Jealous

147 9 6
                                    

Jk"အကို!!"
Jk pov*အကိုနဲ့ဟိုလူနဲ့ကဘယ်လိုပတ်သက်နေတာလဲ?ဟိုလူကဘာလို့အကို့ကို"ကိုကို"လို့ခေါ်တာလဲ?!ပြီးတော့အကိုကရောဘာလို့ဟိုလူ့ကို"ယောင်းငယ်"လို့ခေါ်တာလဲ?အားးဘာတွေလဲ!!*
ထိုစဉ်ဟိုလူမှာထားတဲ့ice-coffeeရပြီဖြစ်တာကြောင့်အကိုနဲ့ဟိုလူရှိရာစားပွဲဝိုင်းကိုသွားပြီး
Jk"ဒီမှာ~မှာထားတဲ့ice-coffeeရပါပြီ"
Th"အာ ဟုတ်ကဲ့"
ဂျောင်ကုတစ်‌ေယာက်ထိုလူနဲ့အကိုနဲ့ဘာ‌ေတွပြောနေကြတာလဲသိချင်တာကြောင့်မသွားသေးဘဲရပ်နေမိတော့
Th"ညီလေး~ကိုယ်ထပ်မှာထားတာမရှိ‌ေတာ့ဘူးနော်"
Jk"ဗျာ အာ ဟုတ် ဟုတ်ကဲ့"
ဂျောင်ကုမသွားချင်သွားချင်နဲ့ထိုစားပွဲဝိုင်းနားကနေထွက်လာခဲ့ရတော့တယ်...သို့သော်စိတ်ထဲတွင်တော့အခဲမကြေသေး...ဒါကြောင့်ဂျောင်ကုဆိုင်ထဲကစားသုံးသူတွေကိုလိုက်ကြည့်လိုက်တော့သူ့ဟာနဲ့သူစားနေကျပြီးနည်းနည်းလည်းလူရှင်းနေတာကြောင့်နှုတ်ခမ်းပါးတို့ကွေးညွတ်သွားပြီးထိုလူနဲ့အကိုထိုင်နေတဲ့စားပွဲဝိုင်းရဲ့အနောက်ကစားပွဲဝိုင်းမှာသွားထိုင်ကာသူတို့ပြောတာတွေကိုနားစိုက်နားထောင်နေမိတယ်.......
Th"ကဲ ကိုကို!အခု‌ေယာင်းလည်းဆိုင်ကိုရောက်လာပြီဆိုတော့ကိုကိုဘာကြောင့်ပြောင်းလဲသွားရတာလဲဆိုတဲ့အကြောင်းအရင်းကိုပြောပြတော့!"
Jn"ဟားဟား ယောင်းငယ်ကအရမ်းတွေသိချင်နေတာပါလား"
ဟုဆိုကာထယ်ယောင်းရဲ့ဆံပင်လေးတွေကိုဖွလိုက်တာကြောင့်အနောက်ကနေကြည့်နေတဲ့ဂျောင်ကုမှာတော့
Jk pov*ဟာ အဲ့လက်ကဘာလုပ်တာလဲ?ဘာလို့ဟို့လူ‌ဆံပင်တွေကိုသွားဖွတာလဲ?ပြုံးတယ်
ဟိုလူနဲ့စကားပြောနေတာကိုပြုံးရွှင်ပြီးပြောနေတယ်ပေါ့ ဟင်းးးးကင်ဆော့ဂျင် ကင်ဆော့ဂျင်*
မီးဝင်းဝင်းတောက်နေတဲ့အကြည့်တွေနဲ့ဂျောင်ကုကြည့်နေမိပေမယ့်ဆော့ဂျင်ကတော့သူ့ကိုမမြင်..အဘယ်ကြောင့်ဆိုကင်ဆော့ဂျင်ကသူ့ကိုကျောပေးပြီးထိုင်နေတာကြောင့်ပင်သို့သော်သူ့ကိုမြင်နေရပါတဲ့ထိုလူကတော့သူ့အကြည့်တွေကိုမြင်ပါသော်လည်းဂရုမစိုက်ဟန်အကိုနဲ့ဆက်ပြီးသာစကားပြောနေလေရဲ့

တစ်ဖက်ကထယ်ယောင်းမှာလည်း
Th"ကိုကို!ကိုကို့နောက်မှာထိုင်နေတဲ့သူကယောင်းတို့ကိုစိုက်ကြည့်နေတယ်!ကိုကိုနဲ့သိလို့လား?"
Jn"ဟင် ဟုတ်လား?ဘယ်သူက...ဟင်!ဂျောင်ကု~"
ဆော့ဂျင် ထယ်ယောင်းပြောစကားကြောင့်အနောက်လှည့်ကြည့်မိတော့သူတို့နှစ်ဦးကိုဝါးမြိုမတတ်စိုက်ကြည့်နေတဲ့ဂျောင်ကုကိုတွေ့လိုက်ရပြီး....
ထယ်ယောင်းကသူနဲ့ကိုယ်နှစ်ယောက်ကြားသာကြားနိုင်လောက်တဲ့လေသံနဲ့
Th"ကိုကို~အဲ့ဒါခုနကwaiterကောင်လေးမဟုတ်လား?"
Jn"အင်း"
Th"သူကဘာလို့ယောင်းတို့ကိုစိုက်ကြည့်နေတာလဲ?"
ထယ်ယောင်းရဲ့အမေးကြောင့်ဆော့ဂျင်ပြုံးလိုက်မိတယ်....သူ့ရဲ့ချစ်ရသူလေးကသူနဲ့ထယ်ယောင်းကိုဂျေဝင်နေတာမဟုတ်လား
သို‌့သော်ပြန်‌ေဖြလိုက်မိတာက
Jn"ကိုကိုလည်းမသိဘူး"
Th"......"
ဆော့ဂျင်ဂျေဝင်နေတဲ့သူ‌ေလးကိုကြည့်ပြီးပြုံးပြလိုက်မိတော့သူ့ကိုပြန်ပြီးမျက်လုံးပြူးပြတဲ့ချစ်ရသူလေးကြောင့်ရယ်လိုက်မိတယ်....ရုတ်တရက်ကြီးထရယ်တဲ့ဆော့ဂျင်ကြောင့်ထယ်ယောင်းမှာတော့
Th"ကိုကို!ဘာဖြစ်လို့လဲ?"
Jn"ဟမ် ဪ ဘာမှမဖြစ်ပါဘူး"
Th"မသိပါဘူး ကိုကိုကရုတ်တရက်ကြီးထရယ်နေတော့..."
Jn"ကိုကို့ကိုရူးသွားတယ်မှတ်လို့မဟုတ်လား?"
Th"ဟီးး"
Jk pov*ရယ်တယ်!အကိုကဘာတွေပြောလို့ဟိုတစ်ယောက်ကအဲ့လောက်သဘောကျပြီးရယ်နေရတာလဲ*
ဂျောင်ကုနားထောင်နေပေမယ့်သူနဲ့ဆော့ဂျင်တို့ရဲ့စားပွဲဝိုင်းကနည်းနည်းအလှမ်းဝေးတာကြောင့်သူတို့ပြောတာတွေကို‌ေသချာမကြားရ...ဆက်နားထောင်မလို့လုပ်လိုက်ပေမယ့်ဆိုင်ထဲဝင်လာတဲ့စားသုံးသူတွေကြောင့်ဂျောင်ကုထိုနေရာကနေထထွက်လာခဲ့ရတော့တယ်..‌ေဂျာင်ကုထွက်သွားတော့မှနောက်ပြန်လှည့်ကြည့်နေတဲ့ဆော့ဂျင်လည်းထယ်ယောင်းဘက်ပြန်လှည့်ပြီး
Jn"ဪ ဒါနဲ့ကိုကိုယောင်းငယ်ဆေးခန်းအတွက်နေရာရှာတွေ့ပြီသိလား?ကိုကို့သူငယ်ချင်းတစ်ယောက်ကမြေပွဲစားလေသူ့ကိုရှာခိုင်းလိုက်တာ‌ေတွ့ပြီတဲ့ကိုကို့ကိုဖုန်းဆက်တယ်အဲ့တာမနက်ဖြန်ကျမှကိုကိုနဲ့အတူတူသွားကြည့်ကြမယ်လေ"
Th"ဟုတ် ကိုကို"
Jn"ကဲ ဒါဆိုကိုကိုအလုပ်သွားလုပ်လိုက်အုံးမယ်‌ဟိုမှာဂျောင်ကုလေးတစ်ယောက်တည်းမနိုင်လောက်ဘူး..ယောင်းငယ်ကရောထိုင်အုံးမှာလား?ဒါမှမဟုတ်ပြန်တော့မလား"
Th"ဟင့်အင်း ယောင်းမပြန်သေးဘူးဆက်ထိုင်အုံးမယ်..."
Jn"အင်း ဒါဆိုကိုကိုအလုပ်သွားလုပ်တော့မယ်နော်"
ထိုသို့ပြောပြီးထထွက်သွားတဲ့ကိုကို့ကို
Th"ကိုကို!ဂျောင်ကုဆိုတာခုနကwaiter ကောင်လေးရဲ့နာမည်လား?"
Jn"အင်း ဟုတ်တယ်သူကဂျွန်ဂျောင်ကုတဲ့"
Th"ဪ...."
Jn"ပြီးတော့ ယောင်းငယ်သိချင်နေတဲ့ကိုကို့ကိုပြောင်းလဲစေခဲ့တဲ့အရာ..အဲ့တာကလည်းဂျောင်ကုဘဲ...သူ့ကြောင့်ကိုကိုပြောင်းလဲသွားတာ..ဘာကြောင့်လဲတော့ကိုကိုဖြေစရာမလိုလောက်ဘူးထင်ပါတယ်...ယောင်းငယ်လည်းနားလည်မှာပါ"
Th"ကိုကို~သူ့ကိုအဲ့ဒီလောက်ချစ်တာလား?"
Jn"အင်း ချစ်တယ် သူကလည်းကိုကို့ကိုချစ်တယ် ကိုကိုကလည်းသူ့ကို ကိုကို့အသက်ထပ်ပိုချစ်တယ် အခုလိုတွေယောင်းငယ်ကိုပြောပြနေတာကလည်းယောင်းငယ်ကကိုကို့ညီလေးတစ်ယောက်လိုသဘောထားရတဲ့သူမို့ကိုကိုတို့အကြောင်းကိုအသိပေးတာ.....ဒါကြောင့်ယောင်းငယ်ဘက်ကလည်းကိုကို့ကိုအကိုတစ်ယောက်လိုသဘောထားရင်ကိုကိုတို့နှစ်ယောက်ကိုမကန့်ကွက်စေချင်ဘူး..ဒါပေမယ့်ယောင်းငယ်ဘက်ကကန့်ကွက်မယ်ဆိုရင်လည်းကိုကိုဂရုမစိုက်ဘူးကိုကိုကတော့ရှေ့ဆက်တိုးမှာဘဲ.....ကဲ!ကိုကိုသွားပြီ"
ထို့နောက်မှာတော့ထွက်သွားတဲ့ကျောပြင်ကျယ်ကိုကြည့်ပြီးကျန်နေခဲ့တဲ့ထယ်ယောင်းရဲ့မျက်ဝန်းတွေထဲမှာမျက်ရည်စတွေတွဲခိုနေခဲ့ပေမယ့်နှုတ်ခမ်းပါးတို့ကတော့ပြုံးနေခဲ့ပါတယ်
Th pov*ကိုကိုတောင်အချစ်ကိုတွေ့သွားခဲ့ပြီဘဲ..ကိုကိုအခုလိုပြောင်းလဲသွားတာမြင်ရတာယောင်းအရမ်းပျော်တာဘဲ..ကိုကို့ကိုပြောင်းလဲစေခဲ့သူကယောင်းမဟုတ်ပေမယ့်လည်းပေါ့...*

ထို့နောက်မှာတော့ထယ်‌ေယာင်းပိုက်ဆံရှင်းပြီးထိုဆိုင်လေးထဲကနေထွက်လာခဲ့တော့တယ်..........

Rewrite the stars✨(Completed)Where stories live. Discover now