက်လို့သူတို့တွေပျော်ရွှင်သွားကြရင်ကိုကျွန်တော်ကျေနပ်တယ်ဒါဟာကျွန်တော့်ရည်မှန်းချက်ဘဲ.....။
ကျွန်တော်ချစ်ရသူတွေကိုပျော်ရွှင်အောင်လိုက်လုပ်ပေးတယ်ဆိုလို့ကျွန်တော့်ကိုလူရွှင်တော်လို့တော့မအောက်မေ့လိုက်နဲ့ကျွန်တော်ဟာလူရွှင်တော်တစ်ဦးမဟုတ်ရပါဒီတိုင်း...ပျော်ရွှင်စေချင်ရုံပါ။ရှင်သန်ရတဲ့လူ့ဘဝတိုတိုလေးမှာပျော်ရွှင်စွာနေသွားကြစေချင်ရုံလေးပါ.....ဒါဟာကျွန်တော့်ရဲ့အကြောင်းမမည်တဲ့ကျွန်တော့်ရဲ့အကြောင်းမိတ်ဆက်အစပါဘဲ.....။