(၃၅)

486 94 2
                                    

▶▶▶ သူတော်ကောင်း◀◀◀

မည်သို့ဆိုစေကာမူ ကျန်းချီကျင်သည် အဆုံးတော့ ကင်းလှည့်အဖွဲ့ကို ခေါ်လိုက်တော့သည်။ ၎င်းတို့သည်လည်း လောင်ကျို့ကို ဘာမှလုပ်၍မရချေ။

တာဝန်ကျအရာရှိက လောင်ကျို့ကို စာမဖတ်လျှင် ထွက်သွားဖို့ပြောသည့်အခါ ၎င်းတို့အားလုံးသည် ချက်ချင်းပင် စာအုပ်စင်မှ စာအုပ်ကိုယ်စီယူလိုက်ကြရာ ထိုအရာရှိလည်း ဘာမှမပြောသာတော့ပေ။

ကင်းလှည့်အဖွဲ့သည် စာကြည့်တိုက်တွင် ဆယ်မိနစ်ခန့်မျှ စောင့်ကြပ်ပေး၏။ လောင်ကျို့နှင့်အဖွဲ့သည်လည်း စာအုပ်ကို ဟိုလှန်ဒီလှန်ဖြင့်လုပ်နေကြပြီး မည်သည့်ပြသနာမျှမလုပ်ကြပေ။ အဆုံး၌ တာဝန်ကျအရာရှိက ကျန်းချီကျင်ကို နှုတ်ဆက်ကာ သူ့ငယ်သားများကို ခေါ်၍ ပြန်ထွက်သွားကြလေတော့သည်။

ကင်းလှည့်အဖွဲ့ထွက်သွားသည်နှင့် လောင်ကျို့တို့အုပ်စုက ခုံများကို အသံမြည်အောင်ပြုလုပ်ကာ ကျန်းချီကျင်ကို စိတ်တိုအောင် အနှောင့်အယှက်ပြုကြသည်။

နှစ်နာရီထိုးသောအခါ လောင်ကျို့တို့အုပ်စု ထွက်သွားကြလေသည်။ သို့သော် အင်္ဂါနေ့တွင် ထိုအတိုင်း ထပ်မံပြုမူကြပြန်၏။ လောင်ကျို့က သူ့နောက်လိုက်များကို ခေါ်လာပြီး ကျန်းချီကျင်အား အနှောင့်အယှက်ဖြစ်အောင် လုပ်ကြသည်။

"ကိုယ် တကယ် သူတို့ကို ထိုးလို့မရဘူးလား?"

ကျန့်မင်ယိမှာ သည်းခံနိုင်သည့်အတိုင်းအတာကိုကျော်လာပြီဖြစ်သည်။ ပြသနာကို အကြမ်းနည်းနှင့် မဖြေရှင်းရန် ကျန်းချီကျင်သာ သူ့ကို သတိမပေးထားပါက လောင်ကျို့ကို သေတဲ့အထိ ရိုက်ပြီးလောက်ပြီဖြစ်သည်။

အမှန်တိုင်းဆိုရလျှင် ကျန်းချီကျင်သည်လည်း သည်းခံခြင်းအဆုံးစွန်ထိ ရောက်နေပြီဖြစ်၏။ လောင်ကျို့ကို အမှန်ပင် ရိုက်ပစ်ချင်သော်လည်း သူ့မှာ ထိုသို့လုပ်ရန် သင့်တင့်သည့် အကြောင်းပြချက်မရှိနေပေ။ အကျဉ်းထောင်ဝန်ထမ်းတယောက်အနေနှင့် အကျဉ်းသားတယောက်က ဒေါသထွက်စေရုံလောက်ဖြင့် သူ့လက်ကို သုံးလို့မရပေ။

ကန့်သတ်နယ်မြေ (ဘာသာပြန်)Where stories live. Discover now