ထိုနေ့မှစ၍သူနဲ့ကျွန်တော်အမြဲလိုလိုတွေ့ဖြစ်ကြတယ်အရင်ကထက်လည်းပိုရင်းနှီးလာကြတယ်အဘယ်ကြောင့်ဆိုသူလေးနဲ့အတူအလုပ်ဝင်လုပ်နေသောကြောင့်ပင်......သူငယ်ချင်းဖြစ်သူထံသူလေးကအလုပ်လုပ်နေတာကြောင့်လည်းသူငယ်ချင်းကိုအပူကပ်တာကိုယ်ပါအလုပ်ဝင်လုပ်နေခဲ့တာလည်းသုံးလပြည့်တော့မယ်....အလုပ်စဝင်ချိန်ကသူငယ်ချင်းဖြစ်သူရဲ့"မင်းတော့ရူးနေပြီ"ဆိုပြီးပြောတော့လည်းကိုယ့်မှာမငြင်းနိုင်အမှန်တကယ်လည်းသူလေးကြောင့်အချစ်ရူးရူးနေခဲ့တာကို....တကယ်ပါသူလေးကြောင့်တစ်ခါမှမလုပ်ဖူးတဲ့အလုပ်တွေလည်းဝင်လုပ်နေရပြီးနေ့ချင်းညချင်းသူဌေးသားဘဝကနေအချိန်ပိုင်းအလုပ်သမားလေးအဖြစ်လည်းပြောင်းလဲသွားရတော့တယ်...သို့ေသာ်လည်းမမှုပါအဓိကကသူလေးဘေးမှာရှိနေရဖို့နဲ့သူလေးရဲ့မျက်နှာလေးကိုမြင်တွေ့ရဖို့သာဖြစ်တာကြောင့်သူလေးနားမှာသာနေခွင့်ရမည်ဆိုပါကအချိန်ပိုင်းအလုပ်သမားမကလို့သန့်ရှင်းရေးသမားဘဲလုပ်ရလုပ်ရ၊လုံခြုံရေးဘဲလုပ်ရလုပ်ရလုပ်မည်ဟုဆုံးဖြတ်ထားသည်.......
အလုပ်အသွားအပြန်ကိုလည်းသူလေးကဘတ်စ်ကားတိုးစီးပြီးသွားတာကြောင့်ဝယ်ထားတာမကြာေသးတဲ့ကားအသစ်စက်စက်လေးကိုလည်းချောင်ထိုးထားခဲ့ကာတစ်ခါမှမစီးဘူးတဲ့ဘတ်စ်ကားလည်းတိုးစီးခဲ့ရပြန်တော့တယ်..... Companyကိုမဦးစီးဘဲစားသောက်ဆိုင်မှာအလုပ်ဝင်နေတာကိုသိသွားသောappaနဲ့ommaကိုလည်း"သားကကိုယ့်အားကိုယ်ကိုးပြီးဘဲလုပ်ချင်တာappaရဲ့companyမှာဝင်လုပ်ရင်ကျကိုယ့်appaရဲ့companyဖြစ်နေတော့ကိုယ့်အားကိုယ်ကိုးရာမရောက်ဘူးappaရဲ့"ဟုမလိမ်စဖူးလိမ်ပြောခဲ့ရသေးသည်...appaနဲ့ommaကတော့သဘောေတွကျပြီးချီးကျူးေနပေမယ့်ကိုယ်ကတော့ပြန်ရယ်ပြရုံကလွဲပြီးဘာမှပြန်မပြောနိုင်ခဲ့.......ကိုယ့်အကြောင်းကိုယ်သာအသိဆုံးမလား...မလုပ်ဖူးတဲ့အလုပ်တွေလုပ်ရတာကြောင့်ခြေတွေလက်တွေညောင်းကိုက်နေပါသော်လည်းမညီးညူနိုင်အဘယ်ကြောင့်ဆိုကိုယ်ကိုယ်တိုင်ရွေးချယ်ခဲ့သည်မဟုတ်လား...ကိုယ်တိုင်တောင်ခြေတွေလက်တွေညောင်းကိုက်နေတာသူလေးရောကိုယ့်လိုဘဲညောင်းကိုက်နေရှာမလားဟုစိုးရိမ်မိပြန်တော့ကိုယ်ဖြစ်နေတဲ့ဝေဒနာတွေကိုတောင်မေ့ပျောက်သွားပြန်တော့တယ်.....
တစ်ခါတစ်ရံအလုပ်ဒဏ်ကြောင့်ပင်ပန်းနွမ်းနွယ်တဲ့ေန့တွေရှိခဲ့ပင်မယ့်လည်းထိုရက်တွေမှာသူလေးရဲ့မျက်နှာလေးကိုမြင်ယောင်ကာသူ့အကြောင်းစဉ်းစားလိုက်တာနဲ့ပင်ပန်းမှုတွေပျောက်သွားပြီးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်ခဲ့ရတဲ့ရက်တွေလည်းရှိခဲ့ဖူးတယ်....
မလုပ်နိုင်လောက်ေတာ့ဘူးဟုေတွးခဲ့မိတဲ့အချိန်တွေတိုင်းမှာလည်းသူလေးကိုမြင်ယောင်မိပြန်တော့ကိုယ့်ကိုယ်ကိုပြန်အားပေးကာသည်းခံလုပ်ခဲ့ရတဲ့နေ့တွေလည်းရှိခဲ့ဖူးတယ်.....ဒါတွေအားလုံးဟာ"သူ"လေးကြောင့်သာဂျွန်ဂျောင်ကုဆိုတဲ့"သူ"လေးဖြစ်နေလို့သာ.......အဲ့ဒီလောက်အထိမင်းလေးကကိုယ့်ဘဝမှာအရေးပါနေတာမင်းလေးကတော့သိနိုင်မယ်မထင်ပါ.........။