(၃၃)

496 79 4
                                    

▶▶▶ရှစ်ထ်◀◀◀

လော့ဟိုင်က အသံပြတ်ပြတ်ဖြင့် "ဒီကိုလာခဲ့" ဟု ထပ်ခေါ်ပြန်သည်။

ယွိကွမ်းက ခြေတလှမ်း လှမ်းလိုက်တိုင်း ကျန်းချီကျင်ရှိရာ နောက်သို့ ပြန်ပြန်ငဲ့ကြည့်လေသည်။

ရှစ်ထ်!!

ရုတ်ခြည်း သူ ကိစ္စတခုကို တွေးမိသွားရသည်။ သူ့ရဲ့ idol ပုံရိပ်အတုက ကြာကြာမခံတော့ပေ။ ယွိကွမ်းသည် သူက အွန်လိုင်းပေါ်က သူ့ရဲ့ idol Go နတ်ဘုရားနှင့် မတူသည်ကို မကြာခင်သိသွားလိမ့်မည်ပင်။

ကျန့်မင်ယိက သူ့ရဲ့ idol Go နတ်ဘုရားဖြစ်ကြောင်း ယွိကွမ်းသိပါက......

ကျန်းချီကျင် ဝန်မခံချင်ပေမယ့် ကျန့်မင်ယိ၏သွင်ပြင်နှင့် ဉာဏ်ကောင်းမှုက မိုင်ထောင်ပေါင်းများစွာက ကြည့်လျှင်တောင် "1" ဖြစ်နေလေသည်။ idol ဟု သတ်မှတ်ကိုးကွယ်ထားခြင်းခံရသူဖြစ်ပြီးသည့်အလျောက် ယွိကွမ်းက ကျန့်မင်ယိကို ပိုပြီးစွဲလမ်းတော့မည်လား?။

(T/N::: "1" = အပေါ်ထပ်)

ကျန်းချီကျင်မှာ အတွေးထဲ နစ်ဝင်သွားရသည်။ သူ့ရဲ့ဘော်ဒါကြီး လော့ဟိုင်အဖို့ ခုခံကာကွယ်ရေးအတွက် ကြိုတင်ပြင်ဆင်မှုများလုပ်ထားရန်လိုအပ်သည်ဟု သူ ခံစားလိုက်ရသည်။

နေ့လယ်ခင်းတွင် ကျန့်မင်ယိက ပုံမှန်အတိုင်းပင် စာကြည့်တိုက်သို့ ရောက်လာခဲ့သည်။ ပုံမှန်နှင့်မတူသည်က စာကြည့်တိုက်ထဲတွင် သူကလွဲ၍ အခြားအကျဉ်းသားများမရှိပေ။

စာကြည့်တိုက်တခုလုံး အလွတ်ဖြစ်နေ၏။ ဒါ ပုံမှန်မဟုတ်ကြောင်း မည်သူမဆို ပြောနိုင်ပေသည်။

"ဒီနေ့ တခြားလူတွေက လုပ်စရာတခုခုများရှိနေလို့လား?"

ကျန်းချီကျင်က မေးလိုက်သည်။

"ကိုယ်တော့ မကြားမိဘူး"

ကျန့်မင်ယိသည် ပြတင်းပေါက်အနီး ပထမဆုံးအတန်းတွင် ထိုင်နေဆဲဖြစ်ပြီး ၎င်းတို့ကြားတွင် သုံးလေးမီတာသာ ကွာခြားကာ နှစ်ယောက်သားက မျက်နှာချင်းဆိုင်ဖြစ်သည်။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now