My Last Wish

99 9 2
                                    

(Idol imageထိခိုက်‌ေစလိုခြင်းမရှိပါ)
Jin's omma"သားဆော့ဂျင်!ဒီကိုခနလာအုံး"
Jn"ဘာပြောမလို့လဲomma"
Jin's omma"သားကိုမားတို့အိမ်ထောင်ချပေးမလို့"
Jn"ဗျာ!ဘယ် ဘယ်သူနဲ့လဲ?"
Jin's appa"ထယ်ယောင်းလေးနဲ့"
Jin's omma"ဟုတ်တယ် သား..သားကိုထယ်ယောင်းလေးနဲ့အိမ်ထောင်ချပေးမလို့အဲ့ဒါသားဘက်ကဘယ်လိုသဘောရလဲ?မားကတော့ထယ်ယောင်းလေးကိုသဘောကျတယ်ကွယ်"
Jn"ဒါပေမယ့်omma....သားမှယောင်းငယ်ကိုမချစ်တာ..သားယောင်းငယ်ကိုညီအရင်းလေးတစ်ယောက်လိုဘဲချစ်တယ်ommaပြီးတော့သားမှာချစ်သူရှိတယ်!"
Jin's omma"ဘယ်လို!သားမှာချစ်သူရှိတယ်ဟုတ်လား?!မားတို့လည်းမသိရပါလား?ဒါဆိုလည်းသားကောင်မလေးကဘယ်သူလဲ?ဘယ်ကလဲ?ဘာအလုပ်လုပ်တာလဲ?ထယ်ယောင်းလေးလောက်အရည်အချင်းမရှိရင်တော့မားတို့ကသဘောမတူနိုင်ဘူးနော်သား"
Jn"သားချစ်သူက..မိန်းကလေးမဟုတ်ဘူး..‌ယောကျာ်းလေး..ပြီးတော့..သူကသားအခုအလုပ်လုပ်နေတဲ့ဆိုင်မှာသားနဲ့အတူအလုပ်လုပ်..."
Jin's omma"တော်တော့!သား!မင်းပြောတဲ့မင်းကောင်လေးကမင်းနဲ့မတူဘူးမတန်ဘူး!အဲ့လိုအရည်အချင်းမရှိတဲ့ကောင်လေးမျိုးနဲ့မားတို့လုံးဝသဘောမတူနိုင်ဘူးနော်!အေး ဒါကြောင့်မင်းအဲ့ကောင်လေးကိုဖျက်လိုက်!"
Jn"Omma!!"
Jin's appa"ဟုတ်တယ် သား..ပါးလည်းသဘောမတူနိုင်ဘူး"
Jn"Appa!!ဘာလို့လဲ?!ဘာလို့သားချစ်သူကသာမန်လူတန်းစားတစ်ယောက်ဖြစ်နေတာနဲ့ommaနဲ့appaကသဘောမတူနိုင်ရတာလဲ?သားချစ်သူကသာမန်အလုပ်သမားတစ်ယောက်မှန်တယ်!ဒါပေမယ့်သူကအလုပ်ကိုကြိုးစားတယ်၊ရိုးသားတယ်၊စိတ်သဘောထားပြည့်ဝတယ်၊ရုပ်ရည်ကလည်းအပြစ်ပြောစရာမရှိအောင်ချောမောတဲ့သူတစ်ယောက်ပါ၊ပြီးတော့အဓိကအချက်‌အနေနဲ့သူ့မှာသားကိုချစ်တဲ့နှလုံးသားတစ်စုံရှိတယ်!ကျန်တဲ့အချက်တွေမရှိရင်နေ!အဲ့အချက်နဲ့တင်သူကသားအတွက်ပြီးပြည့်စုံနေပါပြီ!"
Jin's Omma"ကင်ဆော့ဂျင်!!မင်းပြောသလိုမင်းကိုချစ်တဲ့နှလုံးသားတစ်စုံသူ့မှာရှိတယ်ဘဲထား ဒါပေမယ့်အဲ့အချစ်ဆိုတဲ့အရာနဲ့ဘာလုပ်လို့ရမှာလဲ?အဲ့အချစ်ဆိုတဲ့အရာကဘာမှသုံးစားလို့မရဘူးအဲ့တာမင်းနားလည်လား?ပြီးတော့မင်းချစ်သူမှာစဉ်းစားတတ်တဲ့ဦးနှောက်မပါဘူးလား?ဟမ်!သူ့မှာစဉ်းစားတတ်တဲ့အသိဉာဏ်ပါရင်မမှီတဲ့ပန်းကိုမခူးသင့်ဘူးဆိုတာသူနားလည်ရမှာပေါ့ကွ!!"
Jn"Omma!!ommaကျွန်တော့်ချစ်သူကိုအဲ့လိုမပြောပါနဲ့!!ကျွန်တော်မကြိုက်ဘူး!ပြီးတော့ommaပြောသလိုအချစ်ဆိုတဲ့အရာကတန်ဖိုးမရှိတဲ့အရာတစ်ခု၊သုံးစားလို့မရတဲ့အရာတစ်ခုမဟုတ်ဘူးဗျ!အချစ်ဆိုတဲ့အရာကအဖိုးမဖြတ်နိုင်တဲ့တန်ဖိုးကြီးတဲ့အရာတစ်ခု၊အင်အားကြီးတဲ့မမြင်နိုင်တဲ့စွမ်းအားတစ်ခု!အဲ့အချစ်ကြောင့်ဘဲကျွန်တော်ပြောင်းလဲသွားတာ!အဲ့ဒီommaပြောတဲ့မတူဘူးမတန်ဘူးဆိုတဲ့သူကြောင့်ဘဲကျွန်တော်ဘဝကိုနားလည်ပြီးကိုယ့်အားကိုယ်ကိုးတတ်လာတာ၊သူ့ကြောင့်ဘဲသာမန်လူတန်းစား‌ေတွရဲ့ဘဝ‌ေတွကိုစာနာနားလည်တတ်လာတာအဲ့ဒါတွေအားလုံးကသူ့ကြောင့်ဘဲ!!ဒါကြောင့်သူ့ကိုမတူသလိုမတန်သလိုမဆက်ဆံပါနဲ့!!အကယ်၍ommaတို့ကသူနဲ့ကျွန်တော်နဲ့ကိုမတူဘူးမတန်ဘူးလို့ထင်ရင်လည်းကျွန်တော်ဒီအိမ်ပေါ်ကနေအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ဆင်းမယ်!ဒါဆိုရင်တော့သူနဲ့ကျွန်တော်အဆင့်အတန်းချင်းတူသွားလောက်ပါပြီ"
ဖြန်း!!
Jin's Omma"မွေးရကျိုးမနပ်တဲ့ကောင်!!နင်အဲ့ကောင်ကိုတော်တော်ဖြစ်နေတယ်ပေါ့ဟုတ်လား?ဘာလဲ?သူကနင့်ကိုဘာတွေမြူစွယ်ထားလို့နင်ကဒီလောက်တောင်မွှန်နေရတာလဲ?!!"
Jn"Omma!!!!သူ့ရဲ့သိက္ခာကိုမစော်ကားနဲ့!!သူကကျွန်တော်ကိုမြူစွယ်ခဲ့တာမဟုတ်ဘူး!!ကျွန်တော်ကိုယ်တိုင်ကိုကသူ့ဆီမှာကျရှုံးနေမိတာ!!"
Jin's Omma"မင်း!မင်း..ဟောဒီကမားကိုမသနားတော့ဘူးလား?ဟမ်!မင်းအဲ့ကောင်လေးနဲ့သာလက်ထပ်လို့ကတော့မားသေမှာ!"
Jn"ဟက်..ommaသိလား?ommaကသာသူနဲ့လက်ထပ်ရင်ommaသေမှာပြောနေတာ တကယ်တမ်းအရင်သေရမယ့်သူကommaမဟုတ်ဘူး..ကျွန်တော်"
Jin's appa"မင်းဘာတွေပြောနေတာလဲ?"
Jn"ဟုတ်တယ်appaကျွန်တော့်မှာသွေးကင်ဆာနောက်ဆုံးအဆင့်ဖြစ်နေပြီ"
Jin's Omma"အမယ်လေး!!"
ဆိုဖာပေါ်လဲကျသွားတဲ့ommaကိုဘေးကနေကူတွဲပေးနေတဲ့appa
သူတို့နှစ်ဦးရှေ့ကိုဒူးထောက်ပြီး
Jn"ဟုတ်တယ်..သားမှာ သားမှာသွေးကင်ဆာဖြစ်နေပြီ..ဒါကြောင့်သေတော့မယ့်သူတစ်ယောက်ရဲ့နောက်ဆုံးဆန္ဒလေးကိုommaတို့ဖြည့်ဆည်းပေးလို့မရဘူးလား?သားကိုချစ်တယ်ဆိုရင်...."
Jin's Omma"သားရယ်...မားတောင်းပန်ပါတယ်သားရယ်မားမသိလို့ပါကွယ်မားသားဘလးမှာဒီလိုရောဂါဆိုးကြီးဖြစ်လိမ့်လို့မားမထင်ခဲ့ဘူးကွယ်..မားတို့နိုင်ငံခြားကိုသွားကုကြမယ်လေသား..အဲ့မှာဆို"
Jn"ဟင့်အင်း ommaသားရောဂါကကျွမ်းနေပြီကုလို့မရတော့ဘူးဒါကြောင့်သားနောက်ဆုံးအချိန်မရောက်ခင်‌ေလးမှာသူနဲ့ပျော်ပျော်ရွှင်ရွှင်နေချင်တယ်ommaရယ်သားကိုခွင့်ပြုပေးပါ..."
Jin's Omma"ဟင့် အေးပါကွယ် မား..မားးခွင့်ပြုပါတယ်ကွယ်"
Jn"ကျေးဇူးတင်ပါတယ်omma..appa."
Jin's appa"ပါးလည်းခွင့်ပြုပါတယ်သားရယ်"
Jn"ကျေးဇူးတင်ပါတယ်..သားကျေးဇူးအများကြီးတင်ပါတယ်..သားတစ်ခုလောက်တော့တောင်းဆိုပါရစေသားရဲ့ရောဂါအကြောင်းကိုသူ့ကိုသွားမပြောပြပါနဲ့သားတောင်းဆိုတာပါသားကြောင့်..သူ့ကိုစိတ်ညစ်စေမှာသားမလိုလားဘူးဒါကြောင့်သူ့ကိုသွားမပြောပါနဲ့"
Jin's Omma"အေးပါကွယ် မားတို့ကတိပေးပါတယ်သူ့ကိုသွားမပြောပါဘူးကွယ်ဒါကြောင့်မားသားလေးလည်းမငိုနဲ့တော့နော်တိတ်တော့"
ငိုနေရင်းကပင်ဆော့ဂျင်တစ်ယောက်သူ့အမေရဲ့ရင်ခွင်ထဲမှာတင်အိပ်ပျော်သွားတော့တယ်
Jin's Omma"သားလေးရယ်..အဲ့ဒီကောင်လေးကိုအဲ့လောက်တောင်ချစ်ရသလားကွယ်..မားသားလေးကျမှ..ရက်စက်လိုက်တာကွယ်....အကိုရယ်ကျွန်မသားလေးကျမှ"
Jin's appa"သူ့ကံနဲ့သူလာတာဘဲကွယ်ဘယ်တတ်နိုင်ပါ့မလဲ"
ထိုနေ့ညကအမေဖြစ်သူရဲ့ရင်ခွင်ထဲမှာအိပ်ပျော်နေတဲ့ကောင်ကလေးရယ်ထိုကောင်ကလေးကိုဖက်ပြီးငိုကြွေးနေကြတဲ့သူနှစ်ယောက်ရယ်ရှိလေတယ်........







Rewrite the stars✨(Completed)Where stories live. Discover now