(၄)

1K 174 12
                                    

▶▶▶ နံပါတ်တုတ်◀◀◀

ကျန်းချီကျင်နှုတ်ဆက်ပြီးတာနဲ့ သူနဲ့အနီးဆုံးမှာထိုင်နေတဲ့ လူလိမ်က နှုတ်ဆက်လာသည်။

"မင်္ဂလာပါ ဆရာ.. မင်္ဂလာပါ"

သူ ပြောလိုက်တဲ့ပုံက တစုံတရာလာဘ်ထိုးနေသလိုမျိုးပင်။ (TN::: မျက်နှာလိုမျက်နှာရလုပ်တယ်လို့ပြောချင်တာပါ)

အကျဉ်းထောင်တွင် ထောင်သားတချို့တဝက်က ထောင်စောင့်တွေကို မျက်နှာလိုမျက်နှာရလုပ်တတ်ကြပြီး သူ့ရှေ့မှ လူလိမ်သည်လည်း စာအုပ်ကြီးအတိုင်းလုပ်သည်မှာ အသိအသာပင်။

ကျန်းချီကျင်အနေနဲ့ ဒီလိုအပြုအမူတွေအပေါ် ဘယ်လိုမှမနေပေ။ သူက အနည်းငယ်သောထောင်သားတွေအပေါ် မကြာခဏ မျက်နှာသာပေး၊ အလျော့ပေးတတ်ပေမယ့် သူ့ကို ဖော်လံဖားလုပ်တဲ့အပေါ်မူတည်ပြီး မျက်နှာသာပေးခြင်းမဟုတ်။ သူ့ကိုယ်ပိုင်သတ်မှတ်ချက်စံနှုန်းနဲ့ အဆိုးအကောင်းကို အကဲဖြတ်ပြီး လုပ်ဆောင်ခြင်းဖြစ်သည်။

"မင်းတို့ရှေ့က ထောင်စည်းကမ်းစာအုပ်တွေကို ဖွင့်လိုက်ကြ"

ကျန်းချီကျင်က whiteboard ဆီလျှောက်သွားလိုက်ပြီး marker ကိုယူကာ ထင်ရှားသောစာလုံးများဖြင့် "အရာရှိတွေကို နာခံပါ" ဆိုတဲ့စာလုံးတွေကို ချရေးလိုက်သည်။

နူးညံ့သိမ်မွေ့သော သူ့ပုံစံနှင့်ကွဲလွဲစွာ ကျန်းချီကျင်ရဲ့လက်ရေးလက်သားမှာ ရဲဝံ့ဟန်ရှိပြီး ကြံ့ခိုင်သန်မာလျက်။ ဆွဲချက်တွေက လှပတာကြောင့် စာလုံးတွေက ပိုပြီးခန့်ထည်နေလေသည်။ ဒါပေမယ့် ကျန်းချီကျင်တယောက် တည်ငြိမ်တဲ့သရုပ်ကို ဘယ်လိုတောင်ထိန်းထားရလဲဆိုတာ သူ့ကိုယ်သူပဲ သိသည်။

ကျန့်မင်ယိဆိုတဲ့လူက သူ့စာအုပ်ကို မဖွင့်ထားချေ။ သူ့လက်နှစ်ဘက်က သူ့ခြေထောက်တွေပေါ်ထားထားပြီး သူ့အကြည့်တွေက ကျန်းချီကျင်ရဲ့မျက်နှာပေါ်မှ မခွာပေ။

ကျန်းချီကျင် လူလုံးထွက်ပြလုနီးပါးဖြစ်ခဲ့တဲ့ညက ဒီလိုအကြည့်မျိုးကို ခံစားမိလို့ လိုက်ကာနောက်အချိန်မီဝင်ပုန်းခဲ့ရသေးသည်။ သို့သော်လည်း အခုအခြေအနေက ထပ်ပြီးရှောင်ပုန်းလို့မရတော့ပေ။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now