Isn't Me

133 9 1
                                    

Th"ဂျောင်ကု!"
Jk"ထယ်ယောင်း.."
Th"စိတ်လှုပ်ရှားနေလား?"
Jk"အင်း.."
Th"မင်း..ကံကောင်းတယ်သိလား?"
Jk"ဘာလို့?"
Th"ကိုကို့လိုလူမျိုးရဲ့အချစ်ကိုပိုင်ဆိုင်ခွင့်ရလို့လေပြီးတော့ကိုကိုနဲ့အတူမိသားစုဘဝလေးကိုတည်ဆောက်ခွင့်ရတော့မှာမို့လို့"
Jk"ဟီး အဲ့ဒါတော့ဟုတ်တယ် အကို့လိုလူမျိုးကိုပိုင်ဆိုင်ခွင့်ရတာငါအရမ်းကံကောင်းတာဘဲနော်"
Th"ဂျောင်ကု!"
Jk"ဟင်"
Th"မင်းကိုကို့ကိုသစ္စာရှိရှိချစ်ပေးပါပြီးတော့ကိုကို့ကိုပျော်ရွှင်အောင်ထားပေးပါကိုကိုပျော်ရွှင်နေတာကိုဘဲငါမြင်ချင်တယ်.."
Jk"စိတ်ချပါထယ်ယောင်း ငါကလည်းအကို့တစ်ယောက်တည်းကိုဘဲချစ်တာပါပြီးတော့အကိုပျော်ရွှင်နေတာကိုဘဲမြင်ချင်‌တဲ့သူပါဒါကြောင့်မင်းစိတ်မပူပါနဲ့"
Th"အင်း...ဪ!မင်းခန်းမထဲဝင်ရတော့မှာဆိုတော့ငါလည်းသွားတော့မယ်လေ"
Jk"အင်း"
Th"အဲ့ဒါဆိုငါသွားပြီ"
ထွက်သွားတဲ့ထယ်ယောင်းကိုကြည့်ရင်း
Jk"ထယ်ယောင်း..ငါမင်းကိုသနားလိုက်တာ"
---------------------------------------------
ဆော့ဂျင်တစ်ယောက်ခန်းမအလယ်မှာနေရာယူရင်းခန်းမတံခါးကိုဖွင့်ကာဝင်လာမယ့်ချစ်ရသူကိုစိတ်လှုပ်ရှားစွာစောင့်နေမိတယ်
ထိုစဉ်ခန်းမတံခါးကိုဖွင့်ကာဝင်လာတဲ့အဖြူရောင်သတို့သားဝတ်စုံနဲ့အမျိုးသားငယ်လေးဟာနတ်ပြည်ကနတ်သက်ကြွေတဲ့နတ်သားလေးအလား...ဖြူဝင်းတဲ့အသားအရေနဲ့ဆိုးဆေးကြောင့်နီရဲ‌ေနတဲ့နှုတ်ခမ်းပါးတစ်စံုနဲ့အဖြူ‌ေရာင်သတို့သား‌ေလးဟာမဂ်လာပွဲကိုတက်ရောက်ကြတဲ့လူအများရဲ့အာရုံကိုအပြည့်အဝဖမ်းစားထားနိုင်လွန်းပေတယ်
သူရှိရာအရပ်ကိုဖခင်ဖြစ်သူရဲ့လက်ကိုချိတ်ဆွဲကာတစ်လှမ်းချင်းလျှောက်လှမ်းလာတဲ့သူသိပ်ချစ်ရတဲ့သူ..မကြာခင်မှာသူ့ဘဝရဲ့ဘဝလက်တွဲဖော်အမျိုးသားဖြစ်လာ‌ေတာ့မယ့်သူ...ထိုအမျိုးသားငယ်လေးကိုပိုင်ဆိုင်ခွင့်ရတော့မှာပါလားဆိုတဲ့အတွေးနဲ့တင်ဘယ်‌ေလာက်ပျော်ရွှင်နေမိလဲဆိုတာပါးပြင်ထက်ကဖြတ်သန်းစီးဆင်းသွားတဲ့မျက်ရည်စက်တို့ကသက်သေပင်.....သူထိုအမျိုးသားငယ်လေးကိုသိပ်ချစ်ရပါသည်

သူခန်းမထဲစဝင်ကတည်းကစိတ်လှုပ်ရှားနေမိတာ...ခန်းမအလယ်မှာစောင့်နေတဲ့အကို့ဆီကိုအကြည့်ရောက်မိတော့သူရဲ့စိတ်လှုပ်ရှားမှုတွေကဘယ်ဆီရောက်သွားမှန်းမသိအကို့ရဲ့အဖြူရောင်သတို့သားဝတ်စုံနဲ့ခန့်ညားချောမောနေမှုအောက်မှာသူနစ်မြောမိသွားတာ.....ဖာသာရဲ့နံဘေးမှာနေရာယူကာသူအလာကိုစောင့်ဆိုင်းနေတဲ့အကို့ကိုကြည့်ရင်းအကိုရှိရာကို‌ေလျှာက်လှမ်းမိ‌ေတာ့အကိုဟာသူ့ကိုချစ်ရိပ်အပြည့်နဲ့ကြည့်ရင်းမျက်ရည်တွေစီးကျနေခဲ့တာ...ထိုပုံရိပ်ကိုမြင်လိုက်ရတဲ့သူကိုယ်တိုင်လည်းအကိုနဲ့အတူငိုမိခဲ့တာ....အကို့နဲ့မျက်နှာချင်းဆိုင်မှာနေရာယူကာရပ်လိုက်တဲ့အခါမှာအကိုဟာသူ့ဆီကိုလက်ကမ်းပေးနေခဲ့တယ်...ကမ်းပေးနေတဲ့အကို့ရဲ့လက်ကိုပြန်လည်ဆုပ်ကိုင်လိုက်တော့သူ့ရဲ့လက်ကိုနူးညံ့စွာဆုပ်ကိုင်လိုက်တဲ့အကို.......အနားနားကပ်ကာပြောလာတဲ့"ကိုယ့်ရဲ့အမျိုးသားလေးကအရမ်းလှတာဘဲ"ဆိုတဲ့စကားလေးတစ်ခွန်းကြောင့်လည်းသူ့မှာရှက်သွေးဖြာခဲ့ရသေးတာ...အကိုဟာသူ့ရဲ့ရှက်နေတဲ့ပုံစံကိုသဘောကျစွာခပ်ဟဟ‌ေလးရယ်လိုက်ပြန်တော့သူ့မှာထိုအပြုံးကိုငေးမောမိပြန်သည်မှာသတိလက်လွတ်........ဖာသာရဲ့အသံကြားမှသူသတိပြန်ဝင်လာတော့တယ်....ထိုကဲ့သို့ကင်ဆော့ဂျင်ဆိုတဲ့အမျိုးသားဟာသူ့အပေါ်မှာလွှမ်းမိုးနိုင်လွန်းပါတယ်......
........"သတို့သားကင်ဆော့ဂျင်...သတို့သားဂျွန်ဂျောင်ကုကိုသင့်ရဲ့ဘဝလက်တွဲဖော်အိမ်ထောင်ဖက်အမျိုးသားအဖြစ်လက်ခံသဘောတူပါသလား?"
Jn"ဟုတ်ကဲ့ သဘောတူပါတယ်"
......."သတို့သားဂျွန်ဂျောင်ကုကရောသတို့သားကင်‌ေဆာ့ဂျင်ကိုသင့်ရဲ့ဘဝလက်တွဲဖော်အိမ်ထောင်ဖက်အမျိုးသားအဖြစ်လက်ခံသဘောတူပါသလား?"
Jk"ဟုတ် သဘောတူပါတယ်"
......."သတို့သားကင်ဆော့ဂျင်...သတို့သားဂျွန်ဂျောင်ကုကိုသစ္စာရှိစွာနဲ့ရိုး‌ေမြကျတစ်သက်လံုး‌ေပါင်းဖက်နိုင်ပါသလား?"
Jn"ကျွန်တော်ကင်ဆော့ဂျင်သည်ဂျွန်ဂျောင်ကုဆိုတဲ့အမျိုးသားငယ်တစ်‌ေယာက်တည်းကိုသာသစ္စာရှိစွာနဲ့ရိုးမြေကျတစ်သက်လုံးချစ်ပြီးပေါင်းဖက်သွားပါမယ်...အိမ်ထောင်ဘဝရောက်တဲ့အခါမှာလည်းထိုအမျိုးသားငယ်လေးကိုမျက်နှာတစ်ချက်မညှိုးစေရဘဲအမြဲတမ်းပြုံးပျော်စေ‌ေနရပါမယ်လို့လည်းကတိသစ္စာပြုပါတယ်..."
......."သတို့သားဂျွန်ဂျောင်ကုကရောသတို့သားကင်ဆော့ဂျင်ကိုသစ္စာရှိစွာနဲ့ရိုးမြေကျတစ်သက်လုံးပေါင်းဖက်နိုင်ပါသလား?"
Jk"ဟုတ်ကဲ့ ကျွန်‌ေတာ်ဂျွန်ဂျောင်ကုကလည်းဟောဒီကသတို့သားကင်ဆော့ဂျင်တစ်ယောက်တည်းကိုဘဲသစ္စာရှိရှိနဲ့ရိုးမြေကျချစ်ပါ့မယ်ပေါင်းဖက်သွားပါ့မယ်...အိမ်ထောင်ဘဝရောက်တဲ့အခါမှာလည်းထိုအမျိုးသားအ‌ေပါ်အချစ်မလျော့ဘဲဒီထက်မကပိုပြီးအများကြီးချစ်သွားပါ့မယ်လို့ကတိသစ္စာပြုပါတယ်"
........."ယခုအချိန်မှစပြီးသတို့သားကင်ဆော့ဂျင်နဲ့သတို့သားဂျွန်ဂျောင်ကုဟာအကြင်ခင်ပွန်းတွေဖြစ်သွားပါပြီသတို့သားဂျွန်ဂျောင်ကုဟာခင်ပွန်းဖြစ်သူရဲ့မျိုးရိုးဖြစ်တဲ့ကင်မျိုးရိုးကိုပြောင်းလဲလက်ခံတဲ့အနေနဲ့သတို့သားကင်ဂျောင်ကုဖြစ်သွားပါပြီလက်ထပ်လက်စွပ်အပြန်အလှန်စွပ်ပေးပြီးအကြင်နာအနမ်းပေးနိုင်ပါပြီ"

ထို့နောက်မှာ‌ေတာ့တစ်ယောက်ကိုတစ်‌ေယာက်အပြန်အလှန်လက်စွပ်စွပ်ပေးရင်းအကြင်နာအနမ်းတွေပေးနေတဲ့အဖြူ‌ေရာင်သတို့သားဝတ်စုံနဲ့ကောင်လေးနှစ်ယောက်လည်းရှိခဲ့သလို....................
ခန်းမအလယ်မှာအကြင်နာအနမ်းပေးနေကြတဲ့သတို့သားနှစ်ဦးကိုခန်းမကြီးရဲ့တစ်ထောင့်တစ်နေရာကနေကြည့်ပြီးဘယ်သူမှမသိအောင်ကြိတ်ကာငိုနေရှာတဲ့ကောင်လေးတစ်ယောက်လည်းရှိခဲ့လေတယ်........................

Rewrite the stars✨(Completed)Where stories live. Discover now